အပိုင်း(၈၄) (ပင်လယ်ဆီရောက်ကြပြီ)

712 125 0
                                    

unicode

ရှားရှားပါးပါကိစ္စပင်။ ချီကျွင်းသည် ဝံပုလွေဘုရင်၏ မက်ဂါစက်ခန်းထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်။ လှုပ်ရှားရခက်သောကြောင့် မွန်းကျပ်သလိုလိုဖြစ်နေသော်လဲ သူ၏အိပ်မောကျနေခြင်းကိုတော့ မထိခိုက်ခဲ့ပေ။ ထိုင်ခုံကို နောက်လှန်၍ရသည်ကလဲ အတော်လေး အဆင်ပြေသွားဟန်ရှိသည်။ ထိုသို့လုပ်၍ရသောကြောင့်လဲ သူအိပ်ပျော်သွားနိုင်ခဲ့သည်ဟု ဆိုရပေမည်။

တုန်ဖန်းရုန်ကတော့ တစ်ညလုံးအိပ်မပျော်ခဲ့ပေ။ လေထုအခြေအနေကို စောင့်ကြည့်ရန်မလိုအပ်သလို အနီး၂ကီလိုမီတာဝန်းကျင်၌ အန္တရာယ်တစ်စုံတစ်ခုရှိလာပါက ဝံပုလွေဘုရင်က အချက်ပေးပြမည်ဖြစ်သော်ငြား မြတ်နိုးရပါသော သူ့ဇနီးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်အပြင် မြို့တော်တွင်လဲဟုတ်မနေသဖြင့် ဂရုတစိုက်နှင့် စောင့်ကြည့်ရန် ကျိနိးသေပေါက်လိုအပ်ပါသည်။ အသက်ကယ်ခါးပတ်ကိုပတ်ထားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်ချီကျွင်းကို မြင်လိုက်ရချိန်တွင် ပထမဆုံးခံစားလိုက်ရသည်က သူ့အပေါ်ထားရှိသော ထိုကောင်လေး၏ ယုံကြည်မှုနှင့်အားကိုးမှုတို့ပင်။ သူ့ဇနီးလေးကိုကြည့်လေလေ ရင်ထဲက ယားကျိကျိဖြစ်လာလေပင်။ ပြဿနာတိုင်းတွင် အလိုက်သင့်နေတတ်သော ထိုကောင်လေးသည် မည်မျှချိုမြိန်လှပါသည်နည်း။

တုန်ဖန်းရုန်က စက်ခန်းအတွင်းမှ အလင်းရောင်ကို လျှော့ချထားရန် ဝံပုလွေဘုရင်အား ပြောထားသဖြင့် ချီကျွင်းနိုးလာချိန်တွင် မနက်၈နာရီကျော်နေပြီဖြစ်ကာ အပြင်ဘက်တွင် လင်းရှင်းနေပြီဖြစ်သည်။ ထထိုင်ပြီးနောက် မျက်လုံးကိုပွတ်သပ်လိုက်ပြီး သူနှင့်မရင်းနှီးသော ကတ်ဝန်းကျင်ကို လိုက်ကြည့်နေမိသည်။ ထို့နောက် ခြေထောက်ကိုလှုပ်လိုက်သောအခါ ထုံကျင်နေသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင်မှ သူသည် စက်ခန်းထဲတွင်ရှိနေသေးကြောင်းနှင့် ဝံပုလွေဘုရင်က လေထဲတွင်ပျံသန်းနေကြောင်း သတိပြုမိလိုက်သည်။ "အိပ်ပျော်နေတုန်းက ဘာမှမဖြစ်တာ။ နိုးလဲနိုးလာရော ခြေထောက်က တော်တော်နာနေပြီ"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now