အပိုင်း(၄၉) (ကျောက်တုံးကမ္ဘာရဲ့အလုပ်တွေက ရှုပ်နေတာပဲ)

1.9K 300 5
                                    

unicode

အမဲသား၊ ကျီးငှက်ဥနှင့် ကြက်သွန်မြိတ်တို့ ရောကြော်ထားသောဟင်းလျာသည် ယိုအိုက်ကို သူပထမဆုံးသင်ပေးသည့် ဟင်းလျာဖြစ်သည်။ ကြက်သွန်မြိတ်သည် ပြန်လည်ရှင်သန်လာသော အဖိုးတန်ဆေးပင်ဖြစ်၍ ဟင်းပွဲမှာ အလွန်အမင်း စည်းစိမ်ခံနေရသလို ခံစားစေသည်။ အနည်းငယ်မျှချက်ထားသော်လည်း အားလုံးကဂရုတစိုက် စားသောက်နေကြပြီး အလွန်သဘောကျနှစ်သက်နေကြသည်။ ထို့ကြောင့်ပင် ချီကျွင်းမှာ အားရပါးရမစားရဲတော့ပေ။

အိမ်အသစ်၏နေရာအကြောင်း ပြောပြကြသောအခါ တုန်ဖန်းချီက သဘောကျ၍ ယိုအိုက်ကမူ အိမ်နှင့်ဝေးလွန်းသည်ဟု ဆိုသည်။ သို့သော် ချီကျွင်းကျောင်းတက်နေစဉ်တွင် ယာယီနေထိုင်မည်သာဖြစ်၍ သူမလက်ခံလိုက်သည်။ ညစာစားပြီးသော်လည်း မမှောင်သေးသဖြင့် ဧည့်ခန်းထဲတွင် လေးယောက်သားအတူထိုင်နေကြပြီး တုန်ဖန်းရုန်ရိုက်ခဲ့သည့် ဖုန်းထဲမှပုံများကို တီဗီနှင့်ချိတ်၍ ပြလိုက်သည်။ အိမ်ကို အလှဆင်မည့်အကြောင်းများကို ဆွေးနွေးခဲ့ကြပြီး နံရံများကို ဆေးအသစ်သုတ်ရန်၊ ပုံစံအားလုံးပြောင်းပစ်ရန်နှင့် ပရိဘောဂများနေရာချရန် အစသဖြင့် အားလုံးကို ပြောဖြစ်ခဲ့ကြသည်။

စွမ်းအားကြီးမားသော ချွေးမလေးကိုကြည့်ပြီး စကားပြောနေရခြင်းက သူ့ကိုပျော်ရွှင်လာစေသည်။ တုန်ဖန်းချီသည် ဤကဲ့သို့ချွေးမလေးရခဲ့၍ စိတ်ကျေနပ်နေမိသည်။ သူ့ဇနီးသည် သူတို့အသိုင်းအဝိုင်းထဲရှိ လူများနှင့် အဆက်အဆံလုပ်ရန် မနှစ်သက်ကြောင်း သူသိပါသည်။ လူတိုင်း၏ပြုမူပြောဆိုပုံထဲတွင် ကံကောင်းမှုနှင့် ကျော်ကြားမှုတို့၏ အရိပ်အယောင်များ ပါရှိဟန်တူသည်။ ထို့ပြင် သူတို့၏လက်ထပ်ပွဲမှာ အိမ်တော်မှလူများ၏ ချီးမြှင့်မှုမခံခဲ့ရသဖြင့် ထိုလူများနှင့်တွေ့ဆုံတိုင်းတွင် ယိုအိုက်သည် အမြဲလိုလို နေရခက်ပေလိမ့်သည်။ ယခုအခါ သူ့တွင် စဉ်းစားချင့်ချိန်တတ်ကာ နာခံတတ်သောချွေးမလေးရပြီဖြစ်သည်။ "ရှောင်ကျွင်း အဖေတို့ကို လိုအပ်တာသာပြောပါ။ ဘာမှစိတ်မပူနဲ့။ အခုမင်းရဲ့ အဓိကအလုပ်က စာကြိုးစားဖို့ပဲ "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now