အပိုင်း (၂၉) (အတန်းစပြီ)

2.3K 391 10
                                    

unicode

နိုးလာသော်လည်း  မှိန်းပြီးထိုင်နေမိသေးသည့်အတွက် မျက်နှာကိုဆွဲလိမ်လိုက်မှ နာကျင်မှုကြောင့် ချီကျွင်းလုံးဝနိုးလာရသည်။  ထို့နောက် ဖုန်းကိုယူ၍ မနေ့ညက အိပ်ရာမဝင်မီ တုန်ဖန်းရုန်ပေးပို့ထားသောစာများကို ကြည့်ပြီး အရူးတစ်ယောက်လို ရယ်မောလိုက်သည်။ အမှန်တကယ်ပင် အိပ်မက်မက်နေခဲ့ခြင်း မဟုတ်ခဲ့ပါပေ။  အခုအချိန်မှစ၍ သူသည် တစ်ယောက်တည်းသမား မဟုတ်တော့ပေ။  ထိုအချိန်မှာပဲ သူ့၏ဖုန်းသည် တုန်ဖန်းရုန်ဆီမှ နောက်ထပ် စာသားမက်
ဆေ့ခ်ျတစ်စောင်ကို လက်ခံရရှိခဲ့သည်။  စာကြောင်းလေးက တိုတိုလေးဖြစ်သည်။

   "အိပ်ရာကထတော့၊ မနက်စာကောင်းကောင်းစားပြီးမှ အတန်းတက်"

သူမနက်စာစားခြင်း မစားခြင်းကို ဂရုစိုက်ပေးသူ မရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။  ဒီမေးခွန်းကို စဉ်းစားပြီးနောက် ချီကျွင်းက ပြုံးလိုက်ပြီး မက်ဆေ့ခ်ျကို ပြန်ပို့လိုက်သည် "မင်းရောပဲ ပြီးတော့ မင်္ဂလာနံနက်ခင်းပါ"

သုံးမိနစ်လောက်စောင့်ပြီးမှ တုန်ဖန်းရုန်ဆီက စာထပ်မလာတဲ့အတွက် ချီကျွင်းက ထရပ်ပြီး ရေချိုးခန်းဆီ ပြေးသွားတယ်။

  မနေ့ညက အတွေးလွန်နေခဲ့သည့်အတွက် မနက်စာလည်း လုံးဝပြင်မထားမိခဲ့ပေ။  တုန်ဖန်းရုန်အတွက် လုပ်ပေးထားသည့် အသားပြားကြော်များ ကျန်နေသေးသော်လည်း ချီကျွင်းသည် မနက်ပိုင်းတွင် ထိုသို့မာကျောသော အရာများကို မစားနိုင်ပေ။  ကြက်ဥစွပ်ပြုတ်တစ်ပန်းကန် ရိုးရိုးရှင်းရှင်းလုပ်လိုက်ပြီး မန်ထိုသီးတစ်လုံးစားကာ မနက်စာကို အပြီးသတ်လိုက်သည်။။

အစာစားပြီးနောက် ကြွင်းကျန်သော အစေ့အဆံများကို ကျောက်တုံးကမ္ဘာအတွင်း ဂရုတစိုက်နှင့် စိုက်လိုက်ပြီး အရင်က စိုက်ပျိုးထားသည့် မျိုးစေ့နှစ်စေ့သည် အညွှန့်မပေါ်သေးကြောင်း  သတိပြုမိသည်။  သူ အနည်းငယ် စိတ်ပျက်သွားသော်လည်း ထိုကိစ္စမျိုးသည် ကံကြမ္မာကိုသာ မှီခိုရပေမည်။

   သိုလှောင်ခန်းပါလည်ဆွဲတစ်ခုရှိသော်လည်း ချီကျွင်းသည် ကျောပိုးအိတ်လေးကို အမြဲလွယ်ထားဆဲဖြစ်သည်။  ချီမိသားစုမှ ထွက်ခွာခါနီးတွင် ချီထျန်းက သူ့အား ထိုလွယ်အိတ်လေးကို ပေးခဲ့တာဖြစ်သည်။  ချစ်ဖို့ကောင်းတဲ့ ထျန်းထျန်းအကြောင်း ကိုတွေးပြီး တုန်ဖန်းရုန်ကိုပါတွေးမိပြီးနောက် သူ့မျက်နှာပေါ်က ရယ်မောစေတဲ့အာရုံကြောတွေအပေါ် ထိန်းချုပ်မှု ပျောက်ဆုံးသွားတော့သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now