အပိုင်း(၄၄) (ဆွေမျိုးများ)

2K 367 5
                                    

unicode

နေ့လည်စာစားချိန်၌ စားပွဲပေါ်တွင် စွပ်ပြုတ်ဘူးတစ်ဘူးထဲသာရှိပြီး ဥများကိုလည်း မတွေ့ရသောအခါ တုန်ဖန်းရုန်မှာ စိတ်ညစ်သွားရသည်။ သို့သော် သူ့အဖေကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်ချိန်တွင် သူ့အဖေကလည်း သေချာစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အသားပြားတစ်ပိုင်းခပ်၍ သူ့အမေ၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

အရှင်သခင်ဗိုလ်ချုပ်မှာ သူ့အဖေ ဘာဖြစ်စေချင်မှန်း သဘောပေါက်ပါသည်။ သူ့အမေကို ထည့်ပေးပြီးနောက် ချီကျွင်း၏ပန်းကန်ထဲကိုပါ ထည့်ပေးလိုက်ပြီး သူ့အဖေကိုပြန်ကြည့်လိုက်သည်။

ချီကျွင်းမှာမူ ယောက္ခမလောင်းများနှင့်အတူ ပထမဆုံးအကြိမ် စားရခြင်းဖြစ်၍ စိတ်လှုပ်ရှားနေသည်။ သို့သော် ယိုအိုက်က သူလုပ်ထားသော ဝက်သားကြော်ကို မြည်းကြည့်လိုက်ချိန်တွင် ပျော်ရွှင်သွားရပြီး စိတ်လှုပ်ရှားနေသည်များလည်း ငြိမ်ကျသွားရသည်။ လက်ရှိအနေအထားအရမူ နေ့စဉ်ဘဝ၌ သူတို့၏သားအပေါ် ဆိုးဆိုးဝါးဝါးဆက်ဆံပုံတော့ မရပါချေ။ ဘုရားရေ ငါဘာတွေလိုက်တွေးနေမိပါလိမ့်....။

အမှန်တိုင်းဝန်ခံရပါသော် တုန်ဖန်းရုန်၏သဘောအရဆိုလျှင် နေ့လည်စာသည် အရည်အသွေး လုံးဝပြည့်မှီပါသော်လည်း အရသာတွင်မူ ဝက်သားပြားကြော်မှလွဲ၍ ကျန်အားလုံးမှာ သာမန်သာဖြစ်သည်။ ပါဝင်ပစ္စည်းများ၏ အရသာအရမူ အားလုံးမှာ အဆင့်မြင့်ထုတ်ကုန်များ ဖြစ်ဟန်တူသည်။

ပြုတ်ထားသော တာကာကီဆိတ်သားမှာ နူးညံ့သော်လည်း ရနံ့မှာထူးခြားပြီး သိုးသားထက် အနံ့ပြင်းသည်။ သို့သော် ထိုအထဲကို နို့ထပ်ထည့်လိုက်ပါက အညှီနံ့ကိုဖယ်ရှားပေးနိုင်လိမ့်မည်။ ထိုနှစ်မျိုးမှာ ရှေးယခင်ကပင် အလိုက်ဖက်ဆုံးဖြစ်ကြသည်။ နွေရာသီတွင် ထိုအသားပြုတ်ကို စားသုံးရန် သင့်လျော်ပြီး ထိုအသားပြုတ်သည် တုန်ဖန်းရုန်၏စွမ်းအားကို မြှင့်တင်ပေးနိုင်မှန်းသိပါက ချီကျွင်းသည် ကျောက်တုံးကမ္ဘာလေးကို ထပ်သတိရသွားပေဦးမည်။

အာရှဝက်မျိုး၏ ခြေထောက်ကိုကင်ထားသည့် ဝက်ခြေထောက်ကင်လည်း ရှိသည်။ ဤကမ္ဘာမှ လူများသည် ဟင်းခတ်ပစ္စည်းအနေဖြင့် ဆားနှင့်သကြားကို သုံးကြကြောင်း သိလာရပြီး သူ့အတွက်မူ ဆားတစ်မျိုးတည်းကိုသာ သုံးခဲ့ရသည်မှာ အတော်ကြာပြီဖြစ်ကြောင်း သတိရသွားမိသည်။ ထိုကဲ့သို့ မပြည့်စုံမှုကြောင့် စိတ်မချမ်းသာဖြစ်သွားရသော်လည်း ထိုအသားမှာ အရသာကောင်းမွန်ပြီး အံ့ဖွယ်ကောင်းလောက်အောင်ပင် အဆီပမာဏမျှမျှတတနှင့် စားချင်စဖွယ်ဖြစ်နေသဖြင့် အားလုံးကိုမေ့သွားခဲ့သည်။ ထိုအသားကိုကင်နေချိန်တွင် ကြက်သွန်ကို ထည့်နိုင်ခဲ့ပါက ပိုကောင်းလိမ့်မည်။ ပဲပိစပ်သာရှိပါက ကြက်သွန်ဖြူနှင့်တွဲစပ်၍ ဆော့လုပ်နိုင်ခဲ့လျှင် ပိုကောင်းလိမ့်မည်။ ကြည့်ရသည်မှာ သူ့အတွက် လေ့လာစရာအများကြီး ကျန်နေသေးပုံပင်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now