အပိုင်း (၈၅) (တို့ဖူး)

1K 151 5
                                    

unicode

အမှန်အတိုင်းပြောရလျှင် ချီကျွင်းအနေဖြင့် နှစ်ဘဝလုံး၌ တို့ဖူးကို တစ်ခါမှမလုပ်ဖူးပေ။ သို့သော် တီဗီထဲတွင်တော့ မြင်ဖူးသည်။ ထို့ကြောင့် ပဲကြိတ်ရည်များကို ကြိုနေရင်းမှ တုန်ဖန်းရုန်က ပင်လယ်ရေထဲမှ အမှိုက်သရိုက်များကို စစ်ထုတ်ပြီးသွားကြောင်းတွေ့လိုက်ရသောအခါ "အလုပ်ဖြစ်မယ်လို့ မထင်ဘူး။ ငါက တစ်ခါမှလဲမလုပ်ဖူးဘူး။ ဒါပေမဲ့ တီဗီထဲမှာတော့ တို့ဖူးဖြစ်လာရင် အတော်လေးအရသာရှိတာ။ ပြီးတော့ ပင်လယ်ရေနဲ့လုပ်တဲ့တို့ဖူးက အရသာလဲအတော်ကွာတယ်။ တို့ဖူးဖြစ်သွားပါစေလို့ ငါတကယ် မျှော်လင့်မိတယ် "

" မလုပ်နိုင်သေးလဲ ကိစ္စမရှိပါဘူး။ ဒီမှာ ပဲတွေရော ပင်လယ်ရေတွေရော အများကြီးကျန်သေးတာပဲ။ ကြိုးစားနေသေးသရွေ့ အောင်မြင်လာမှာပဲ။ ဒါနဲ့ ဒီပဲတွေကိုက သူ့ချည်းသက်သက် ကြိတ်ထားတာလား" တုန်ဖန်းရုန်သည် ပဲနို့ကို ခဏခဏသောက်ဖြစ်ခဲ့ပြီး ပဲနို့လုပ်သည့်အခါတိုင်းတွင်လဲ ချီကျွင်းက ပဲအကျန်များကို အသားနှင့်ရော၍ ပေါင်းပေးတတ်သည်။ ထိုနူးနူးညံ့ညံ့အရသာလေးကို သူအလွန်သဘောကျပါသည်။

" ဒီနေ့တော့ တို့ဖူးရအောင် လုပ်ပေးမှာပါ။ ပဲအကျန်တွေအတွက်ကို ပူမနေနဲ့။ ပစ္စည်းတွေထည့်ထားတဲ့ သက်ကယ်တဲထဲသွားပြီး လေးထောင့်ပုံစံမိုခွက်ကို သွားယူပေးပါလား " အိုးထဲမှပဲရည်များကို ကြည့်လိုက်သောအခါ သိပ်မများသောကြောင့် " တစ်ခုလောက်ဆိုရင်တော့ အဆင်ပြေပြီထင်တယ် "

တို့ဖူးလုပ်နည်းက မရှုပ်ထွေးသော်လဲ ချီကျွင်းက စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ ပဲနို့ရည်များ ဆူပွက်လာသောအခါ ချီကျွင်းက မီးကိုလျော့လိုက်သည်။ ထို့နောက် ပင်လယ်ရေတစ်ခွက်ကို ခပ်လိုက်ပြီး အိုးထဲလောင်းထည့်လိုက်သည်။ ရေခွက်အရွယ်အစားက သိပ်မကြီးသဖြင့် နောက်တစ်ခွက် ထပ်ခပ်ထည့်လိုက်ပြီးနောက် ယောက်ချိုဇွန်းဖြင့် နှစ်ခါလောက် မွှေပေးလိုက်သည်။ ဇွန်းကို မထုတ်ခင်မှာပင် အိုးထဲမှပဲနို့များက စတင်ပြောင်းလဲလာသည်။ "ရုန် ရုန် မြန်မြန်လာ ဒီကိုမြန်မြန်လာဦး "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now