အပိုင်း(၂၃) (မင်းမကြည့်ချင်တဲ့လူတွေ)

2.4K 380 1
                                    

unicode

စစ်ရေးပြသင်တန်းအပြီးတွင် ကျောင်းသားသစ်လေးများကို တစ်ပတ်တာ အနားယူရန် ခွင့်ပေးခဲ့သည်။  ဤသည်မှာ တော်ဝင်မြို့တော်၏ နေရာအနှံ့သို့ သွားရောက်လည်ပတ်ရန် လူငယ်လေးများအတွက် အခွင့်ကောင်းဖြစ်လာသည်။  အပန်းပြေစေရုံသာမက စစ်စခန်းတွင်းခံစားခဲ့ရသည့် ပင်ပန်းမှုတို့ကိုလည်း ပြေလျော့စေနိုင်ရန်ဖြစ်သည်။  အထူးသဖြင့် မျိုးကွဲသန္ဓေပြောင်းလူသားများအပါအဝင် အားကောင်းသော သန္ဓေပြောင်းလူသားများနှင့် နှိုင်းယှဉ်ကြည့်လျှင် သန်စင်လူသားများ၏ ပင်ပန်းမှုကတော့ နည်းလွန်းလှသည်။

  အဲဒီညက အဆောင်ကိုပြန်ရောက်ချိန်မှာ ချီကျွင်း ပထမဆုံးလုပ်ခဲ့တဲ့အရာက တံခါးကိုပိတ်ပြီး ကျောက်တုံးကမ္ဘာလေးထဲကို ဝင်လိုက်တာဖြစ်သည်။  အထူးသဖြင့် ပုံမှန်အစားအစာတွေကို သူ အရမ်းလွမ်းနေမိသည်။  မြေကြီးအစစ်ပေါ်မှာ မတ်တပ်ရပ်ရင်း သခွားသီးကို လှမ်းခူးကာ လက်ဖြင့်သာသုတ်လိုက်ပြီး ပါးစပ်ထဲထည့်ကာ ကိုက်ချလိုက်လေသည်။  သခွားသီး၏ လတ်ဆတ်သောရနံ့သည် လေထုထဲတွင် ချက်ချင်းပျံ့နှံ့သွားသည်။  လျှာမှ အရသာခံဖုများသည် ချိုသောအရသာကို ခံစားရုံသာမက နှာခေါင်းပေါက်များကိုလည်း ထိုရနံ့ဖြင့်သာ လွှမ်းမိုးထားသည်။  ပြီးတော့ ထိုခံစားချက်က သားရဲကမ္ဘာရဲ့ အစားအစာတွေကို တစ်လလောက်စားခဲ့ရတဲ့ သူ့အတွက် ပျော်စရာအကောင်းဆုံး ဟူ၍ပင် အမည်တပ်နိုင်ပါသေးသည်။

  သခွားသီးနှစ်လုံးကို တစ်ထိုင်တည်းစားပြီးနောက် ချီကျွင်းသည် သူ့ဗိုက်ထဲတွင် အနည်းငယ်အေးသွားသဖြင့် အရသာရှိသော စွပ်ပြုတ်တစ်ခွက်ချက်ရန် ဆုံးဖြတ်လိုက်သည်။  စစ်အခြေစိုက်စခန်းမှာ သန်မာတဲ့ သန္ဓေပြောင်းလူသားတွေနဲ့ အခြားသူတွေအတွက် အစားအစာတွေ လုပ်ခဲ့ရတာကြောင့် နေ့တိုင်း အသားတွေပဲစားခဲ့ရပြီး ယခုအခါမှာတော့ သူ ရိုးရိုးအရွက်စွပ်ပြုတ်လေးသာ သောက်ချင်မိသည်။  ထို့အပြင် တုန်ဖန်းရုန် ပေးခဲ့သော ရေနေတိရစ္ဆာန်အသားများကို  ငါးကဲ့သို့ နှပ်ထားရန် ရည်ရွယ်ထားသည်။  အသားနှပ်ဖို့ ဆားရှိပြီး အခြောက်ခံထားပြီးပါက ထိုအသား၏ အရသာကို တုန်ဖန်းရုန် ကြိုက်နိုင်လောက်သည်။ အနည်းဆုံးတော့ ယခုအရသာထက် ပိုကောင်းလာမည်ဖြစ်သည်။ အများကြီးတော့ ပိုဝါးရမှာပေါ့။  ထိုရေနေသားရဲ၏ အသားသည် အရသာအလွန်ကောင်းသည်ဟု ခံစားမိသော်လည်း ၎င်းတွင် အရွတ်မရှိဘဲ သားရေပြားလိုဖြစ်နေပြီး အသားကတော့ နူးညံ့ပြီး ချိုသည်။  "သန်မာတဲ့ သန္ဓေပြောင်းလူသားတွေရဲ့ သွားတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။ "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now