အပိုင်း (၂၄) ( ထပ်ချိန်းတွေ့ကြပြန်ပြီ )

2.4K 365 1
                                    

unicode

အကယ်၍ ချီကျွင်းနဲ့သာ လမ်းမှာတွေ့ခဲ့မယ်ဆိုရင် ချီကျန်းဟာ အိမ်ကနှင်ချခံလိုက်ရတဲ့ ဒီလိုအရိုင်းအစိုင်းအတွက် နှာခေါင်းရှုံ့ပြီး လှည့်ထွက်သွားပါလိမ့်မည်။ ထို့အပြင်
ချီကျွင်းကလည်း ငယ်ငယ်လေးကတည်းက မူလခန္ဓာပိုင်ရှင်ကို အနိုင်ကျင့်ခဲ့တဲ့ ညီလေးလို့ခေါ်တဲ့ အကောင်မျိုးကိုလည်း ဂရုစိုက်နေမည်မဟုတ်ပေ။  ဒါပေမဲ့ လက်ရှိအခြေအနေကတော့ ချီကျန်းအနားမှာ လူနှစ်ယောက်နဲ့ ချီကျွင်းအနားမှာ လူငါးယောက်ရှိနေခဲ့သည်။ ပြီးတော့ ချီကျန်းနဲ့ပါလာတဲ့ နှစ်ယောက်ထဲက တစ်ယောက်က ရှောင်ကျစ်နဲ့ အသိဖြစ်နေခဲ့သည်။

  ကျောက်ရန်ကိုတွေ့တော့ ရှောင်ကျစ်က ထပြီး  နှုတ်ဆက်လိုက်သည်။ သူတို့ နှစ်ယောက်က အတူကြီးပြင်းခဲ့ကြပြီး  ကျောက်ရန်သည် သူ့ထက်တစ်နှစ်ငယ်သော်လည်း သန္ဓေပြောင်းလူသားဖြစ်နေသည့်အတွက် ထိုကောင်လေး ငါးနှစ်သားအရွယ်မှာ သူ့ထက် အရပ်ပိုရှည်ပြီး ပိုသန်သည်။  ကျောက်ရန်ဟူသော ကောင်လေး၏ အားပေးမှုဖြင့် ရှောင်ကျစ်သည် ငယ်စဉ်ကတည်းကပင် ဇွဲရှိသည့်လူတစ်ယောက် ဖြစ်လာခဲ့သည်။  သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အတော်လေး ကောင်းမွန်ပြီး  နှစ်ဖက်မိဘများက အိမ်ထောင်ရေးအကြောင်းပြောသင့်သည့်အချိန်ကို ရောက်နေပြီဟု ခံစားမိသော်လည်း ရှောင်ကျစ်က ၎င်းကို သတိမပြုမိသေးပေ။

    ရှောင်ကျစ်ကိုမြင်လိုက်ရတော့ ကျောက်ရန်၏မျက်နှာပေါ်သည် ချက်ချင်းပျော့ပြောင်းသွားပြီး အပြုံးတစ်ပွင့်ပါ ပေါ်လာသည်။  ရှောင်ကျစ်ကို အရှက်တကွဲမဖြစ်စေချင်သောကြောင့် ယဉ်ကျေးသိမ်မွေ့စွာဖြင့် လူတိုင်းကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ။ ငါ့နာမည်က ကျောက်ရန်ပါ၊ ငါက ရှောင်ကျစ် ရဲ့ သူငယ်ချင်းပေါ့။ ဒီသူငယ်ချင်းတွေက လျှိုဖူ နဲ့ ချင်ကျန်းပါ။ စစ်ရေးပြသင်တန်းမှာ  ရှောင်ကျစ် ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။"

  ယဉ်ကျေးသိမ်မွေ့သော ယောက်ျားသည် လူတို့ကို စိတ်ချမ်းသာစေမည်မှာ သဘာဝကျလှသည်။ ချီကျန်းရောက်လာသဖြင့် သူစိတ်ညစ်သွားသော်လည်ူ ကျောက်ရန်အား ယဉ်ကျေးစွာ ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now