အပိုင်း (၄၃) (မိဘများနှင့်တွေ့ဆုံခြင်း)

2.2K 380 8
                                    

unicode

ကားစတင်ထွက်လာပြီး မကြာမီမှာပင် ချီကျွင်း၏တည်ငြိမ်နေသောစိတ်မှာ စတင်လှုပ်ရှားလာရပြန်သည်။

တုန်ဖန်းရုန်က သူ၏မိဘများမှာ အလွန်ရိုးသားပွင့်လင်းသည်ဟု ပြောခဲ့ပါသော် လည်း သူနှင့်တုန်ဖန်းရုန်တို့မှာ သာမန်သူငယ်ချင်းများမဟုတ်ကြသည်ကို သတိရသွားသောအခါ အေးဆေးမနေနိုင်တော့ပေ။ အကယ်၍ မိဘများက သဘောတူခဲ့ပါမူ သူသည်တစ်စုံတစ်ဦး၏ ချွေးမ သို့မဟုတ် ထိုသို့အဓိပ္ပါယ်ရသော တစ်ခုခု ဖြစ်လာမည် မဟုတ်ပါလော။ သို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ စတင်တုန်ရီလာသည်။ စိတ်သက်သာရာရခြင်းနှင့် လုံးဝဆန့်ကျင်ဘက်ကို ရောက်နေခဲ့ရသည်။ ဘာလို့ဒီလောက်ထိ မြန်မြန် ဆန်ဆန် ကြီးကြီးကျယ်ကျယ်တွေ ဖြစ်ကုန်ရတာလဲ။ မဟုတ်ရင်လဲ သူကပဲ အေးဆေးသမားမို့များလား။

ချီကျွင်း၏လက်ကို ဆွဲကိုင်လိုက်ချိန်တွင် စိတ်လှုပ်ရှားမှုနှင့် စိတ်ရှုပ်ထွေးနေမှုတို့ကို ခံစားလိုက်ရသည်။ ချီကျွင်းသည် သူ၏မိဘများနှင့် ပထမဆုံးစတင်တွေ့ဆုံရမည် မဟုတ်ပါလော။ ထိုကောင်လေး ပူပန်နေသည်မှာ ဖြစ်သင့်ပါသည်။ " အရမ်းစိတ်ရှုပ်နေရင် နောက်မှတွေ့ကြမလား။ လူကြီးတွေက နားလည်ပေးမှာပါ"

ချီကျွင်းက ခေါင်းရမ်းလိုက်ပြီး "ကျိန်းသေတွေ့မှရမှာ။ ငါစိုးရိမ်တာက စစတွေ့ချင်းအမှားလုပ်မိမှာကိုပဲ။ အဲ့အခါကျ ငါ့ကိုယ်ငါ ယုံကြည်မှုနည်းသွားလိမ့်မယ်။ ရုန် ငါ့ကိုအအေးပုလင်းလေး ကမ်းပါလား။ စိတ်ငြိမ်အောင် အေးတာတစ်ခုခု သောက်မှဖြစ်မယ် "

တုန်ဖန်းရုန်က ပြုံးလိုက်ပြီး ကောင်လေး၏ နဖူးကို ထိလိုက်သည်။ "ဟုတ်ပါပြီ ကိုယ်မင်းကို ရေကိုခဲပေးမယ်" ဖန်ပုလင်းကို လက်လွှဲယူလိုက်ရင်း ဘဝကိုပါပြောင်းလဲပေးနိုင်
သည့် တိုက်ခိုက်ရေးစွမ်းအင်ကို သူ့အတွက်သုံးလိုက်သည့်အပေါ် သေချာတွေးနေမိသည်။ ဤသည်မှာ စွမ်းအားကိုဖြုန်းတီးဖြစ်ခြင်းဖြစ်သော်လည်း မိမိ၏ချစ်သူ စိတ်ပျော်အောင် လုပ်ပေးရခြင်းကသာ အရေး ကြီးဆုံးဖြစ်သည်လေ။

ခေတ်ဟောင်းပုံစံရှိသည့် အဆောက်အအုံရှေ့ရောက်လာချိန်တွင် ချီကျွင်းသည် လိုက်ဖက်မှုကို ခံစားလိုက်ရသည်။ အရင်ကမ္ဘာ၌ ခြံဝန်းကျယ်ကြီးကို ပိုင်ခဲ့သည်အထိ မချမ်းသာပါသော်ငြား ထိုခြံဝန်းမှာ သူ၏အတိတ်ကို သတိရသွားစေသည်။ " ရုန် ဒါကမင်းကိုယ်တိုင် ဆောက်ထားတာလား" တော်ဝင်မြို့တော်တွင် ဆန်းကြယ်သောပုံစံမျိုးစုံနှင့် အဆောက်အအုံများကို တွေ့ဖူးပြီး ၎င်းတို့မှာ အလွန်ခေတ်ရှေ့ပြေးကြသည်။ အစ်မယိုလင်း၏ဗီလာနှင့် စီနီယာအစ်မချိုးပေါင်၏ဗီလာတို့့မှာ ခြံဝန်းကျယ်ကြီးထဲ၌ အဆောင်ငယ်များဖြင့် အစီအရီဆောက်ထားသဖြင့် ကြီးကျယ်ခမ်းနားသည်ဟု တွေးမိခဲ့ပါသော်ငြား တုန်ဖန်းရုန်၏အိမ်ကို တွေ့လိုက်ရချိန်တွင် တကယ်ချမ်းသာတဲ့လူက ဘယ်သူလဲဆိုတာ သိသွားရသည်။ ဤသို့ဖြင့် သူ၏စိတ်လှုပ်ရှားမှုများက ထပ်တိုးလာပြန်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now