အပိုင်း(၇၅) (စေ့စပ်ပွဲ)

1.4K 215 6
                                    

unicode

စေ့စပ်ပွဲမတိုင်မီ နှစ်ရက်အလိုတွင် ချီမိသားစုသည် တော်ဝင်မြို့တော်သို့ ရောက်လာကြသည်။ ယိုအိုက်ကမူ ချီကျွင်းအား ထိုသူများနှင့် သွားတွေ့ရန် လုံးဝမပြောခဲ့ပေ။ သူမအနေနှင့် ကျုံးဟွေ့နှင့် ရှောင်ကျွင်းတို့အကြားမှ တွေ့ဆုံမှုကို အတတ်နိုင်ဆုံး လျှော့ချပစ်ချင်မိသည်။ သူမ၏ကလေးနှင့်ပက်သတ်၍ မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်ပါချေ။ သို့သော် ချီထျန်းကိုမူ သူမ၏အိမ်သို့ အလည်ခေါ်ခဲ့ပြီး သားနှင့်ချွေးမတို့ကိုလဲ အိမ်သို့ လာခိုင်းလိုက်သည်။

ထိုနှစ်ရက်အတွင်း၌ ချီထျန်းသည် နေ့တိုင်းလိုလို အံ့အားသင့်စရာများနှင့် ကြုံခဲ့ရသည်။ သူမအတွက် ယိုအိုက်ဝယ်ပေးခဲ့သော လှပသည့်ဆောင်းတွင်းဝတ်အကျီင်္များကို ထိုမျှမဟုတ်ခဲ့ပေ။ ဒုတိယအစ်ကို၏ ဟင်းချက်လက်ရာကို တွေ့လိုက်ရချိန်တွင် လုံးဝမှင်သက်သွားရသည်။

ချီထျန်းအတွက် ချီကျွင်း၏စိတ်ခံစားချက်များက ရိုးရှင်းပါသည်။ ဤကမ္ဘာတွင် ထိုကလေးမကို သူ၏ပထမဆုံးသော မိသားစုဝင်အနေဖြင့် သတ်မှတ်ခဲ့သည်။ မူလချီကျွင်းအပေါ် ချစ်ခင်ပေးခဲ့သော ညီမငယ်လေးကို ကျိန်းသေပေါက် ပြန်စောင့်ရှောက်ပေးရပေမည်။ ချီထျန်းကလဲ စဉ်းစားချင့်ချိန်တတ်ပြီး အပြုအမူကောင်းများရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ချီမိသားစုကဲ့သို့ အနေအထားမျိုး၌ ထိုကလေးမလေးက ရှားရှားပါးပါး ရတနာလေးပင်။ ထို့ကြောင့် သူ့စိတ်ထဲတွင် ချီထျန်းနှင့်ပက်သတ်ပြီး အစွန်းအထင်းမရှိခဲ့ပေ။

ညီမဖြစ်သူ နံဘေးတွင်ရှိနေသည့် ထိုနှစ်ရက်အတွင်း ချီကျွင်း၏စိတ်နှလုံးမှာ များစွာသက်သာရာရခဲ့သည်။ သို့သော် တုန်ဖန်းရုန်နှင့် အတူရှိသည့်ညအချိန်များတွင်မူ ငြင်းခုန်ရသည်များလဲ ရှိပါသည်။ သို့သော် စေ့စပ်ပွဲနှင့်ပက်သတ်သော ကိစ္စများမဟုတ်ဘဲ ချိုးရှုယူလာပေးသော စာအုပ်ထဲမှ အကြောင်းအရာများကြောင့်ပင်။

ချိုးပေါင်ပြောပြခဲ့သော အကြောင်းကိုလဲ ထိုစာအုပ်ထဲ၌ ရှာတွေ့ခဲ့သည်။ အချက်အလက်များက သိပ်မတိကျသည့်အပြင် မည်သည့်အချိန်ကာလက မှတ်တမ်းတင်ထားခဲ့မှန်းမသိသော်ငြား ထိုအပင်ကိုမူ စပါးပင်ဟု မှတ်တမ်းတင်ထားပါသည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now