အပိုင်း (၇၂) (မိသားစုတွေ့ဆုံပွဲ)

1.1K 191 3
                                    

unicode

စပါးခင်းကို မြင်လိုက်ရသောကြောင့် ချီကျွင်းသည် စပါးနှံများကို သေသေချာချာ ဓာတ်ပုံရိုက်လိုက်သည်။ ကင်မရာများကို ကျောက်တုံးကမ္ဘာထဲတွင်လဲ သုံးလို့ရသော်ငြား အပြင်ယူထုတ်လိုက်သောအခါ ဓာတ်ပုံထဲတွင် ဘာမှမရှိတော့ပေ။ ဒီတစ်ကြိမ်ကတော့ ကွဲပြားနေသည်။ ထို့ကြောင့် ချိုးရှုအား ဥယျာဉ်အတွင်းမှ ရှုခင်းများကို အပြင်သို့ ဖြန့်နိုင်မလားဆိုတာကိုလဲ မေးမြန်းလိုက်သည်။ မဟုတ်ပါက ပါမောက္ခများကို ပြန်ပြနိုင်မည် မဟုတ်ပေ။ လက်ရှိအချိန်တွင်တော့ သူသည် စိတ်သက်သာရာရနေပြီး တက်ကြွသည်။ ဆန်နှင့်ပတ်သက်သော ရှေးဟောင်းမှတ်တမ်းများ ထပ်မံတွေ့ရှိပါက ပါမောက္ခ သုံးဦးကို ဆွဲဆောင်နိုင်မည်ဟု သူတကယ်ထင်သည်။ မည်သူ့ပင်ဖြစ်စေ ထိုသူတို့သည် သူ၏လက်ရာကို လုံးဝအသိအမှတ်ပြုထားဆဲ မဟုတ်ပါလော။

ချီကျွင်းက ရွှေရောင်မြေခွေးမြှီးမြက်ကို အလွန်အမင်းသဘောကျနေကြောင်းတွေ့လိုက်ရသော ချိုးပေါင်က "ရှောင်ကျွင်း နင်က မြေခွေးမြှီးမြက်ကို ဘာလို့ အရမ်းသဘောကျနေရတာလဲ"

ချီကျွင်းက အကြောင်းပြချက်တစ်ခုကို ခဏလောက်စဉ်းစားလိုက်ပြီး နောက်မှာတော့ စာပေအထောက်အထားကို ရှာမတွေ့မချင်း ထိုအကြောင်းကို မပြောဖို့ ဆုံးဖြတ်လိုက်သည်။ "လှတယ်လေ အပင်လေးတွေတစ်ပင်ချင်းစီက လှတယ်လို့ အစ်မမထင်ဘူးလား" ချီကျွင်း ထိုအကြောင်းပြောနေချိန်၌ သူ့လျှာကိုသာ ကိုက်ချလိုက်ချင်သည်။ ဒီစကားက ဘာကြောင့် သိပ်မဆီလျော်သလို ခံစားနေရတာလဲ။

ချိုးပေါင်သည် မြေခွေးမြှီးမြက်ပင်ကို အသေးစိတ် မကြည့်ခဲ့မိပေ။ အနီးကပ်ကြည့်ပါက အမှန်တကယ် စိတ်ဝင်စားဖို့ကောင်းပေလိမ့်မည်။ "ဒါလေးကို ဘာလို့ရင်းနှီးနေလို ခံစားနေရတာလဲ။ အစ်ကိုရေ့ ဒီကိုလာပါဦး"

ချိုးရှုသည် သူ့ညီမ၏ခေါ်သံကိုကြားလိုက်ရသာအခါ အမြန်ပြေးသွားလိုက်သည် "ဘာကိစ္စရှိလို့လဲ၊ မင်းအစ်ကိုကြီးကို ဘာအကြောင်းကြောင့် လိုအပ်တာလဲ"

ချိုးပေါင်၏ နှုတ်ခမ်းစွန်းများက တွန့်သွားကာ "ငါ့အတွက် ဒီပုံစံတွေက သာမာန်ပဲ၊ အစ်ကို့ကို ရိုက်ချင်ပေမဲ့ ငါတကယ် မရိုက်နိုင်ဘူးလေ၊ ဒါကို ကြည့်ကြည့်လိုက်၊ လွန်ခဲ့တဲ့ရက်တုန်းက အိမ်ကိုခိုးလာခဲ့တဲ့ ရှေးဟောင်းစာအုပ်ထဲက အရာနဲ့ ခပ်ဆင်ဆင်တူတယ်လို့ ခံစားရတယ်။ အဲဒါကို တွေ့လား"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now