အပိုင်း (၄၂) (ဆွဲဆောင်မှုရှိတဲ့လက်ဆောင်)

1.9K 335 2
                                    

unicode

ဆယ်မိနစ်စောပြန်မည့်အကြောင်း ပါမောက္ခကိုပြောလိုက်ချိန်တွင် သုံးယောက်စလုံးက ဘာကြောင့်လဲဆိုတာ သဘောပေါက်လိုက်သည်။ ယခုအခါ တုန်ဖန်းရုန်နှင် သူတို့သည်တစ်ဖွဲ့တည်းဖြစ်၍ ထိုကောင်လေးကို အဘယ်ကြောင့်ပေးမသွားရမည်နည်း။ ချီကျွင်းမထွက်သွားခင် ပါမောက္ခဝမ်မှ ချီကျွင်းတွင်ပြည့်စုံသော ဆက်နွယ်မှုရှိကြောင်း ကျန်၈ဦးကို ပြောပြလိုက်ပြီး ကောလဟာလများမဖြစ်ရန် ကြိုတင်ရှင်းထားလိုက်သည်။ သူတို့ဌာနတွင် ထိုသို့အရည်အချင်းရှိသူကို လိုအပ်နေပြီး တစ်ဦးတစ်ယောက်မှ ဖြတ်ခုတ်သွားပါက ကြီးမားသောနစ်နာမှုကြီးကို ခံစားရပေလိမ့်မည်။

နှစ်ပတ်ခန့်သာ အတူရှိဖူးသော်လည်း ချီကျွင်းအပေါ် အားလုံးက ချစ်ခင်ကြလေသည်။ ထိုကောင်လေးသာ ဤဌာနတွင်ရှိပါက သူတို့၏နေ့လည်စာမှာ အလွန်အဆင်ပြေနေမည် မဟုတ်ပါလော။ ထို့ကြောင့်ချီကျွင်းသည် ရှေးဆေးပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ပါမောက္ခများပြီးနောက် ဌာန၏မရှိမဖြစ်ဟုပင် ဆို၍ရနိုင်သည်။ ထိုကောင်လေးက သူတို့နှင့်အတူရှိသရွေ့ ကံကောင်းမှုသည် တည်ရှိနိုင်သဖြင့် ထိုလျှို့ဝှက်ချက်သေးသေးလေးလောက်ကို ထိန်းထားပေးနိုင်ပါသည်။ လူတိုင်းက မနာလိုပါသော်ငြား ဤကဲ့သို့ကိစ္စမျိုးမှာ လက်ခံရပေလိမ့်မည်ဖြစ်၍ မနာလိုပင်မဖြစ်နိုင်ကြတော့ပါချေ။ ထို့ကြောင့် မနာလိုမှု မုန်းတီးမှုများသည် ကျောင်းသားများ၏ နှလုံးသားထဲဝယ် မပေါက်ဖွားနိုင်ခဲ့ချေ။

ဌာန၏တံခါးဆီ လျှောက်လာသောအခါ တုန်ဖန်းရုန်၏ ပုံရိပ်ကိုလှမ်းမြင်လိုက်ရသည်။ ပါမောက္ခ၃ဦးအား မည်သို့ပြောလိုက်၍ ယခုကဲ့သို့ လှလှပပအပြီးသတ်သွားရသည်ကို သူသိချင်မိသည်။

ချီကျွင်းကို တွေ့လိုက်ရချိန်တွင် တုန်ဖန်းရုန်က ချက်ချင်းလှမ်းပြောလိုက်သည်။ " ဒီနေ့တော့ ကိုယ်နဲ့လိုက်ခဲ့ပါလား"

ချီကျွင်းကလည်း ချက်ချင်းငြင်းလိုက်သည်။ "မရဘူး။ လက်ဆောင်ပြင်ရဦးမယ်။ မနက်ကျမှ ကျောင်းအပြင်မှာတွေ့မယ် "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now