အပိုင်း ( ၆)(ကျောက်တုံးထဲမှာနောက်ထပ်ကမ္ဘာတစ်ခုရှိနေတယ်)

3.4K 508 6
                                    

Unicode

ကောက်ရိုးဖျာဘေးမှာ ဘာဖိနပ်မှ ရှိမနေတာကြောင့် ချီကျွင်း ခြေထောက်ဗလာနဲ့ပဲ မတ်တပ်ရပ်လိုက်ရသည်။  ခေါင်းနည်းနည်းမူးလာသလို ခံစားလိုက်ရတာကြောင့် နဖူးကိုအသာလေး လက်ဖြင့်ကိုင်လိုက်မိသောအခါ "ဟင်  အမာရွတ်က အရမ်းပူနေပေမဲ့ သူ့ဘေးကအရေပြားတွေကျ ဘာမှဖြစ်မနေဘူး။  အိပ်မက်ထဲက ကျောက်တုံးက သူ့ခေါင်းထဲကို တကယ်ဝင်သွားတာ ဖြစ်နိုင်ပါ့မလား။  ဒါမှမဟုတ် အိပ်မက်မက်နေတုန်းလား။  ဒါမှမဟုတ်...ဒဏ်ရာနောက်တစ်ခု ထပ်ရမှာစိုးလို့ မသိစိတ်ကတုံ့ပြန်တဲ့ သဘောလား။"

"ဒီနေရာကရော ဘာကြီးလဲဟ"  ဒီအခန်းထဲက ဝါးနဲ့လုပ်ထားတဲ့ ပရိဘောဂအကြမ်းထည်တွေနှင့် ကြမ်းပေါ်မှာခင်းထားတဲ့ ဖျာကို ကြည့်နေရင်း သူက စိတ်ရင်းမှန်နှင့် "ငါပြန်ချင်တယ်"ဟု တိုးတိုးလေးပြောလိုက်သည်။ ထူးဆန်းသောထိုကမ္ဘာတွင်တော့ သူ့ဘဝအဆင့်အတန်းသည် ဤနေရာထက် ပို၍ ကောင်းမွန်ပေလိမ့်မည်။

မမျှော်လင့်ဘဲ ဒီစကားကို သူပြောပြီးပြီးချင်းမှာပင် သူ့မျက်လုံးထဲမှာ ရုတ်တရက် မှောင်သွားပြီး ပြန်လင်းလာဖို့  ခဏကြာ စောင့် ဆိုင်းပြီးနောက် အိပ်ဆောင်ထဲမှာ ကုတင်ပေါ်မှာ မတ်တပ်ရပ်နေသည့် သူ့ကိုယ်သူ ပြန်တွေ့လိုက်ရသည်။

ချီကျွင်း ရုတ်တရက် သူ့ကျောပြင်မှာ အေးစက်သွားသလိုလို ခံစားလိုက်ရပြီး ကြက်သီးများပါထသွားသည်။  သူ့ခေါင်းထဲတွင် ချာချာလည်နေပြီး အခုလေးတင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တွေကို  ပြန်တွေးနေမိသည်။  ခဏကြာတော့ သူ အိပ်ရာပေါ်ကနေ ခုန်ဆင်းပြီး ရေချိုးခန်းထဲ ပြေးဝင်ကာ မှန်ထဲမှာ သူ့မျက်နှာကို သေသေချာချာ ကြည့်လိုက်သောအခါ သူ့နဖူးပေါ်က အမာရွတ်က တကယ်နီရဲနေတာကို တွေ့လိုက်ရတော့ အံ့သြသွားသည်။  သူလက်နဲ့ထိကြည့်လိုက်သောအခါတွင် ထိုနေရာမှာ ပူနေဆဲဖြစ်သည်။  "ဘုရားရေ...."

  ရေပိုက်ခေါင်းကိုဖွင့်လိုက်ကာ ချီကျွင်းက ရေအေးနဲ့ ခဏလောက်ဆေးချလိုက်ပေမယ့် သူ့နဖူးပေါ်က အမာရွတ်က ပူနေဆဲပင်။  သူခေါင်းနောက်တာမျိုး ထပ်ဖြစ်လာရင် ဒီပြဿနာကိုဖြေရှင်းဖို့ ကျောင်းဆေးရုံကို သွားသင့်တယ်လို့ ခံစားလာရသည်။"  ဒါပေမယ့်... ဒီကျောက်တုံးလေးကို အရင်ဘဝက ကောက်ခဲ့တာ မဟုတ်ဘူးလား။  အင်း   ခဏနေဦး။ ကောက်ရတဲ့ပစ္စည်းတင်တဲ့ကောင်တာနဲ့ သူ့ခေါင်းဆောင့်ခဲ့တာမဟုတ်လား။ ဒါကြောင့်   ကျောက်တုံးပေါ်က သွေးတွေဟာ သူ့သွေးတွေလား။  ပြီးတော့ သူ့ဝိညာဉ်က ဟိုဘက်ကမ္ဘာကချီကျွင်း ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားရတာကကော ဒီကျောက်တုံးလေးကြောင့်လား။"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now