အပိုင်း (၁၉) (ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်ကြမယ်)

2.8K 425 8
                                    

Unicode

နောက်ဆုံးတော့ ကောင်မလေးက "ငါ သဘောပေါက်ပါပြီ။ မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းပြောပြီး ထွက်သွားသည်။

  ထွက်သွားချိန်မှာ ကောင်မလေးက အရမ်းဝမ်းနည်းနေတယ်ဆိုတာကို မြင်လိုက်ရလို့ ချီကျွင်းစိတ်ထဲက စိတ်မသက်မသာ ခံစားလိုက်ရသည်။  ဒါပေမဲ့ သူ့ကိုစိတ်ကူးပေးယဉ်ထားတာထက် တိုက်ရိုက်ငြင်းလိုက်တာက ပိုကောင်းမဟုတ်လား။ ကိစ္စတွေရှင်းကုန်ပြီလို့ သူထင်ပေမဲ့ တစ်ခုခုကျန်နေသေးပုံပဲ။

  တုန်ဖန်းရုန်သည် အပြင်ကို မသိမသာ ခေါင်းလေးစောင်းပြီးကြည့်နေတဲ့ ချီကျွင်းကိုမြင်လိုက်ရတော့ သူ့စိတ်ထဲ ချက်ချင်းနေလို့ကောင်းသွားတာကို ခံစားလိုက်ရသည်။  "ချီကျွင်း"

"အာ"  သူ့အတွေးတွေကနေ ပြန်ရုန်းထွက်လိုက်ပြီး ချီကျွင်းက ခေါင်းကို လှည့်ကာ"ဘာကိစ္စရှိလို့လဲ"

"ခုနကပြောခဲ့တာက ငါမင်းကို သဘောကျတယ်လို့ ပြောတာ"  တုန်ဖန်းရုန်က ခပ်တည်တည်နှင့်ပြောလိုက်သည်။

ချီကျွင်း ခဏလောက် အံ့အားသင့်သွားသည်။  "မင်း သူမကို ငြင်းဖို့ ဒီအတိုင်းပြောလိုက်တာမဟုတ်ဘူးလား။"

တုန်ဖန်းရုန်သည် သူ့လက်ကို မြှောက်လိုက်ကာ အတော်ကြာစဉ်းစားလိုက်ပြီးမှ ချီကျွင်းရဲ့ခေါင်းကို ပွတ်ပေးလိုက်သည်။  ရှောင်ကျွင်းသည် လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက သူကယ်တင်ပေးခဲ့သည့်အချိန်ထက် ယခုပို၍ ချစ်ဖို့ကောင်းလာသည်။  သူများတွေရဲ့ အနိုင်ကျင့်တာကို ပြန်ရင်ဆိုင်တတ်တဲ့ လက်ရှိရှောင်ကျွင်းကို သဘောကျမိသည်။  "သူမကိုတွေ့မယ်လို့ မင်းမဆုံးဖြတ်ခဲ့ရင် ကိစ္စမရှိဘူးပေါ့၊ ငါ အခုရင်ထဲရှိတဲ့အတိုင်း ပြောခဲ့တာ။ အစကတော့ မင်းကို နောက်ထပ်လအနည်းငယ်ကြာမှ ဖွင့်ပြောဖို့ စိတ်ကူးထားတာ။"

  ချီကျွင်းက သူ့လက်မောင်းကို ဆွဲဆိတ်လိုက်ပြီး "အာ့...နာလိုက်တာ"    "ဘယ်လိုဖြစ်ပြီး"

"မင်း ငါ့အနားမှာ ရပ်တည်နိုင်အောင် ကြိုးစားမယ်လို့ မင်းအရင်ပြောခဲ့တယ်လေ။ ငါ အဲဒါကို မှတ်မိတယ်။"  စကားပြောပြီးနောက် တုန်ဖန်းရုန်သည် ချီကျွင်း၏မျက်နှာလေးကို မကြည့်နိုင်ဘဲ မနေနိုင်တော့ပေ။  နဖူးပေါ်က အမာရွတ်က ထင်သာမြင်သာရှိပေမယ့် ဒါဟာ သာမန်ကိစ္စကြောင့်လို့ မထင်ခဲ့ဘူး။  ဒါပေမဲ့ ဒီအမာရွတ်က ဘယ်လိုဖြစ်တာလဲဆိုတာ တိတ်တိတ်လေးစုံစမ်းကြည့်ဖို့လိုတယ်လို့ သူတွေးလိုက်မိသည်။  ခုနက အမျိုးသမီးက သူမြင်ချင်နေတဲ့လူမဟုတ်သလို နိုင့်ထက်စီးနင်းဆန်တဲ့ အပြုအမူက သူ့အတွက် အတော်လေး စက်ဆုပ်ရွံရှာဖွယ်ကောင်းပေမဲ့ ထိုမိန်းကလေးရဲ့မိသားစုအတွက် အကျိုးခံစားခွင့်တွေပေးနိုင်မဲ့ လူတစ်ယောက်ကိုရှာတွေ့လိမ့်မည်ဟု သူယုံကြည်နေဆဲဖြစ်သည်။  အနည်းဆုံးတော့ ရှောင်ကျွင်းအတွက် အခက်အခဲတွေကို ဖြေရှင်းပြီးသား ဖြစ်သွားသည်။ မိသားစုကြီးက လူတွေရဲ့ လုပ်ဆောင်ချက်သေးသေးလေးတွေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ တည်ရှိမှုကို ရှေ့တန်းတင် ဖော်ပြထားတာက ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်သည်။  အရင်က အရေးမကြီးပေမယ့် အခုက နဂိုအတိုင်း နေလို့မဖြစ်တော့ပေ။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now