အပိုင်း(၃၇) (အန်တီချိုးရဲ့လျှို့ဝှက်ဟင်းလျာ)

2.1K 345 2
                                    

unicode

       အိုးထဲရှိ ငရုတ်ပင်၏ကြီးထွားမှုကို တွေ့လိုက်ရသော တုန်ဖန်းရုန်မှာလည်း အံ့သြသွားရသည်။ ချီကျွင်းကဲ့သို့ ကနဦးပိုင်းလေ့ကျင့်သူအနေဖြင် ဤသို့ကိစ္စမျိုးမှာ လုံးဝအံ့မခန်းပင်။ သူ၏လက်တွဲဖော်လေးတွင် အပင်များကို ကြီးထွားစေနိုင်သောစွမ်းအား ရှိနေရုံပင်မကဘဲ ထိုစွမ်းအားကလည်း အလွန်အားကောင်းပုံရသည်။ ဤကဲ့သို့ဖြစ်ရပ်မျိုးကို မည်သည့်စိုက်ပျိုးရေးနယ်ပယ်တွင်မှ ရှာမတွေ့နိုင်ပါပေ။ သဘာဝလွန်စွမ်းအားပိုင်ရှင်များ တဖြည်းဖြည်းနည်းပါးလာချိန်တွင် ထိုကောင်လေး၏လုပ်နိုင်စွမ်းကို လူအများသိသွားပါက နိုင်ငံတော်မှပင် အကောင်းဆုံးမြေဆီလွှာများနှင့် လိုအပ်သောအထောက်အပံ့များကိုပါ ပံ့ပိုးပေးလိမ့်မည်ဖြစ်ပြီး အခွင့်အရေးကောင်းများစွာလည်းရနိုင်လိမ့်မည်။ သို့သော် ထိုကောင်လေး၏လွတ်လပ်မှုတွေကတော့ ပျက်စီးသွားပေလိမ့်မည်။

  တုန်ဖန်းရုန် အနည်းငယ်မျှ စိတ်ရှုပ်သွားရပြန်သည်။ အကယ်၍သူ့တွင်သာ ဗိုလ်ချုပ်တစ်ယောက်၏စစ်မှန်သောအာဏာရထားလျှင် ထိုကောင်လေးကိုကာကွယ်ပေးနိုင်မည်ဖြစ်သော်လည်း ထိုနေ့မှာအလှမ်းဝေးနေသေးသည်။ ချီကျွင်း၏စွမ်းအားအကြောင်းကို ဘယ်လောက်ကြာကြာအထိ ဖုံးထားနိုင်မလဲဆိုတာကိုလဲ သူမသိတော့ပေ။

   အံ့သြနေရာမှ မျက်မှောင်ကြုတ်လိုက်သော တုန်ဖန်းရုန်ကြောင့် ချီကျွင်းနောင်တရသွားသည်။ "ဘာပြဿနာရှိလို့လဲ။ တစ်ခုခုလွဲနေလို့လား "

  တုန်ဖန်းရုန်က ခေါင်းယမ်းပြလိုက်ကာ အိုးကိုလှမ်းယူလိုက်ပြီး ဘေးတွင်ချထားလိုက်သည်။ ထို့နောက်ချီကျွင်း၏လက်လေးကို ဆွဲယူလိုက်ပြီး "ပင်ပန်းသွားသလို ခံစားနေရလား"

   ချီကျွင်းသည်လည်း ခေါင်းယမ်းပြလိုက်သည်။ "ဟင့်အင်း ... အစောပိုင်းလေးကပဲ တရားထိုင်လိုက်တာ။ ငရုတ်ပင်ကိုတောင် ပုံမဖော်ကြည့်မိပါဘူး။ ငါကအလုပ်မဖြစ်ဘူးထင်ပေမဲ့ မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာ ဒီလိုဖြစ်နေတာကိုတွေ့လိုက်ရတာပဲ။ တကယ်တော့ ငါ့အာရုံထဲမှာ အစိမ်းရောင်အလင်းတန်းကို မြင်လိုက်ရတယ်။ အလင်းစက်လေးက အောက်ကိုကျလာပြီ တဖြည်းဖြည်းဖြာကျနေပုံက အရမ်းလှတာပဲ"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now