အပိုင်း(၅၁) (တုန်ဖန်းချွမ်း)

1.7K 291 2
                                    

unicode

ငါးသလောက်နှင့် ပက်သတ်၍ ဗိုလ်ချုပ်မှာ အကြီးအကျယ် စိတ်ကျေနပ်နေလေသည်။ လတ်ဆတ်ပြီး အရသာလေးလေးပင်ပင်ရှိသော ထိုငါးသည် နူးညံ့လွန်းသဖြင့် ဝါးမစားရတာတောင်မှ သူသဘောကျနေမိသည်။ ချီကျွင်းသာ ဆက်ပြီးဤကဲ့သို့ ချက်ကျွေးနေပါက သူ၏စရိုက်များက ထပ်တောင့်ခံနိုင်မည် မထင်ပေ။ အစပိုင်းတွင် အစားအသောက်နှင့် ပက်သတ်လာလျှင် အလွန်ဗီဇာကြောင်ခဲ့သော်လည်း သူ့ဇနီးလေးနောက် လိုက်သည့်အချိန်မှစ၍ ထိုအမူအကျင့်မှာလည်း နည်းသထက်နည်းလာခဲ့လေသည်။

"ရှောင်ကျွင်း....ဘာလို့ ငါးကို ဒီနာမည်ပေးထားတာလဲဟင် "

ထိုအမေးအတွက် ချီကျွင်းတွင်လည်း အဖြေမရှိပါချေ။ အရင်ဘဝတုန်းက စား သောက်ဆိုင်တွင် တခါမှာစားမိရင်း သဘောကျ
သဖြင့် အင်တာနက်တွင် ချက်နည်းကိုရှာပြီး လုပ်စားကြည့်ဖူးရုံသာဖြစ်သည်။ " ဒါကလေ အရမ်းအရသာရှိလွန်းတာ လူတွေကို အရူးအမူးဖြစ်စေတဲ့ စားစရာပဲ" သူပြောသည့်စကားက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သားရဲကမ္ဘာတွင်မူ ထိုစကားကို အတည်ပြုရန် နည်းသူ့တွင် မရှိပါချေ။

တုန်ဖန်းရုန်က ခေါင်းငြိမ့်ပြလိုက်ပြီး ချီကျွင်း
၏ လက်မောင်းကို လှမ်းဆွဲကာ မျက်နှာကိုလက်ဖဝါးနှစ်ဖက်နှင့် ကိုင်လိုက်ပြီး နှုတ်ခမ်းလေးအား နမ်းရှိုက်လိုက်သည်။ ဤသည်က သာမန်အနမ်းတစ်ပွင့်မဟုတ်ဘဲ နက်ရှိုင်းလွန်းလှပါသော အနမ်းတစ်ပွင့် ဖြစ်ခဲ့ရသည်။ ထိုကောင်လေးကို နမ်းနေချိန်တွင် တုန်ဖန်းရုန်သည် သူ့ဆန္ဒများကိုလည်း မြိုချနေရသည်။ သူ့ဇနီးလေးက အရသာမှာ အကောင်းမွန်ဆုံး မဟုတ်ပါလော။

ထိုအချိန်တွင် ချီကျွင်းမှာလည်း မြိုချခံနေသကဲ့သို့ပင် ခံစားနေရသည်။ အသက်ရှုမကြပ်သေးပါသော်လည်း သူအတော်လေး ကြောက်လန့်နေပြီဖြစ်သည်။ ဗိုလ်ချုပ်မှာ ရူးနေသည့်အတိုင်းပင်။ အစားစားနေရင်းတန်းလန်းနှင့် မည်သူကများ ပြင်သစ်အနမ်းကို အလွန်အမင်းကျွမ်းကျင်စွာဖြင့် နမ်းနိုင်ပါမည်နည်း။

ဘုရားသခင်နှင့် တမန်တော်များ အကျွန်ုပ်အား ကယ်မတော်မူပါ။ စားသောက်နေရင်းနှင့် ထိုဘက်ဆီ အဘယ့်ကြောင့် ရောက်သွားရပါသနည်း။ ငါးသလောက်ထဲက ပါဝင်ပစ္စည်းတစ်ခုခုကများ သန်မာသော သန္ဓေပြောင်းလူသားတို့၏ ချစ်တင်းနှောချင်စိတ်ကို သက်ရောက်စေပါသလော။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now