အပိုင်း(၉၃) (ကျောက်တုံးကမ္ဘာလေးကိုစစ်ဆေးခြင်း)

677 97 0
                                    

UNICODE

အပင်များကို ကြီးထွားစေနိုင်သောစွမ်းအင်၏ အမြင့်ဆုံးအဆင့်သည် အပင်များကိုသာမက တိရစ္ဆာန်များကိုပါ ထိန်းချုပ်နိုင်ခြင်းပင်။

အဖြူရောင်အလင်းတန်းလေးသည် မာရုခိုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဟု တုန်ဖန်းရုန် ခန့်မှန်းလိုက်သည်။ သို့သော် ချီကျွင်းထံတွင် ရေသတ္တဝါများကို ထိန်းချုပ်နိုင်သည့်စွမ်းအားရှိရန် မလိုအပ်ပါပေ။ ထိုအကြောင်းများကို စွမ်းအားစစ်ဆေးပြီးမှသာ ပြောရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ချီကျွင်း၏အခြေအနေ ပြန်ကောင်းလာပြီး ဘောလုံးလေးသည်လဲ အဆင်ပြေသဖြင့် စိတ်သက်သာရာရခဲ့သည်။

ချီကျွင်းကမူ အိမ်အတွက် စိတ်ပူနေဆဲပင်။ သက်ကယ်တဲများကို အဆင့်မြှင့်ထားသောကြောင့် ပို၍ခိုင်ခန့်မည့်ပုံတော့ ပေါက်ပါသည်။ အဆင့်မြှင့်ပြီးပါက အိမ်ထဲတွင် ပြောင်းလဲသွားမည်ဟု အညွှန်းထဲတွင် သူဖတ်ဖူးသည်။

တဲတိုင်း၏ အခြေအနေများက ပြောင်းလဲသွားသည်။ သုံးမရသောတဲပင်လျှင် အိပ်ခန်းနှစ်ခန်းနှင့် ရေချိုးခန်းပါသော အိမ်အဖြစ်ပြောင်းလဲသွားသည်။ အခန်းထဲတွင် အိပ်ရာတစ်ခု၊ ဘီဒိုတစ်လုံး၊ စားပွဲနှင့်ကုလားထိုင်တို့အပြင် ဒေါနပန်းအိုးနှစ်အိုးပါ ရှိလေသည်။ ရိုးရှင်းသော်ငြား အိပ်ခန်းနှင့်တူပြီး ယခင်က မြေကြီးပေါ်တွင် ကောက်ရိုးဖြာခင်း၍ လှဲရသည်ထက် ပိုကောင်းပါသည်။ အပြင်ဘက်တွင် ဧည့်ခန်းရှိပြီး ထောင့်လေးခုတွင် ရတနာသေတ္တာများရှိသည်။ လက်ရှိအချိန်တွင် အထဲ၌ဘာမှမရှိသေးဘဲ အလိုအလျှောက်ပေါ်လာမည်လား ကိုယ်တိုင်စီမံရမည်လားကိုလဲ သူမသိပေ။ အပြင်ဘက်တွင် အခန်းငယ်လေးတစ်ခုရှိသေးပြီး ထိုအခန်းလေး၏ ဘယ်ဖက်ခြမ်းတွင် လူခြောက်ယောက်ခန့် ရေအတူချိုးနိုင်သော ရေချိုးကန်ရှိပြီး ညာဖက်တွင်မူ သန့်ရှင်းသောအိမ်သာတစ်ခု ရှိသည်။

ရေချိုးကန်ကိုကြည့်လိုက်သောအခါ အထဲမှရေများက နွေးနေသော်လဲ ရေနွေးငွေ့များမရှိပေ။

မျိုးစေ့များရှိသည့် တဲလေးသည်လဲ အတော်ပြောင်းလဲသွားသည်။ ဧရိယာက သုံးဆလောက်ပိုကျယ်သွားပြီး မျိုးစေ့အရေအတွက်ကလဲ ပိုများလာသည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now