အပိုင်း(၅၇) (ဖြေရှင်းခြင်း)

1.7K 277 3
                                    

unicode

တုန်ဖန်းရုန်သည် ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။ "ရှောင်ကျွင်းလား....ဘာဖြစ်လို့လဲ။ ဘာပြဿနာထပ်ဖြစ်လို့လဲ "

  တုန်ဖန်းရုန်၏အသံကို ကြားလိုက်ရချိန်တွင် သူ့တစ်ဘဝစာလုံး ငြိမ်းအေးသွားရသလိုပင် ခံစားလိုက်ရသည်။ " ရုန်  ငါ အခုလေးတင်ပဲ ချီထျန်းနဲ့ ဖုန်းပြောဖြစ်တယ် "

  တုန်ဖန်းရုန် မျက်မှောင်ကြုတ်လိုက်ပြီး "အင်း...ပြီးတော့ရော " ထိုကလေးမသည် သူ့ဇနီးလေးအတွက် မည်သို့သော ဖြစ်တည်မှုမှန်း သူနားလည်ထားသည်။ ထို့ကြောင့် အထူးတလည် ထပ်မမေးတော့ပေ။

  ချီကျွင်းက လက်ရှိအချိန်အထိ ဖြစ်ခဲ့သမျှအားလုံးကို ပြန်ပြောပြပြီးနောက် " ရုန်...သူလေးကို ငါတို့နဲ့ ခဏလောက်နေခိုင်းဖို့ တော်ဝင်မြို့တော်ဆီ ခေါ်လာလို့ရမလား"

  " သူ့ကို စောင့်ရှောက်ပေးချင်လို့လား "

  ချီကျွင်း ခဏတာမျှ တိတ်ဆိတ်သွားရသည်။ ထိုစိတ်ကူးသည်လည်း စိတ် လိုက်မာန်ပါ ပြောလိုက်မိခြင်းဖြစ်ပြီး တုန်ဖန်းရုန် ၏အမေးစကားကို ကြားလိုက်ရချိန်တွင် သူမသေမချာ ပြန်ဖြစ်သွားရသည်။ " ငါ့ခေါင်းထဲမှာ ရှုပ်ထွေးနေတာပဲ။ ငါ မတွေးတတ်တော့ဘူး။ ပြီးတော့ ထျန်းထျန်းကလဲ လိုက်လာချင်မှာမှ မဟုတ်ဘဲ။ ဒါပေမဲ့ သူအရိုက်ခံနေရမလားဆိုတာ ငါစိတ်ပူမိတယ် "

  ညီမငယ်လေးကို အလွန်ဂရုစိုက်တတ်သော အစ်ကိုတစ်ယောက်အနေဖြင့် ယခုအချိန်တွင် ချီကျွင်း၏အတွေးများထဲ၌ အလွန်ခြောက်ခြားနေမည်ဖြစ်ကြောင်း တုန်ဖန်းရုန် နားလည်ပါသည်။ " ဒါဆို ကိုယ် သူ့သဘောထားကို မေးကြည့်လိုက်ပါ့မယ် "

  လင်မြို့သို့ တုန်ဖန်းရုန် ရောက်လာသောအခါ သူ့ဘကြီး ယိုထျန်းလင်းကို ပထမဆုံး မဆက်သွယ်ဘဲ အိမ်တော်ရှိ ဝမ်းကွဲအစ်ကိုနှစ်ယောက်ထဲမှ အငယ်ဖြစ်သူ တုန်ဖန်းယီမင်ကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

  အကယ်၍ အမွေဆက်ခံသူကိစ္စကို ဘေးဖယ်လိုက်ပါက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ မဆိုးလှပေ။ အသက်ကွာခြားမှုကလည်း သိပ်မရှိဘဲ ကလေးဘဝကတည်းက ကစားဖော်များ ဖြစ်နေခဲ့ခြင်းကြောင့်လဲ ပါသည်။ သို့သော် သူတို့နှစ်ဦးကြားမှ ဇာတ်လမ်းသည် ပို၍ပညာသားပါသည်။ သားရဲကမ္ဘာတွင် ငယ်စဉ်ကတည်းက ကစားဖော်ကစားဖက်ဖြစ်နေခြင်းသည် အလွန်ရင်းနှီးသော လက္ခဏာတစ်ရပ်ပင်။ သို့သော် လက်ရှိအခြေအနေတွင် တုန်ဖန်းယီမင်းအား ဆက်သွယ်ရန် ဆန္ဒရှိရခြင်းမှာ ငယ်စဉ်က သံယောဇဉ်ကြောင့် မဟုတ်ဘဲ ညီအစ်ကိုကြားမှ  ခင်မင်မှုကြောင့်ဖြစ်သည်။ သူတို့နှစ်ယောက်သည် အပြန်အလှန်ကျားကန်ထားပြီး  ရပ်တည်နေခဲ့သည် မဟုတ်ပါလော။ ဤသိုဖြစ်နေခြင်းက သူတို့အသိုင်းအဝိုင်း၌ ရှားရှားပါးပါးပင်။ အိမ်တော်ဦးစီးအနေဖြင့် အရွေးခံရပါက တုန်ဖန်းရုန်သည် သူ့အစ်ကိုအား ဧည့်ခန်းတွင်သာ အတွေ့ခံလိမ့်မည် မဟုတ်ပေ။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now