အပိုင်း ( ၁၃ ) ( မင်းကတကယ်ကို အရေးကြီးပုဂ္ဂိုလ်ပဲ)

2.7K 463 1
                                    

unicode

သူ့အတွက်ကျလာသော တာဝန်မှာ လုပ်ဆောင်ရန် အလွန်ရိုးရှင်းလှပေသည်။  ချီကျွင်းသည် အခြားသူများကဲ့သို့ပင် အလုပ်ရွေးချယ်ရေးစက်၏ မျက်နှာပြင်ပေါ်တွင် သူ့လက်ကို တင်လိုက်သည်။  ငါးစက္ကန့်ခန့်အကြာတွင် စက်သည် အလုပ်တစ်ခုကို ချပေးခဲ့သည်။  ၎င်းတွင်ဖော်ပြထားသည်မှာ သန်မာသောသန္ဓေပြောင်းလူသား ဆယ်ယောက်အတွက် ညစာလုပ်ပေးရန် ဖြစ်သည်။

  " အဲ့ဒါ... ထမင်းချက်အလုပ်လား။ " ချင်ကျွင်း စိတ်ရှုပ်သွားသည်။ သူစက်မှ အမြန်ထွက်လာပြီးနောက်  ချန်းဖန်ကို နားမလည်နိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

နည်းပြချန်းက ပေါ့ပေါ့ပါးပါးလေးပြုံးပြလိုက်သည်။  "မင်းကံသိပ်မကောင်းဘူးပဲ။ သန်မာတဲ့ သန္ဓေပြောင်းလူသားဆယ်ယောက်ရဲ့ညစာက နည်းနည်းနောနောမှ မဟုတ်တာ။ ဒါပေမယ့် မင်းမနိုင်မနင်းဖြစ်မလားဆိုပြီး စိတ်ပူစရာမလိုဘူး၊ ဟိုမိန်းမကို ကြည့်လိုက်။"  ဗဟိုကျောင်းဝင်းမှ လူတစ်ဦးကို လက်ညှိုးထိုးပြပြီး သူမက ပြောသည်။  ဗဟိုကျောင်းဝင်းထဲက သန့်စင်သောလူသား အမျိုးသမီးဖြစ်သည်။ "သူမက မင်းလိုမျိုးပဲ ဒီတာဝန်ကိုကျခဲ့ပြီး လုပ်နိုင်ခဲ့တယ်။ တခြားအဖွဲ့တွေကလူလည်း ဒီတာဝန်ကို လုပ်နိုင်လိမ့်မယ်။  လူဆယ်ယောက်စာပမာဏက မင်းတစ်ယောက်တည်း လုပ်နိုင်တဲ့ပမာဏပဲ။ အလုပ်ကိုမပြီးလို့တော့မရဘူး။ ငါတို့လိုမျိုး သန္ဓေပြောင်းလူသားတွေက နူးနူးညံ့ညံ့ ရှိတာမဟုတ်ဘူးလေ။ သုံးရက်ဆက်တိုက် အစာမစားရဘဲ အပြစ်ပေးခံရတာက မင်းကိုမထိခိုက်သွားရင်တောင် အမှတ်ဖြတ်တဲ့နေရာမှာတော့ မင်းပြဿနာတက်လိမ့်မယ်။"

  ချီကျွင်းသည် မိမိကဲ့သို့တာဝန်ကျသော အမျိုးသမီး၏ မျက်နှာတွင် စိတ်မသက်မသာဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို တွေ့လိုက်ရသည်။  ဒါပေမဲ့ သူ့အတွက်တော့ သိပ်ခက်ခဲမယ်မထင်ပေ။  "ဒါပေမဲ့ ကျွန်တော်က ဘယ်သူ့ကို ချက်ကျွေးမှာလဲ။ သတ်မှတ်ထားပြီသား လူဆယ်ယောက်လား။ ဒါမှမဟုတ် ကြုံရာလူဆယ်ယောက်လား။ ကျောင်းသားတွေ စစ်သားတွေလား။ ဒါမှမဟုတ် သင်တန်းပို့ချသူနည်းပြတွေလား။"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now