အပိုင်း(၃၃) (အဖိုးတန်ငရုတ်သီးအနီ)

2.1K 352 1
                                    

unicode

တကယ်တမ်းပြောရရင် ဗိုလ်ချုပ်သည်လည်း အပြင်ပန်းတွင်သာ တည်ငြိမ်နေပေမဲ့ စိတ်ထဲတွင်တော့ ဗြောင်းဆန်နေသည်။ ချီကျွင်းကိုယ်ပေါ်မှာ ဆပ်ပြာမြုပ်တွေနဲ့ဖုံးနေတယ်ဆိုပေမဲ့ အပြာရောင်မီးသီးလေးတွေဆီက အလင်းရောင်ကြောင့် ထူးမနေပါပေ။
  
ရေချိုးခန်းတံခါးကိုပိတ်ပြီးနောက် တုန်ဖန်းရုန်သည် အခြားရေချိုးခန်းဆီသို့ တန်းတန်း မတ်မတ် သွားခဲ့သည်။  သူ့ခေါင်းကို ရေအေးအေးနဲ့ ဆေးချလိုက်ဖို့ ဒါမှမဟုတ် အတွင်းကနေအပြင်ကို ပျံ့နှံ့လာတဲ့ အပူတွေကို ထိန်းထားဖို့ ရေခဲရေနဲ့ရေချိုးဖို့ လိုတယ်လို့ တွေးနေမိသည်။  သားရဲလောက၏ ပညာရေးတွင် လိင်နှင့်ပတ်သက်သည့်ကိစ္စများ အထူးသဖြင့် ဇနီးမောင်နှံများကြားကိစ္စများသည် အလယ်တန်းအဆင့်သင်ခန်းစာများတွင် ပုံမှန်သင်ခန်းစာများအဖြစ် ပါဝင်သည်။  ထိုကြောင့် အတွေ့အကြုံမရှိသေးတဲ့ ဗိုလ်ချုပ်သည်ပင်လျှင် အခုသူဘာလုပ်ချင်လဲဆိုတာကို သဘောပေါက်ပါသည်။  ထို့အပြင် သူသည် အရွယ်ရောက်ပြီးသော သန္ဓေပြောင်းလူသား အမျိုးသားတစ်ဦးဖြစ်သောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည့်အချိန်များလည်း ရှိခဲ့ဖူးသည်။ ယခုအခါတွင်မူ  ချီကျွင်း၏လွှမ်းမိုးမှုက သူ့ကိုယ်သူထိန်းချုပ်နိုင်တဲ့နယ်ပယ်ထက် ကျော်လွန် သွားပြီဆိုတာကို သိရှိသွားခဲ့ပြီဖြစ်သည်။

    ပြစ်မျိုးမှဲ့မထင်အသားအရေနှင့် သွယ်လျသောကိုယ်ခန္ဓာ။ ထိုသို့သောပုံစံမျိုးနှင့် အခြားလူတစ်ယောက်ကို တွေ့လိုက်ရပါက အားနည်းသောလူတစ်ယောက်အဖြစ်သာ သူမြင်ပါလိမ့်မည်။ သို့သော် ထိုသို့ပုံစံရှိနေသည့် ချီကျွင်းကို မြင်လိုက်ရချိန်တွင် သူ့နှာခေါင်းဝတွေကပါ ယားယံလာခဲ့သည်။ ဆပ်ပြာမြှုပ်တွေ ရှိမနေခဲ့တဲ့ ရင်ဘတ်ကချယ်ရီပွင့်လေးနှစ်ချပ်နှင့် သွယ်လျနေသော ပေါင်တံကြားမှ......။ ထိုအကြောင်းကိုထပ်တွေးမိလေ သူ့ခန္ဓာကိုယ်အောက်ပိုင်းက ပိုပြီးမသက်မသာဖြစ်လာလေ ဖြစ်သည်။ ရေပန်းအောက်ကို အမြန်ဝင်ပြီး ရေအေးတွေဖွင့်ချထားပေမဲ့ သူ့စိတ်ကိုတော့မငြိမ်းသတ်နိုင်ခဲ့ပေ။ ဒီနည်းက အသုံးမဝင်ဘူးဘဲ။ 

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now