အပိုင်း(၉၅) (နှစ်ကူးပြီ)

585 106 1
                                    

UNICODE

နှစ်ကူးနေ့တွင် နှင်းများက သိပ်သည်းစွာကျဆင်းနေသည်။ ချီကျွင်းအနေဖြင့် သားရဲကမ္ဘာတွင် နှင်းကျသည်ကို ပထမဆုံးမြင်ဖူးခြင်းပင်။ တိုက်ခန်းမှထွက်လာပြီး ကားထဲမဝင်ခင် နှင်းလက်တစ်ဆုပ်ကို ကြုံးယူလိုက်ပြီး တုန်ဖန်းရုန်ထံ ပစ်ထည့်လိုက်သည်။

အနောက်ဘက်မှ ရိုက်လိုက်သလို ခံစားလိုက်ရသဖြင့် အံ့သြသွားပြီး နောက်ပြန်လှည့်ကြည့်သောအခါ သူ့ဇနီးလေးက နှင်းဘောလုံးတစ်လုံးကိုကိုင်၍ ပျော်မြူးနေသည်ကို တွေ့လိုက်ရသဖြင့် တုန်ဖန်းရုန်၏နှုတ်ခမ်းစွန်းက ကော့တက်သွားသည်။ " ကလေးကျနေတာပဲ။ လက်တွေအေးကုန်တော့မယ်" ထိုသို့ပြောပြီးနောက် ချီကျွင်းဆီပြန်သွားပြီး လက်ထဲမှနှင်းလုံးကို ယူထုတ်လိုက်ပြီး သူ့ဇနီးလေး၏လက်လေးကို လက်အကြီးကြီးဖြင့် ဆုပ်ကိုင်ပေးလိုက်သည်။

လက်ဖဝါးထံမှ အေးစက်မှုနှင့် လက်ဖမိုးဆီမှ အနွေးဓာတ်တို့က ချီကျွင်းကို ရင်ခုန်သွားစေခဲ့သည်။ ထိုအချိန်တွင် နှင်းများက သူ့လည်ပင်းထဲသို့ ကျလာသည့်အတွက် ဇက်လေးပုလိုက်ပြီး "နှင်းပွင့်တွေက ပိုကြီးလာပုံပဲ။ ကားထဲဝင်ပြီး ရေစိုခံလေကာအင်္ကျီတွေ ဝတ်ကြရအောင်"

ကားထဲဝင်ပြီးသောအခါ ချီကျွင်းက လက်ထဲမှနှင်းမှုန်များနှင့် တုန်ဖန်းရုန်၏ကျောကို ပွတ်လိုက်သည်။ "အရင်ဘဝတုန်းက အခုလိုအပူချိန်မျိုးနဲ့ဆို အပြင်ထွက်ရင် ဂွမ်းတွေပါတဲ့ လေကာအကျီင်္တွေ ဘောင်းဘီတွေဝတ်ပြီး ထွက်ရတာ။ သူတို့က ပါးပါးလေးပေမဲ့ နည်းပညာမြင့်တော့ အတော်လေးအဆင်ပြေတယ်။ ဒါပေမဲ့ မျက်နှာနဲ့လည်ပင်းတွေတော့ အတော်လေးအေးတာပေါ့"

" အဲ့တာက လက်အိတ်နဲ့မာဖလာကို မဝတ်ထားလို့ပေါ့။ အေးနေတယ်ဆိုရင် ကိုယ် အပူပေးစက် ဖွင့်ပေးမယ်လေ" ကားထဲရောက်သောအခါ တုန်ဖန်းရုန်က သူ့ဇနီးလေး၏လက်ကို ထပ်ဆွဲယူလိုက်သည်။

"မလုပ်ပါနဲ့။ အဲ့ဒါက စွမ်းအားဖြုန်းတီးတာပဲ။ အေးရုံလေးပဲ အေးတာလေ။ အိမ်တော်ရောက်ရင်တော့ လူအများကြီးရှိမှာဆိုတော့ အေးမှာမဟုတ်တော့ဘူး။ ကိတ်အခု၅၀လောက်လုပ်ထားတာ လောက်မယ်ထင်လား" အစပိုင်းတွင် ကိတ်မုန့်အကြီးကြီးကို လုပ်ချင်ပါသော်လဲ မန်ထိုသီးသည် လက်လုပ်ခရင်မ်နှင့် ရော၍မရသောကြောင့် ကိတ်အသေးလေးများလုပ်ရန်သာ ရွေးလိုက်ရသည်။ သို့သော်ငြား မြန်နှုန်းမြင့်မွှေစက်ရှိသဖြင့် အချိန်သိပ်မယူလိုက်ရပေ။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now