အပိုင်း ( ၁၂) (စစ်ရေးပြသင်တန်းမှာလဲ ခွဲခြားတာပဲလား)

3.2K 463 0
                                    

Unicode

ထျန်းကျီက ခေါင်းညိတ်ပြပြီးနောက် မက်ဂါစက်ရုပ်ပေါ်ပြန်တက်လိုက်ပြီး ချီကျွင်းကို ပွေ့ချီလိုက်သည်။  "ငါ မင်းကို ပင်မမြို့တော်ကို ခေါ်သွားလိုက်မယ်။  နည်းနည်းလိုက်ကြည့်ပြီးရင် မင်း အော့ဖ်လိုင်းလုပ်ပြီး အိပ်လိုက်တော့။"

   စက်ရုပ်၏ အသံချဲ့စက်မှ လှိုဏ်ခေါင်းသံကိုကြားလိုက်ရာ ချီကျွင်း၏ကိုယ်လုံး နေရာအနှံ့မှ ကြက်သီးပါထသွားသည်။  ဒါပေမဲ့ သူကတော့ အလောင်းပုံစံ ပဲ ရှိသေးတယ်ဆိုတော့ သူ့စိတ်ထဲက ပြန်ပြောနေရုံသာ တတ်နိုင်သည်။  "မင်း ငါ့ကို အသက်ပြန်ရှင်အောင် မလုပ်ပေးနိုင်ဘူးလား"

  မက်ဂါထဲတွင်ရှိသည် ထျန်းကျီက"ငါကတိုက်ခိုက်ရေးသမားပဲ ကုသပေးနိုင်တဲ့ ဆရာဝန် မဟုတ်ဘူး" ဟု ပြန်ပြောလာသည်။

ချီကျွင်း ဘာပြန်ပြောရမလဲပင် မသိတော့ပေ။ သူ မလိုအပ်တဲ့ မေးခွန်းကို သွားမေးမိလိုက်ပြန်ပြီ။ ပြန်ဖြေတဲ့အသံထဲမှာ အထင်သေးစိတ်တွေ အပြည့်ပဲ။ "ငါ့သူငယ်ချင်းတွေပြောပြတာက မင်းကသူများတွေနဲ့အတူ မကစားဘူးဆို ဒါပေမဲ့ ငယ်ငယ်က ငါ့ကိုကယ်ဖူးတယ် မဟုတ်လား။ ငါ့ကိုနည်းနည်းလောက် မသင်ပေးချင်ဖူးလား။ "

ထျန်းကျီသည် ခဏမျှ တိတ်ဆိတ်သွားပြီး "ငါချက်ချင်းပဲ ပျင်းလာပြီ" ဟု ပြန်ပြောခဲ့သည်။

ထိုစကားတစ်ခွန်းကို အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက်  ချီကျွင်း သွေးအန်ချင်လာသည်။  "ဒါဆို ငါကတကယ် ချီးမြှောက်ခံရတာပဲနော်"

   ထျန်းကျီသည် ဤတစ်ကြိမ်တွင် လျင်မြန်စွာပြန်ဖြေသော်လည်း "အင်း" ဆိုတဲ့ အသံတစ်ခုပဲ ထွက်လာတယ်။

   ချီကျွင်း တိတ်တိတ်လေးနေဖို့ ရွေးလိုက်သည်။ " ဒီကောင်နဲ့ လုံးဝ စကားမပြောနိုင်တော့ဘူး။  ဒါပေမယ့် ဒီ ကြီးကျယ်ခမ်းနားတဲ့ မက်ချာစက်ရုပ်ကတော့ တကယ်ကို မိုက်တာ။ " ကျောင်းသုံးပစ္စည်းများကို စစ်ကြည့်စဉ်က အရှေ့ကျောင်းဝင်းရှိ သင်ကြားရေးမက်ဂါစက်ရုပ်များ သည် သိပ်မမိုက်ကြောင်း သူ သတိရမိသည်။ " သေချာတာပေါ့။ ဂိမ်းထဲမှာဆို မဖြစ်နိုင်တာ ဘာမှမရှိဘူးလေ။ သန်မာသောသန္ဓေပြောင်း မဟုတ်ရင်တောင် ရိုးရိုးသန္ဓေပြောင်းသားရဲအဖြစ် မရောက်လာခဲ့သည့်မှာ အလွန်နာကျင်ဖွယ်ကောင်းလှသည်။ သူသည် အာရှနွယ်ဖွား သားရဲပင်မဖြစ်လာဘဲ သန့်စင်သောလူသားတစ်ဦးဖြစ်လာခဲ့သည်။ လူသားစင်စစ်ဖြစ်ရတာကို သူအရမ်းကျေနပ်ပေမဲ့ သန့်စင်တဲ့လူသားတွေက မက်ဂါစက်ရုပ်တွေကို ထိန်းချုပ်ဖို့ ဆိုတာလုံးဝ မဖြစ်နိုင်ပါ။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now