အပိုင်း(၄၀) (အဆင့်မြင့် အစိမ်းရောင်ဖန်းပင်)

2.1K 358 3
                                    

unicode

ဆီပူထဲမှ ငရုတ်သီး၏ စူးရှသောအနံ့မျိုးကို တုန်ဖန်းရုန်တစ်ခါမှ မရဖူးပေ။ သန္ဓေပြောင်းလူသားအတွက်မူ ထိုအနံ့သည် ပြင်းလွန်းသဖြင့် အစပိုင်းတွင် သူ့ကိုမသက်မသာဖြစ်စေသည်။ နှစ်ကြိမ်ခန့် နှာချေပြီးချိန်၌ အနံ့သည်လုံးဝပြောင်းလဲသွားသည်။ အထူးသဖြင့် ချီကျွင်းက ဆီထဲသို့ ဂျင်း၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ ထည့်လိုက်ချိန်တွင် အနံ့မှာ သူ့အားနှာရည်များပင် ယိုကျလာတော့မတတ် ဖြစ်စေခဲ့သည်။

ချီကျွင်းက လှည့်ကြည့်လိုက်ပြီး " ငရုတ်ပဲပိစပ်နဲ့ ဟင်းချက်တဲ့အချိန်ဆို ချောင်းပါဆိုးလိမ့်မယ်။ စားလို့မှမရသေးဘဲကို ဧည့်ခန်းမှာပဲ နေနေတာမဟုတ်ဘူး"

ဗိုလ်ချုပ်က ခေါင်းခါပြလိုက်ပြီး "မင်းကိုကြည့်ချင်လို့ပါ...မတွေ့ရတာနှစ်ရက်တောင် ရှိပြီလေ "

"မင်းကို အရှုံးပေးပါတယ် " ချီကျွင်းခမျာ ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။ "ရုန်၊ ငါလေ မင်းဆီကို ရက်နည်းနည်းလောက် လာနိုင်မှာမဟုတ်ဘူး။ ညဘက်တွေကျရင် တရားထိုင်ဖို့ လိုတယ်လေ"

ဗိုလ်ချုပ်မှာမူ မပျော်ရွှင်နိုင်တော့ပေ။ "ဟိုမှာလည်း လေ့ကျင့်လို့ရရဲ့သားနဲ့ "

ချီကျွင်းက သက်ပြင်းချလိုက်ပြီး "ဒါပေမဲ့ မင်းကအနားမှာ ရှိနေရင် မင်းဆီပဲ စိတ်ရောက်နေလိမ့်မယ်။ ဒီမှာဆို ပိုပြီးအာရုံစိုက်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့မိဘတွေနဲ့လည်း တွေ့ရမှာပဲ မဟုတ်လား။ နောက်အပတ်ကျမှ ညစာအတူတူစားကြတာပေါ့"

မင်းဆီပဲ စိတ်ရောက်နေမှာ ဟူသောစကားကြောင့် ဗိုလ်ချုပ်မှာ ပျော်သွားရပါသော်ငြား ထိုကောင်လေးကို နောက်ထပ်ငါးရက်လောက်အထိ မတွေ့ရမည့်အကြောင်း သတိရသွားသောအခါ စိတ်ဓာတ်ကျသွားမိပြန်သည်။ သို့သော် ရှောင်ကျွင်းသည် သူ၏စွမ်းအားကို မြန်မြန်ထိန်းချုပ်နိုင်လေလေ သူနှင့်ပိုနီးစပ်လေ ဖြစ်သည်။ ပြီးတော့ ထိုစကားသည် သူဒီညမပြန်နိုင်ရန်အတွက် အကောင်းဆုံးဆင်ခြေဖြစ်လာပေလိမ့်မည်။ "ဒါဆိုလည်း ဒီညတော့ ကိုယ်ဒီမှာပဲ အိပ်လိုက်တော့မယ် "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now