အပိုင်း(၉၀) (မိသားစုဝင်များစုဝေးခြင်း)

987 137 3
                                    

unicode

အိမ်ပြန်ရောက်သောအခါ တုန်ဖန်းချီနှင့်ယိုအိုက်တို့က စောင့်ကြိုနေကြသည်။ လူအိုကြီးတုန်ဖန်းအတွက် ရေဘဝဲဟင်းလျာကို ပြင်ဆင်ပေးချင်သောကြောင့် ချီကျွင်းသည်မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသည်။ တုန်ဖန်းရုန်က ယိုအိုက်ကိုဆွဲခေါ်သွားပြီး ခရီးတလျှောက်၌ ရိုက်ကူးခဲ့သမျှ ဓာတ်ပုံများကို ပြသနေသည်။ ရှေးဟောင်းတရုတ်ယဉ်ကျေးမှု အမွေအနှစ်ပုံကိုလဲ ပြသခဲ့သည်။

နေထွက်ချိန်တွင် ကမ်းခြေ၌နမ်းရှိုက်နေကြသည့် သားဖြစ်သူနှင့်ချွေးမတို့၏ပုံကို တွေ့လိုက်ရသောအခါ တုန်ဖန်းချီက မျက်နှာပူသွားသော်လဲ ယိုအိုက်ကမူ မနာလိုဖြစ်သလို သဘောလဲကျနေခဲ့သည်။ ပင်လယ်မိစ္ဆာကြီးကို မြင်လိုက်ရချိန်တွင်တော့ ယိုအိုက်က ကြောက်လန့်သွားသဖြင့် သူ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည်။ "မင်းတို့တွေက တကယ်ကြောက်ဖို့ကောင်းတဲ့အကောင်ကြီးနဲ့ ပက်ပင်းသွားတိုးတာပဲ။ ဘုရားရေ ရှောင်ကျွင်းရော ကြောက်သွားသေးလား "

"မကြောက်ပါဘူး။ အခုရှောင်ကျွင်းချက်နေတာက ပင်လယ်မိစ္ဆာရဲ့ အသားတွေလေ။ အရမ်းအရသာရှိတာပဲ။ကျွန်တော်တို့ နှစ်ရက်ဆက်တိုက် စားခဲ့တာ"

ကြောက်လန့်နေသော ယိုအိုက်နှင့်စာလျှင် တုန်ဖန်းချီက ပင်လယ်မိစ္ဆာများ၏စွမ်းအားကို ကောင်းကောင်းသိသဖြင့် အလွန်ကြောက်ဖို့ကောင်းသည်ကို သဘောပေါက်ပါသည်။ သူ့သား၏စွမ်းအားက သူ့ထက်သာသည်ကို နားလည်သော်လဲ တိုက်ခိုက်ရေးစွမ်းအား တစ်စက်ကလေးမှမရှိသော သန့်စင်လူသားလေးရှိနေချိန်တွင် သူ့သားသည်လဲ တိုက်ခိုက်နိုင်ရန် အားယုတ်နေပေလိမ့်မည်။ "နောက်ကျရင် ဒီလိုအကောင်ကြီးတွေနဲ့ ရင်မဆိုင်တာ ပိုကောင်းလိုက်မယ်။ မြင့်မြင့်ပျံရင် ဘေးကင်းတာပဲမဟုတ်လား"

"ကျွန်တော်လဲ သေချာလို့လုပ်တာပါ။ ဝံပုလွေဘုရင်ဆိုတာက အခြားမက်ဂါတွေ ယှဉ်နိုင်တာမှမဟုတ်ဘဲ။ အဲ့တာအပြင်ကို ဒီပင်လယ်မိစ္ဆာမှာ ဘာစွမ်းအားမှမရှိဘူးလေ။ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး"

မည်သို့ပင်ဖြစ်စေ သူသည် လောကကြီးထဲတွင် တုန်ဖန်းရုန်ထက် နှစ်ပေါင်း၇၀ကျော်ပိုနေလာခဲ့ရသဖြင့် သု့သားထက်တော့ ပို၍အတွေ့အကြုံရှိပါသေးသည်။ လူငယ်ဖြစ်နေခြင်းက ကောင်းကျိုးရှိသလို ဆိုးကျိုးလဲရှိသည်။ သူငယ်စဉ်ကလဲ လက်တွဲဖော်၏ရှေ့တွင် ရဲစွမ်းသတ္တိကိုထုတ်ပြနိုင်ရန် အန္တရာယ်များသောအလုပ်ကိုမှ ရွေးလုပ်ပြခဲ့သည်။ ကာလကြာလာပြီးနောက် ပြန်စဉ်းစားကြည့်ချိန်တွင် ထိုအချိန်မှလုပ်ရပ်များသည် တစ်ဖက်လူကိုသာ ကြောက်ရွံ့စေခဲ့သည်။ ဤကိစ္စတွင်လဲ သူ့သားသည် ထိုအရွယ်ယောကျာ်းလေးများ လုပ်မိတတ်သည့်အမှားကိုသာ တစ်ထပ်တည်းလိုက်လုပ်မိခဲ့သည်။ ဤသည်ကား စွမ်းအားရှိခြင်းမရှိခြင်းနှင့် မသက်ဆိုင်ပါပေ။ " ဒီကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူကမှ ပြီးပြည့်စုံတဲ့လုံခြုံရေးကို အာမမခံနိုင်ဘူး။ ဖြစ်လာနိုင်တဲ့ပြဿနာတွေအားလုံးကို မင်းမထိန်းချုပ်နိုင်ပါဘူး။ ကိစ္စတိုင်းမှာ ဖြစ်နိုင်ချေတွေဆိုတာ ရှိတာပဲ။ တကယ်လို့ ပင်လယ်မိစ္ဆာက စွမ်းအားရှိပါလျက်နဲ့ ထုတ်မပြဘဲနေခဲ့ပြီးမှ မင်းတို့ကိုလဲတွေ့ရော သူ့စွမ်းအားတွေနဲ့ တိုက်ခိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်ဆက်တွဲကိစ္စတွေကို မင်းမစဉ်းစားဘူးလား"

တုန်ဖန်းရုန်က တိတ်ဆိတ်နေသည်။သူ့အဖေ၏စကားတို့က မကြမ်းတမ်းသော်လဲ သူ့ကိုအရှိုက်ထိစေခဲ့သည်။ သူ့အဖေပြောသလိုတွေးကြည့်ပါက ရှောင်ကျွင်း၏အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံလိုက်ရသည်ကို ပြန်တွေးလိုက်မိသောအခါ ကျောပင်ချမ်းသွားရသည်။ အတော်ကြာတွေးကြည့်ပြီးနောက် အဖေဖြစ်သူ၏စကားကို လက်ခံလိုက်သည်။ "ဟုတ်ကဲ့ ကျွန်တော် သေချာမတွေးမိခဲ့ပါဘူး။ အဲ့လိုမျိုး နောက်ထပ်မလုပ်တော့ပါဘူး"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now