အချစ် (သို့မဟုတ်) ကျွန်တော့်ယ...
Bởi Egophyoe
2.1M 171K 7.2K
အချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်... Xem Thêm
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း​(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)(🦋🦋🦋🦋)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉) - ပထမပိုင်း
အခန်း(၂၉) - ဒုတိယပိုင်း (🌚🌚🌚)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)-ပထမပိုင်း
အခန်း(၄၂)-ဒုတိယပိုင်း
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)(ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
Extra - ( 1 )
Extra - ( 2 )
Extra - ( 3 )
Extra - ( 4 ) {End}
Book Announcement
Book Details
အခန်း(၄၇)
19.4K 1.9K 183
Bởi Egophyoe
အခန်း(၄၇)
အခန်းတစ်ခုထဲမှာဘေးတစောင်းအိပ်ပျော်နေတဲ့အမျိုးသားတစ်ယောက်...။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ထိုအမျိုးသားရဲ့ပုံသဏ္ဍာန်ကအပေါ်ပိုင်းဗလာကျင်းနေတဲ့အပြင်၊ဝတ်ထားတဲ့ခပ်ဆွေးဆွေးလုံချည်ကလည်းပြေလျော့နေ၏။ထိုယောက်ျားရဲ့ဘေးမှာတော့ဒူးနှစ်လုံးထောင်ပြီးတစ်ရှုံ့ရှုံ့ငိုနေတဲ့မိန်းမငယ်လေးတစ်ဦး...။
မြင်ကွင်းကသိပ်ကိုအကျည်းတန်လွန်းလှသည်။
ပြီးတော့...။
သူရင်ကွဲဖို့လုံလောက်သည်။
🌺🌺🌺
" ဟာဗျာ...အဓိပ္ပါယ်မရှိလိုက်တာ..."
ဆောင့်ထွက်လာတဲ့ဒေါသတို့ကြောင့်လူက " ဝုန်း " ခနဲ့ထရပ်လိုက်မိသည်။ပြီးနောက်ကြယ်သီးမရှိတဲ့အင်္ကျီကိုလက်နှစ်ဖက်နဲ့တစ်ချက်ဆွဲစေ့လိုက်ပြီးသူ့အရှေ့မှာမျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်နေကြတဲ့လူအုပ်ကြီးကိုခပ်စူးစူးလေးမိုးညိုစိုက်ကြည့်လိုက်၏။
" ကျုပ်ရယ်၊ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ရယ် စပါးရိတ်ပြီးတော့ထန်းရည်သွားသောက်ကြတယ်....ပြီးတော့အိမ်ပြန်လာခဲ့တယ်...အိမ်ရောက်တော့အိပ်လိုက်တယ်...ဒီလောက်ပဲ..."
" သူရောက်လာတယ်ဆိုတာလည်းကျွန်တော်မသိဘူး...မတော်မတရားပြုကျင့်ဖို့ဆိုတာဝေလာဝေး..."
အဓိပ္ပါယ်မရှိတဲ့ပြဿနာတစ်ခုကိုလေအကုန်ခံပြီးရှင်ပြနေရတာလောက်စိတ်ပျက်ဖို့ကောင်းတာမရှိပေ...။
သူရှင်းပြနေပေမယ့်အားလုံးကသူ့ရဲ့ရှင်းပြချက်ကိုခေါင်းလည်းမငြိမ့်သလို၊ခေါင်းလည်းမခါကြပေ...။ဒီအတိုင်းသာကျောက်ရုပ်ကြီးလိုငြိမ်နေကြ၏။
ဒီလောက်ဆိုသူ​သဘောပေါက်လိုက်ပြီ...။ဒီလူတွေကသူရှင်းပြတာကိုမယုံကြည်ကြပေ...။
" ယမင်း " ဆိုတဲ့မိန်းကလေးကိုသူကမတော်မတရားပြုကျင့်ဖို့ကြံတယ်တဲ့လား...။
ဘယ်လိုတောင်အဓိပ္ပါယ်မဲ့လိုက်တဲ့စကားလဲ...။
စွပ်စွဲတဲ့မိန်းမကိုလည်းသတ်ပစ်လိုက်ချင်သလို၊အဲဒီမိန်းမရဲ့စကားကိုယုံကြည်နေကြတဲ့လူတွေအားလုံးကိုလည်းသူသတ်ပစ်လိုက်ချင်သည်။
လူတစ်ယောက်ရဲ့သိက္ခါကိုသတ္တဝါတစ်ကောင်လိုမညှာမတာရိုက်ချဖို့အဲလောက်အထိလွယ်ကူနေသလား...။ရပ်ရွာရဲ့လူကြီးတွေဖြစ်ပြီးစကားကိုမဆင်မခြင်ဒီလိုပဲပေါက်လွှတ်ပဲစားပြောလို့ထွက်ကြသည်။
ကိုယ်တောင်ဂဃဏနမသိတဲ့ပြဿနာတစ်ခု...။ဒါကိုကျူးလွန်တဲ့တရာခံတစ်ယောက်လိုစွပ်စွဲနေတာတော့လွန်လွန်းတာပေါ့...။ကိစ္စတစ်ခုရဲ့အရင်းအမြစ်ကိုသေသေချာချာမစုံစမ်းမလေ့လာပဲတစ်ဖက်သတ်အမြင်နဲ့ကောက်ချက်ချရအောင်မိုးညိုမောင်ဆိုတဲ့ကောင်ကအဲဒီလောက်အထိအပေါစားဆန်နေသလား...။
မဟုတ်မခံစိတ်ရှိတဲ့သူ့အဖို့ဖြစ်တည်လာတဲ့ဒေါသကိုချုပ်တည်းတဲ့အနေနဲ့လက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားမိသည်။တကယ်ဆိုဒီအခြေအနေကဘယ်ကနေဘယ်လိုဖြစ်တည်းလာလည်းဆိုတာတောင်အခုချိန်ထိသူနားမလည်းသေးပေ...။
သူသိတာတပည့်ကျော်နှစ်ကောင်နဲ့ထန်းရည်သောက်ပြီးအိမ်ကိုသူပြန်လာခဲ့တယ်။အိမ်ရောက်တော့အခန်းထဲဝင်ပြီးသူအိပ်လိုက်တယ်။
ဒီလောက်ပဲ...။
အားလုံးကရိုးရိုးရှင်းရှင်းပဲ...။
ဒါပေမယ့်...။
နိုးလာတော့ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလိုသူခံစားလိုက်ရသည်။လူတစ်ယောက်အတင်းခေါ်နှိုးလို့သူနိုးလာတော့မြင်လိုက်ရတာကသူ့ကိုမနှစ်မြို့သလိုကြည့်နေကြတဲ့လူတွေ...။ပြီးတော့သူ့ဘေးနားမှာတရှုံ့ရှုံ့ငိုနေတဲ့မြို့ကမိန်းကလေး...။
ဒါ​တွေကသူအိပ်နေတဲ့အချိန်ခဏလေးမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေပဲ...။ဘာကဘယ်လိုဖြစ်သွားလဲဆိုတာသူမသိပေ...။မသိတာကိုမသိဘူးလို့ပြောတာသူမှားလား...။
" ကျုပ်ကအမူးသမားပေမယ့်ကိုယ်ကျင့်တရားကိုတော့အသက်ထက်တန်ဖိုးထားတယ်...ရှင်းလား..."
သူ့စကားကြောင့်အားလုံးရဲ့အကြည့်တွေကသူ့အပေါ်ကိုစုပြုံရောက်ရှိလာခဲ့ကြသည်။ထိုအကြည့်တွေထဲမှာမယုံကြည်နိုင်ခြင်း၊အံ့ဩခြင်းတွေပါဝင်နေသလို၊မထင်ရဘူးဆိုတဲ့အကြည့်တွေလည်းပါဝင်နေ၏။
ကြည့်ထားကြစမ်း...။
ပြီးရင်ကျုပ်အလှည့်ပဲ...။
" အဟင့်...ဟီး...ရွှတ်...ရှင်အဲလိုမပြောနဲ့...ကျွန်မကမိန်းကလေးတန်မဲ့မဟုတ်မမှန်စွပ်စွဲပါ့မလား...​"
" ဟေ့...ငါမသိတဲ့ကိစ္စတစ်ခုကိုငါကဟုတ်ပါတယ်လို့ပြောရမလားကွ...မဟုတ်တာကိုမဟုတ်ဘူးလို့ပြောတာလေ..."
ဒေါသကြောင့်ထွက်လာတဲ့သူ့အသံကငြင်သာမှုမရှိပဲမာထန်နေ၏။ကိုယ့်သိက္ခါကိုလာစော်ကားတဲ့ဒီမိန်းကလေးကိုဓားနဲ့သာနုတ်နုတ်စင်းပစ်လိုက်ချင်သည်။
" အဟင့်...ဟင့်...သမီးရဲ့ဘဝကတော့သွားပါပြီဒယ်ဒီရယ်..."
ဆို့ဆို့နင့်နင့်ငိုကြွေးနေတဲ့ယမင်းကိုအားလုံးကစိတ်မကောင်းတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်။ပွယောင်တဲ့ဆံပင်၊တွန့်ကြေနေတဲ့အဝတ်အစားတွေကြောင့်ယမင်းရဲ့ပုံစံကပုံပျက်ပန်းပျက်ဖြစ်နေ၏။ဒီပုံစံကြောင့်ရွာလူကြီးတွေက " ဒီကောင်မလေးမတရာပြုကျင့်ခံရတယ် " ဆိုပြီးယုံကြည်နေကြဟန်တူသည်။
ကျစ်...။
စိတ်ပျက်ဖို့ကောင်းလိုက်တာ...။
" ဟင့်...အီး...ရွှတ်...သမီးဘယ်လိုလုပ်ရမလဲဒယ်ဒီရယ်...အဟင်း...ဟင့်..."
" တောက်...ကွာ..."
ဦးအောင်ကြွယ်ရဲ့ခပ်ပြင်းပြင်း " တောက် " ခေါက်သံကဆိတ်ငြိမ်နေတဲ့စကားဝိုင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားလေသည်။ရှိုက်ကြီးတငင်ငိုနေတဲ့သမီးဖြစ်သူရဲ့ကိုယ်လုံးလေးကိုထွေးဖက်ထားတဲ့ဦးအောင်ကြွယ်ကမျက်နှာကြီးနီရဲကာအံကိုတင်းနေအောင်ကြိတ်ထား၏။ဦအောင်ကြွယ်ရဲ့ပုံစံကတစ်ခုခုကိုထိန်းချုပ်ထားဟန်...။
ကံဆိုးလိုက်တဲ့ဒယ်ဒီ့သမီးလေးရယ်...။
ငယ်ငယ်လေးကတည်းကမိခင်မေတ္တာငတ်ခဲ့ရတဲ့သမီးလေးကိုအမေလိုတစ်မျိုး၊အဖေလိုတစ်မျိုးပိုးမွေးသလိုမွေးပြီး​ပြုစုစောင့်ရှောက်ခဲ့ရတာလေ...။တစ်ပင်လဲသွားတာတောင်နောက်တစ်ပင်ထပ်မထူတော့ပဲဒီသမီးလေးအပေါ်မှာသူ့ဘဝတစ်ခုလုံးပုံအပ်ထားတာ...။
အခုတော့...။
သမီးဖြစ်သူရဲ့ကိုယ်လုံးလေးကိုခပ်တင်းတင်းလေးပွေ့ဖက်ပြီးဦးအောင်ကြွယ်တိတ်တဆိတ်မျက်ရည်ကျနေမိသည်။သူ့သမီလေးရဲ့ဘဝကတော့ရေတိမ်နစ်ရှာပြီ...။
" ကံဆိုးလိုက်တာဒယ်ဒီ့သမီးလေးရယ်..."
ဦးအောင်ကြွယ်တို့သားအဖနှစ်ယောက်ကိုကြည့်ပြီးသူကြီးဦးသာဒွေးတို့ရပ်ရွာလူကြီးတွေခမျာဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြ၏။ပြန်ပြင်လို့မရတော့တဲ့အမှားတစ်ခုမို့အားလုံးကစိတ်မကောင်းရုံသာတတ်နိုင်သည်။လှမ်းပြီးနှစ်သိမ့်ပေးရုံနဲ့မပြီးတဲ့ကိစ္စမို့အားလုံးကဒီအတိုင်းသာငြိမ်နေမိကြ၏။
တစ်ရွာလုံးလေးစားအားကျရတဲ့မိုးညိုမောင်ကမြို့သူမိန်းကလေးကိုမူးမူးနဲ့မတော်မတရားပြုကျင့်သည်တဲ့လေ...။ကြားကြားချင်းတစ်ရွာလုံးအံ့ဩတကြီးဖြစ်ခဲ့ရသည်။ကျူးလွန်းသူကမိုးညိုမောင်ဆိုတော့ပိုပြီးတုန်လှုပ်သွားကြသည်။
မယုံချင်ကြပေမယ့်လည်းမြို့သူမိန်းကလေးဘက်ကတထစ်ကျပြောနေသည်မဟုတ်လား...။ဘယ်မိန်းကလေးကမှကိုယ့်သိက္ခါအကျခံပြီးဒီလိုကိစ္စကိုလုပ်ကြံပြောဆိုမှာမဟုတ်တဲ့အတွက်တစ်ရွာလုံးကဒီကိစ္စကိုတကယ်လို့မှတ်ယူကြလေတော့သည်။အဲဒီအထဲမှာရပ်မိရပ်ဖတွေဖြစ်တဲ့သူတို့လည်းအပါအဝင်ဖြစ်သည်။
သူတို့အားလုံးမိုးညိုမောင်အတွက်စိတ်မကောင်းကြပေမယ့်ဘယ်တတ်နိုင်မလဲ...။ကံစီမံရာအတိုင်းပဲပေါ့...။ရပ်ရွာလူကြီးတွေဖြစ်တဲ့သူတို့ကတော့နစ်နာသူမိန်းကလေးရဲ့သဘောဆန္ဒအတိုင်းလုပ်ဆောင်ပေးရမှာပဲဖြစ်သည်။အပြစ်ကျူးလွန်သူကအပြစ်ဒဏ်ခံရမှာသဘာဝပဲမဟုတ်လား...။
" တောက်...ဟာကွာ...စောက်အဓိပ္ပါယ်မရှိလိုက်တာ..."
ဒါဘယ်လိုကျီစယ်မှုမျိုးလဲ...။မူးမူးနဲ့တွေကရာမိန်းမကိုမုဒိန်းတက်ကျင့်ရအောင်သူ့ -ီးကအဲဒီလောက်အထိမသရမ်းတတ်ပေ...။
တောက်...။
ရှူးရှူးရှဲရှဲဖြစ်နေတဲ့မိုးညိုကိုအားလုံးကအရောင်တစ်ချို့ရောစပ်တဲ့အကြည့်တွေနဲ့ငေးကြည့်နေကြလေသည်။
ဘယ်လိုပဲကြည့်နေနေမိုးညိုမောင်ဆိုတဲ့ကောင်ကစောက်ဂရုမစိုက်သလို၊စိတ်လည်းမဝင်စားပေ...။ဘာမှဂဃဏနမသိပဲလူတစ်ယောက်ကိုအမြင်နဲ့ဆုံးဖြတ်ကြတဲ့ဒီလူတွေကသိပ်ကိုရွံဖို့ကောင်းလွန်းသည်။
ရင်ထဲကလှိုက်တက်လာတဲ့ဒေါသကြောင့်မိုးညိုတစ်ယောက်မျက်နှာကြီးနီရဲကာဆောက်တည်ရာမရဖြစ်နေမိသည်။အများနဲ့တစ်ယောက်ဖြစ်နေရတဲ့အတွက်လူကအခုချိန်မှာကူရာမဲ့နေ၏။သူ့နံဘေးမှာထိုင်နေတဲ့ဝေကတော့အခုထိဘာစကားတစ်ခွန်းမှဝင်မပြောပဲတိတ်ဆိတ်ငြိမ်သက်နေလေသည်။
" ဝေ..."
သူခေါ်လိုက်တော့ဝေကသူ့ကိုမော့ကြည့်လာခဲ့သည်။သို့သော်ဘာစကားတစ်ခွန်းမှမပြောပေ...။ဒီအတိုင်းသာတွေတွေလေးသူ့ကိုငေးကြည့်နေ၏။
" ဝေ...ကိုမိုးညိုယုံတယ်မဟုတ်လား...ဟင်...ကိုမိုးညို အဲဒီလိုစိတ်မရှိဘူးဆိုတာဝေယုံတယ်မဟုတ်လား..."
ဝေ့ရဲ့လက်လေးကိုကိုင်ပြီးသူမေးနေမိသည်။သူမယုတ်မာတတ်ဘူးဆိုတာဝေယုံမှရမည်။မဟုတ်ဘူး...။ယုံကိုယုံရမည်။
ယုံကြည်ပေးပါ...ဝေ...။
ကိုမိုးညိုဒီလိုမျိုးမလုပ်ဘူးဆိုတာယုံကြည်ပေးပါ...။
တခြားသူတွေဘယ်လိုပဲထင်ထင်၊ဝေကတော့ကိုမိုးညိုကိုယုံကြည်ပေးပါ...။
တောင်းဆိုတဲ့အနေနဲ့ဝေ့ရဲ့လက်လေးနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်သူဆုပ်ကိုင်လိုက်၏။ပြီးတော့ရီဝေဝေဖြစ်​နေတဲ့ဝေ့ရဲ့မျက်ဝန်းထဲမှာသူ့အတွက်ဖြစ်တည်လာမယ့်အဖြေတစ်ချို့ကိုသူရှာဖွေနေမိသည်။
ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုနဲ့ကိုမိုးညိုတို့ကမ္ဘာမခြားပါရစေနဲ့ ဝေရယ်...။
" ရဝေ...သား...ရဝေ..."
" အာစိ...အာစိ..."
ထိုအခိုက်...။
ခြံထဲကိုအမောတကောပြေးဝင်လာကြတဲ့ဒေါ်ချိုမြ၊ငကျော်နဲ့ဝတုတ်တို့သုံးယောက်...။သုံးယောက်လုံးကချွေးတွေရွှဲနင့်ကာမောဟိုက်နေကြ၏။
" ဘယ်လိုဖြစ်ကြတာလဲ...သားရယ်...ကြားရတဲ့သတင်းကမထိတ်သာမလန့်သာရှိလိုက်တာ..."
ဒေါ်ချိုမြကပခုံးပေါ်တင်ထားတဲ့တဘတ်နဲ့မျက်နှာကိုသုတ်ရင်းရဝေရဲ့အနားမှာဝင်ထိုင်လိုက်၏။ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ကတော့မိုးညိုရဲ့အနားမှာဝင်ထိုင်လိုက်ကြသည်။
ဒေါ်ချိုမြမေးနေပေမယ့်သူကြီးတို့အပါအဝင်ဦးအောင်ကြွယ်တို့ကမဖြေချင်တဲ့ပုံစံနဲ့မျက်နှာလွှဲသွားကြသည်။သားဖြစ်သူကိုကြည့်လိုက်မိပြန်တော့လည်းသူ့ယောက်ျားဖြစ်သူကိုသာတွေတွေလေးငေးကြည့်နေလေ၏။
" ဘယ်လိုဖြစ်တာလဲလို့...ဟင်...သား...ရဝေ...အမေ့ကိုပြောစမ်းပါ..."
" အမေရွာထဲမှာကြားခဲ့သလိုပဲ...အမေ..."
" ဟေ..."
သားဖြစ်သူရဲ့တိုးညှင်လှတဲ့အဖြေကြောင့်ဒေါ်ချိုမြအံ့ဩသွားရတော့သည်။ဒါဆိုသူ(မ)ကြားခဲ့ရတဲ့သတင်းကအမှန်ပဲပေါ့...။
ဟုတ်ပါ့မလား...။
မဖြစ်နိုင်ဘူးထင်သည်။တစ်ခုခုတော့မှာနေပြီ...။သူ(မ)သမက်ကမူးရူးသောက်စားတတ်တယ်ဆိုပေမယ့်သူများသားပျို၊သမီးပျိုလေးတွေကိုတော့လက်မသရမ်းတတ်ဘူးဆိုတာဒေါ်ချိုမြသိသည်။ပြီးတော့ယုံကြည်သည်။
တစ်ခုခုတော့မှားနေပြီ...။
ယမင်းကိုလှမ်းကြည့်လိုက်တော့သူ(မ)အဖေရဲ့ရင်ခွင်ထဲမှာရှိုက်ကြီးတငင်ငိုကြွေးနေလေရဲ့...။ဦးအောင်ကြွယ်ရဲ့မျက်နှာကလည်းဒေါသကြောင့်နီရဲပြီးတင်းမာနေ၏။
ဒါဆိုဘယ်သူကမှားပြီး၊ဘယ်သူကမှန်နေတာလဲ...။
" ဟာ...မဖြစ်နိုင်တာဗျာ...ကျွန်တော်တို့အာစိကအဲဒီလိုလုပ်မယ့်လူမျိုးမဟုတ်ဘူးဗျ..."
" ဟုတ်တယ်...ကျွန်တော်တို့အာစိကသူ့ဖာသာသောက်စားမူးရူးတာ...ဘယ်သူ့ကိုမှနှုတ်နဲ့ကော၊လက်နဲ့ပါစော်ကား၊မော်ကားမပြုမူတတ်ဘူးဗျ..."
ကြားလိုက်ရတဲ့သတင်းကမမှန်ဘူးဆိုတာသူတို့နှစ်ယောက်ယုံသည်။ပြီးတော့အာစိကိုလည်းသူတို့ယုံသည်။သူတို့ရဲ့အာစိကသောက်စားတတ်တာကလွဲလို့အခြားကိစ္စတွေမှာအရှုပ်အရှင်းကင်းတယ်ဆိုတာအသက်နဲ့တောင်သူတို့လောင်းကြေးထပ်ရဲသည်။
" ရှင်တို့မတရားမပြောနဲ့...အဟင့်...အီး...ဟီး..."
" ကျစ်...ဟာကွာ..."
အဓိပ္ပါယ်မရှိလိုက်တာ...။အာစိကကိုများစွပ်စွပ်စွဲစွဲနဲ့...။
" ကျွန်တော်ဒီကိစ္စကိုဒီမှာပဲမပြီးချင်ဘူး ကိုသာဒွေး...ကျွန်တော့်မှာဒီသမီးတစ်ယောက်ပဲရှိတာ..."
ဦးအောင်ကြွယ်ရဲ့စကားကြောင့်လက်သီးကိုတင်းနေအောင်မိုးညိုဆုပ်လိုက်မိသည်။
ကြိုက်တဲ့နေရာကိုသွားလိုက်စမ်း...။
မိုးညိုမောင်ဆိုတဲ့ကောင်ကကိုယ့်ဘက်ကသာမှန်နေရင်ငရဲမင်းကိုတောင်စစ်ခင်းရဲတဲ့ကောင်...။
" ကျွန်တော်တို့ဒီကိစ္စကိုစခန်းမှာရှင်းကြတာပေါ့..."
" ဟာ..."
" ဟင်..."
ဦးအောင်ကြွယ်ရဲ့စကားကအားလုံးကိုအံ့အားသင့်သွားစေသည်။ဒီအတိုင်းဆိုမိုးညိုမောင်ကိုမုဒိန်းမှုနဲ့ထောင်ချမယ်ပေါ့...။
" ဟို...ကိုအောင်ကြွယ်ရယ်...ဒီကိစ္စဆိုတာက..."
" ကြိုက်တဲ့နေရာမှာရှင်းစမ်းပါစေ အမေ...ကျွန်တော့်ယောက်ျားရဲ့ကိုယ်ကျင့်တရားကိုကျွန်တော်ယုံတယ်..."
" ဝေ..."
" ဘာကွ..."
" ဟင်..."
အချိန်အတော်ကြာငြိမ်သက်နေတဲ့ရဝေ့ဆီကနေထွက်လာတဲ့စကားတစ်ခွန်းကထိုအတိုင်းသားဖြစ်ပေသည်။
တိကျပြီးပြတ်သားတဲ့ရဝေ့ရဲ့စကားကြောင့်အားလုံးကမျက်လုံးပြူး၊မျက်ဆံပြူးဖြစ်ကုန်ကြ၏။ပြီးနောက်အားလုံးကရဝေ့ကိုစူးစိုက်ကာကြည့်လာကြသည်။ဦးအောင်ကြွယ်တို့သားအဖနှစ်ယောက်ကလည်းရဝေ့ကိုမယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့လှမ်းကာကြည့်နေလေသည်။
" အားတော့နာပါတယ် ဦးလေးအောင်...ကျွန်တော်ကကိုမိုးညိုရဲ့တရားဝင်လင်ယောက်ျားပါ...ကျွန်တော့်ယောက်ျားဘယ်လိုစိတ်နေ၊စိတ်ထားရှိလည်းဆိုတာသူ့ယောက်ျားဖြစ်တဲ့ကျွန်တော်ကအသိဆုံးပါ..."
" ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြားအော်လိုက်ရုံနဲ့အလိုမတူပဲအဓမ္မမှုဖြစ်သွားတယ်လို့တော့လာမပြောနဲ့..."
" အားလုံးကဒီကိစ္စရဲ့အခြေအနေအရင်းအမြစ်ကိုဂဃဏနသိကြတာလည်းမဟုတ်ဘူး...အဲတော့...ဦးလေးအောင်ကြိုက်တဲ့နေရာမှာခေါ်ရှင်းလိုက်ပါ...ကျွန်တော်တို့ဘက်ကလာဖို့အဆင်သင့်ပဲ..."
" သား..."
" ဝေ..."
ဘေးနားမှာမတ်တပ်ရပ်နေတဲ့ယောက်ျားဖြစ်သူရဲ့လက်ကိုရဝေကအားပေးနှစ်သိမ့်တဲ့အနေနဲ့တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ပြီးတော့လှလှပပလေးပြုံးပြလိုက်သည်။
ကျွန်တော်ခင်ဗျားကိုယုံတယ် ကိုမိုးညို...။
" ဟော...ဟိုမှာရဲတွေလာပြီ..."
ရပ်မိရပ်ဖအဖွဲ့ဝင်ဖြစ်တဲ့ဦးခင်မောင်ကခြံဝကိုလက်ညှိုးထိုးပြတာကြောင့်သူတို့အားလုံးလှည့်ကြည့်လိုက်ကြသည်။ခြံထဲကိုဝင်လာကြတဲ့ရဲသုံးယောက်ကိုကြည့်ပြီးရဝေပြုံးလိုက်မိသည်။
အဟက်...။
ဇာတ်လမ်းကအစီအစဥ်ကျလှချည်လား...။
" ကျွန်တော်က(....)ရဲစခန်းကဒုရဲအုပ်(....)ပါ...ဒီကကိုမိုးညို​မောင်ကိုမယမင်းကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးစရာလေးရှိလို့စခန်းကိုခဏလောက်ခေါ်သွားပါရစေ..."
ဒုရဲအုပ်ကပြောပြီးတာနဲ့ဘေးနားကရဲနှစ်ယောက်ကိုမျက်စပစ်လိုက်၏။ထိုအခါဘေးနားမှာရပ်နေကြတဲ့ရဲနှစ်ယောက်ကမိုးညိုရဲ့အနားကိုလျှောက်လာပြီးလက်ထိပ်ခတ်လိုက်ကြသည်။မြန်ဆန်လှတဲ့အဖြစ်အပျက်ကိုအားလုံးအကြောင်သားငေးကြည့်နေမိကြသည်။
" ဝေ..."
ချိုသာပြီးနူညံ့လွန်းတဲ့အသံပိုင်ရှင်ကိုရဝေမော့ကြည့်လိုက်မိသည်။ပြီးနောက်စတီးလ်လက်ကောက်နှစ်ခုကြားထဲရောက်နေတဲ့ခပ်ကြမ်းကြမ်းလက်နှစ်ဖက်ကိုရဝေဆုပ်ကိုင်လိုက်၏။သူ့ယောက်ျားကလက်ထိပ်အခတ်ခံထားရလည်းချောမောနေဆဲပင်...။
" ခင်ဗျားကိုကျွန်တော်အပြည့်အဝယုံကြည်တယ်ကိုမိုးညို...ကျွန်တော့်ယောက်ျားကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ..."
ယုံတယ်တဲ့လား ဝေရယ်...။
ဒီကကောင်ကိုအပျော်လွန်ပြီးသေစေချင်နေတာလား...။
" ပြီးတော့...ချစ်တယ်..."
သူ့အနားကိုတိုးကပ်ပြီးတိုးတိတ်စွာဖွင့်ဟလိုက်တဲ့စကားလုံးလေး...။
" ချစ်တယ် " တဲ့လား...။
အံ့ဩလွန်းလို့ရဝေ့ရဲ့မျက်နှာလေးကိုကြောင်အကာမိုးညိုငေးကြည့်လိုက်မိသည်။ဝုန်းဒိုင်းကြဲနေတဲ့ရင်ခုန်သံတို့ကြောင့်လူကတစ်ကိုယ်လုံးတုန်ရီနေ၏။ပျော်လွန်းလို့ရစ်ဝဲလာတဲ့မျက်ရည်များကလည်းမျက်လုံးနှစ်ဖက်လုံးမှာအပြည့်နေရာယူထားလေရဲ့...။
ဝေကသူ့ကိုချစ်တယ်တဲ့လား...။
သူအိမ်မက်,မက်နေတာတော့မဟုတ်ပါဘူးနော်...။
" အားလုံးပဲခွင့်ပြုပါဦး..."
အံ့ဩလွန်းလို့တောင့်တောင့်ကြီးရပ်နေမိတဲ့မိုးညိုခမျာရဲသားနှစ်ယောက်ရဲ့ဆွဲခေါ်ရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါလာခဲ့တော့သည်။ခြေလှမ်းတွေကအရှေ့ကိုဦးတည်နေပေမယ့်အကြည့်တွေကတော့ကျန်ရစ်ခဲ့တဲ့ချစ်ရသူဆီမှာသာရစ်ဝဲနေ၏။
ခြံထဲကနေတရွေ့ရွေ့ထွက်သွားတဲ့ကိုမိုးညိုကိုမြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အထိရဝေငေးကြည့်နေမိသည်။ရဲသားနှစ်ယောက်ဆွဲခေါ်ရာနောက်ကိုပါသွားပေမယ့်သူ့ဆီကိုလှည့်လှည့်ကြည့်နေတဲ့သူ့ရဲ့ယောက်ျား...။
ဒီမြင်ကွင်းကကျွန်တော့်ကိုဘယ်လောက်အထိနာကျင်စေလည်းဆိုတာခင်ဗျားမသိဘူးမလား ကိုမိုးညို...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
တိတ်ဆိတ်နေတဲ့အခန်းတစ်ခုထဲမှာဘေးတစ်စောင်းအိပ်ပျော်နေတဲ့အမျိုးသားတစ်ယောက်...။
ပြီးတော့...။
-----------------------
ဒီလောက်ဆိုသူ​သဘောပေါက်လိုက်ပြီး...။ဒီလူတွေကသူရှင်းပြတာကိုမယုံကြည်ကြဘူးဆိုတာပင်...။
" ယမင်း " ဆိုတဲ့မိန်းခလေးကိုသူကမတော်မတရားပြုကျင့်ဖို့ကြံတယ်တဲ့လား...။
စွပ်စွဲတဲ့မိန်းမကိုလည်းသတ်ပစ်လိုက်ချင်သလို၊အဲ့ဒီမိန်းမရဲ့စကားကိုယုံကြည်နေကြတဲ့လူတွေအားလုံးကိုလည်းသူသတ်ပစ်လိုက်ချင်သည်။
ဒီလောက်ပဲ...။
ဒါပေမယ့်...။
ကြည့်ထားကြစမ်း...။
" အဟင့်...ဟီး...ရွှတ်...ရှင်အဲ့လိုမပြောနဲ့...ကျွန်မကမိန်းခလေးတန်မဲ့မဟုတ်မမှန်စွပ်စွဲပါ့မလား...​"
" အဟင့်...ဟင့်...သမီးရဲ့ဘဝကတော့သွားပါပြီးဒယ်ဒီရယ်..."
ကျစ်...။
" တောက်...ကွာ..."
အခုတော့...။
ဦးအောင်ကြွယ်တစ်ယောက်သမီးဖြစ်သူရဲ့ကိုယ်လုံးလေးကိုခပ်တင်းတင်းလေးပွေ့ဖက်ပြီးတိတ်တဆိတ်မျက်ရည်ကျနေမိသည်။သူ့သမီလေးရဲ့ဘဝကတော့ရေတိမ်နစ်ရှာပြီး...။
ဦးအောင်ကြွယ်တို့သားအဖနှစ်ယောက်ကိုကြည့်ပြီးသူကြီးဦးသာဒွေးတို့ရပ်ရွာလူကြီးတွေဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြ၏။ပြန်ပြင်လို့မရတော့တဲ့အမှားမို့အားလုံးကစိတ်မကောင်းရုံကလွဲပြီးမတတ်နိုင်ပေ...။လှမ်းပြီးနှစ်သိမ့်ပေးရုံနဲ့မပြီးတဲ့ကိစ္စမို့အားလုံးကဒီအတိုင်းသာငြိမ်နေမိကြသည်။
မယုံချင်ကြပေမယ့်လည်းမြို့သူမိန်းခလေးဘက်ကတထစ်ကျပြောနေသည်မဟုတ်လား...။ဘယ်မိန်းခလေးကမှကိုယ့်သိက္ခါအကျခံပြီးဒီလိုကိစ္စကိုလုပ်ကြံပြောဆိုမှာမဟုတ်တဲ့အတွက်တစ်ရွာလုံးကဒီကိစ္စကိုတကယ်လို့မှတ်ယူကြလေတော့သည်။အဲ့ဒီထဲမှာရပ်မိရပ်ဖတွေဖြစ်တဲ့သူတို့လည်းအပါအဝင်ဖြစ်သည်။
တောက်...။
ရှူးရှူးရှဲရှဲဖြစ်နေတဲ့သူ့ကိုအားလုံးကအရောင်တစ်ချို့ရောစပ်နေတဲ့အကြည့်တွေနဲ့ငေးကြည့်နေကြလေရဲ့...။
" ဝေ..."
" ဝေ...ကိုမိုးညိုယုံတယ်မဟုတ်လား...ဟင်...ကိုမိုးညိုအဲ့ဒီလိုစိတ်မရှိဘူးဆိုတာဝေယုံတယ်မဟုတ်လား..."
ယုံကြည်ပေးပါ...ဝေ...။
" ရဝေ...သား...ရဝေ..."
" အာစိ...အာစိ..."
ဒေါ်ချိုမြမေးနေပေမယ့်သူကြီးတို့အပါအဝင်ဦးအောင်ကြွယ်တို့ကမဖြေချင်တဲ့ပုံစံနဲ့မျက်နှာလွှဲသွားကြလေသည်။သားဖြစ်သူကိုကြည့်လိုက်မိပြန်တော့လည်းသူ့ယောက်ျားဖြစ်သူကိုသာတွေတွေလေးငေးကြည့်နေလေရဲ့...။
" ဟေ..."
ဟုတ်ပါ့မလား...။
မဖြစ်နိုင်ဘူးထင်သည်။တစ်ခုခုတော့မှာနေပြီး...။သူမသမက်ကမူးရူးသောက်စားတတ်တယ်ဆိုပေမယ့်သူများသားပျို၊သမီးပျိုလေးများကိုတော့လက်မသရမ်းတတ်ဘူးဆိုတာဒေါ်ချိုမြသိသည်။ပြီးတော့ယုံကြည်သည်။
တစ်ခုခုတော့မှားနေပြီး...။
" ဟာ...မဖြစ်နိုင်တာဗျာ...ကျွန်တော်တို့အာစိကအဲ့ဒီလုပ်မယ့်လူမျိုးမဟုတ်ဘူးဗျ..."
" ဟုတ်တယ်...ကျွန်တော်တို့အာစိကသူ့ဖာသာသောက်စားမူးရူးတာ...ဘယ်သူ့ကိုမှနှုတ်နဲ့ရော၊လက်နဲ့ပါစော်ကားမော်ကားမပြုမူတတ်ဘူးဗျ..."
" ကျစ်...ဟာကွာ..."
ဦးအောင်ကြွယ်ရဲ့စကားကြောင့်မိုးညိုတစ်ယောက်လက်သီးကိုတင်းနေအောင်ဆုပ်လိုက်မိသည်။
" ဟာ..."
" ဟင်..."
" ဝေ..."
" ဘာကွ..."
" ဟင်..."
အချိန်အတော်ကြာမှထွက်ပေါ်လာတဲ့ရဝေ့ရဲ့ပထမဆုံးစကား...။တိကျပြီးပြတ်သားတဲ့ရဝေ့ရဲ့စကားကြောင့်အားလုံးကအံ့ဩသင့်သွားကြသည်။ဦးအောင်ကြွယ်တို့သားအဖနှစ်ယောက်ကလည်းရဝေ့ကိုမယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့လှမ်းကာကြည့်နေ၏။
" အားတော့နာပါတယ်ဦးလေးအောင်...ကျွန်တော်ကကိုမိုးညိုရဲ့တရာဝင်လင်ယောက်ျားပါ...ကျွန်တော့်ယောက်ျားဘယ်လိုစိတ်နေစိတ်ထားရှိလည်းဆိုတာသူ့ယောက်ျားဖြစ်တဲ့ကျွန်တော်ကအသိဆုံးပါ..."
" ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြားအော်လိုက်ရုံနဲ့အလိုမတူပဲအဓမ္မမှုဖြစ်သွားတယ်လို့တော့လာမပြောနဲ့....အားလုံးကဒီကိစ္စရဲ့အခြေအနေအရင်းအမြစ်ကိုဂဃဏနသိကြတာလည်းမဟုတ်ဘူး...အဲ့တော့...ဦးလေးအောင်ကြိုက်တဲ့နေရာမှာခေါ်ရှင်းလိုက်ပါ...ကျွန်တော်တို့ဘက်ကလာဖို့အဆင်သင့်ပဲ..."
" သား..."
" ဝေ..."
" ဟော...ဟိုမှာရဲတွေလာပြီး..."
အဟက်...။
" ကျွန်တော်က(....)ရဲစခန်းကဒုရဲအုပ်(....)ပါ...ဒီကကိုမိုးညိုကိုမယမင်းကိစ္စနဲ့ပတ်သတ်ပြီးမေးစရာလေးရှိလို့စခန်းကိုခဏလောက်ခေါ်သွားပါရစေ..."
" ဝေ..."
" ခင်ဗျားကိုကျွန်တော်အပြည့်အဝယုံကြည်တယ်ကိုမိုးညို...ကျွန်တော်ယောက်ျားကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ..."
ယုံတယ်တဲ့လားဝေရယ်...။
" ပြီးတော့...ချစ်တယ်..."
" ချစ်တယ် " တဲ့လား...။
ခြံထဲကနေတရွေ့ရွေ့ထွက်သွားတဲ့ကိုမိုးညိုကိုမြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အထိသူငေးကြည့်နေမိသည်။ရဲသားနှစ်ယောက်ဆွဲခေါ်ရာနောက်ကိုယက်ကန်ယက်ကန်ပါသွားပေမယ့်သူ့ဆီကိုလှည့်လှည့်ကြည့်လာတဲ့သူ့ရဲ့ယောက်ျား...။
ဒီမြင်ကွင်းကကျွန်တော့်ကိုဘယ်လောက်ထိနာကျင်စေလည်းဆိုတာခင်ဗျားမသိဘူးမလား...ကိုမိုးညို...။
---------------------------------------------------------
Đọc tiếp
Bạn Cũng Sẽ Thích
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.2M 89.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.