Xiao Bai Yang ||Myanmar Trans...

De callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... Mais

Synopsis
1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

4

13K 1.8K 510
De callme__kitty

[Unicode]

'တူညီသည့်အဆောင်သို့'

သူ နည်းပြအခန်းထဲသို့ ပြေးဝင်သွားပြီး မနေ့တစ်နေ့က အောက်ဆီဂျင်မရလို့ သောင်းကျန်းမိ၍ အိမ်သာထဲပိတ်ခံထားရခြင်းက နည်းပြဆရာအပေါ် ဘယ်လောက်ထိ အထင်အမြင်မကောင်းမှုဖြစ်နေစေသလဲဆိုတာတောင် ဂရုမစိုက်ဘဲ မျက်နှာပြောင်ပြောင်နှင့်မေးလိုက်သည်။ "နည်းပြ၊ ကျွန်တော့်ကို အဆောင်ပြောင်းပေးပါ။"

ဝမ်ရွှန့်ဝေး မျက်ခုံးပင့်သွားသည်။ "ဘာအဓိပ္ပါယ်လဲ။"

ပိုင်ရှင်းယွီမှာ ထငိုမိတော့မတတ်။ "အခြားအဆောင်ပြောင်းပေးလို့!"

ဝမ်ရွှန်းဝေ မျက်နှာတည်ဖြင့်ပြောလိုက်သည်။ "လူသစ်စခန်းရဲ့ နေထိုင်ရေးအခြေအနေတွေက နည်းနည်းတော့ခက်ခဲတယ်ဆိုပေမယ့် အချိန်တစ်ခုကျ အဆင်ပြေသွားမှာပါ။ လေ့ကျင့်ရေးတွေပြီးသွားရင်လည်း မင်းတို့အကုန်လုံးကို အခြေအနေပိုကောင်းတဲ့တပ်ခွဲတွေဆီ ပြောင်းပို့ပေးမှာပဲ။ မင်း အရင်က ဒီ့ထက်ကောင်းတဲ့အခြေအနေတစ်ခုမှာ နေခဲ့ရတာကို ငါသိတယ်။ ဒါပေမယ့် တပ်ထဲရောက်လာတဲ့အချိန် လူတိုင်းက ညီတူညီမျှဆက်ဆံခံရမယ်။ ဘယ်သူကမှ အခွင့်ထူးခံခွင့်ရမှာမဟုတ်ဘူး။ ဆိုတော့ ငါ့မှာ မင်းကို အဆောင်ပြောင်းပေးသင့်တယ်ဆိုတဲ့ အကြောင်းအရင်းမရှိဘူး။"

"နည်းပြ .. ကျွန်တော် တောင်းပန်ပါတယ်။ အခြားအဆောင်တစ်ခု ပြောင်းပေးပါ။ အဆောင်ရဲ့နေထိုင်ရေးအခြေအနေက ဆိုးတယ်လို့ ကျွန်တော်မထင်ပါဘူး။ မဟုတ် .. အခြေအနေက တော်တော်လေးဆိုးတယ်ဆိုပေမယ့် အဲ့အကြောင်းပြချက်က အဓိက မဟုတ်ပါဘူး .."

ဝမ်ရွှန့်ဝေး မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။ "ဒီရဲဘော်လေး မင်း ဘာဖြစ်နေတာလဲ။ ငါ တပ်သားသစ်တွေကို ဦးဆောင်လာတာ နှစ်ချီနေပြီ .. အဆောင်ပြောင်းချင်တဲ့ တပ်သားသစ်ဆိုပြီး တစ်ခါမှမကြားဖူးပါဘူး။"

ပိုင်ရှင်းယွီတစ်ယောက် အဆောင်ပြောင်းနိုင်ဖို့ မျှော်လင့်ချက်မရှိတော့မှန်းတွေ့လိုက်တာနှင့် ရုတ်တရက် ဒီကိုမလာခင် သူ့အမေပြောခဲ့တာများကို အမှတ်ရလာတော့သည်။

သူ့အစ်ကိုက သူ့ကို စောင့်ရှောက်ပေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းပေးထားတယ်ဆိုပဲ။ နာမည်က ဘာပါလိမ့်။ သူ တုန့်တုန့်ဆိုင်းဆိုင်းနှင့်ပြောလိုက်သည်။ "နည်းပြ၊ ခင်ဗျား ယွီ ..ယွီဖုန်းချန်ဆိုတဲ့လူကို သိလား။ သူက ဘယ်အဆောင်မှာနေတာလဲ။ သူက ကျွန်တော့် .. ကျွန်တော့်ဇာတိကပဲ။ ကျွန်တော် သူ့ကို သွားရှာချင်လို့။"

ဝမ်ရွှန့်ဝေး ထူးဆန်းလှတဲ့အပြုံးတစ်ခုနှင့်ပြုံးလာသည်။ "မင်း သူ့ကိုရှာချင်လို့လား။"

ပိုင်ရှင်းယွီ ထပ်တလဲလဲခေါင်းညိတ်ပြရင်း အလောတကြီးရှာနေကြောင်း ပိုသိသာစေသည်။

ဝမ်ရွှန့်ဝေး ရုတ်တရက်တက်ကြွလာပြီး သူ့လက်နှစ်ဖက်ကိုပွတ်လျက် ထရပ်လိုက်သည်။ "လာ၊ လာ၊ ငါ မင်းကို သူ့ဆီခေါ်သွားပေးမယ်။"

ပိုင်ရှင်းယွီ သူ့နောက်မှ မရေရာခြင်းပေါင်းများစွာနှင့်လိုက်သွားပြီး ဟိုဝင်ဒီထွက်နှင့် နောက်ဆုံး သူ့အဆောင်ရှိရာသို့ပြန်ရောက်လာသည်။ သူ အံဩသွားတော့သည်။ "သူက ကျွန်တော်နဲ့ အဆောင်တူတူပဲလား။"

သူ့မှာ ပျော်သွားရုံတင်မဟုတ်။ ထိုယွီဖုန်းချန်ဆိုသူက ဟိုဂြိုဟ်ဆိုးကောင်ကို ထိန်းနိုင်လောက်တဲ့အထိ မိမိုက်နေဖို့မျှော်လင့်မိနေသည်။

ဝမ်ရွှန့်ဝေး ပွဲကောင်းတစ်ခုကို ကြည့်ရတော့မလိုမျက်နှာထားနှင့် အဆောင်တံခါးရှေ့မှ လှမ်းအော်ခေါ်လိုက်သည်။ "ရဲဘော်ယွီဖုန်းချန်"

ပိုင်ရှင်းယွီ သူ့ကယ်တင်ရှင်ဖြစ်လာမည့်လူကို မျက်လုံးပြူးကျယ်ထားရင်း လိုက်ရှာတော့သည်။

သို့သော် သူ ကြောက်ရွံ့ရပြီး မုန်းလည်းမုန်းရတဲ့ဂြိုဟ်ဆိုးကောင်က ခေါင်းလှည့်ကြည့်လျက် ခါးမတ်မတ်ထားရင်း ခပ်ကျယ်ကျယ်ပြန်ဖြေလာသည်။ "ရောက်ရှိ!

ပိုင်ရှင်းယွီ ခဏလေးအတွင်း သူ့ကမ္ဘာတစ်ခုလုံး ပြိုလဲကျသွားသလိုပင်။

စနောက်ချင်နေသည့်မျက်ဝန်းများဖြင့် ဝမ်ရွှန့်ဝေးက ပိုင်ရှင်းယွီကို အရှေ့သို့တွန်းပို့၍ပြောလာသည်။ "သူက မင်းကိုရှာနေတာ။"

ယွီဖုန်းချန် 'အို' ဟု သံရှည်ဆွဲပြောလျက် အပြုံးမမည်သည့်အပြုံးတစ်ခုဖြင့် သူ့အနားသို့လျှောက်သွားလိုက်သည်။ "ဘာကိစ္စရှိလို့ ငါ့ကိုလာရှာတာလဲ။"

ပိုင်ရှင်းယွီမျက်နှာတစ်ခုလုံး ဖြူလျော့နေပြီး ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် တစ်ဖက်သူကိုကြည့်လျက် ငိုတောင်မငိုနိုင်တော့။

ယွီဖုန်းချန် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေတဲ့သူ့ကိုကြည့်ရင်း လက်မောင်းမှ ဆွဲကိုင်လို့ အဆောင်အပြင်သို့ခေါ်ထုတ်လျက် လူသူကင်းရှင်းသည့်ထောင့်တစ်ခုကို ဆွဲခေါ်သွားလိုက်တော့သည်။ "ပြောလေ။ ငါ့ကိုရှာပြီး ဘာလုပ်ချင်တာလဲ။ အထိုးခံချင်တာလား။"

ပိုင်ရှင်းယွီရဲ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေပေမယ့် ဘာစကားမှ ပြောမထွက်လာ။

ယွီဖုန်းချန် သူ့လက်နှစ်ဖက်ကို ပိုင်ရှင်းယွီရဲ့ဘေးတစ်ဖက်တစ်ချက်ဆီတွင် ထောက်ထားပြီး ငုံ့ကြည့်လိုက်သည်။ "မင်းက ပိုင်ရှင်းယွီမလား။"

အံ့ဩရိပ်များက ပိုင်ရှင်းယွီမျက်ဝန်းထဲ ဖြတ်ပြေးသွားတော့သည်။

"မင်းရဲ့ပျော့တိပျော့ညံ့ပုံစံကို မြင်ကတည်းက ငါ ခန့်မှန်းမိတယ်။"

ပိုင်ရှင်းယွီ ဒေါသတကြီးပြောလိုက်သည်။ "ဒါဆိုလည်း မင်း ဘာလို့.."

ယွီဖုန်းချန် ခပ်ညစ်ညစ်ပြုံးသွားသည်။ "မင်းရဲ့ဒီလိုအကျင့်စရိုက်မျိုးနဲ့ တပ်ထဲဝင်လာရဲတယ်? ဂရုစိုက်ပေးဖို့လူပါ ရှာလိုက်သေးတယ်ပေါ့။ မင်းစိတ်ထဲ ဒီနေရာက ကလေးထိန်းဌာနများမှတ်နေလား။"

ပိုင်ရှင်းယွီ နှာခေါင်းရှုံ့လိုက်သည်။ "ငါလည်း မင်းအကူအညီလိုနေတာမဟုတ်ဘူး။ ဘယ်သူက မင်းကို ကူညီပေးဖို့တောင်းဆိုနေလဲ။ မင်း ငါ့ကို ပြဿနာလာမရှာရင် အဆင်ပြေပြီ။ ပြောရရင် ငါ့အစ်ကိုနဲ့ မင်းဦးလေးနဲ့ကလည်း သူငယ်ချင်းကောင်းတွေပဲ။ မင်းမျက်နှာရတာပေါ့။"

ယွီဖုန်းချန် ရယ်သွားသည်။ "ငါက အဲ့မျက်နှာမလိုချင်ဘူးဆိုရင်ရော"

"မင်း!!"

ယွီဖုန်းချန် ခေါင်းငုံ့လျက် သူ့ရဲ့ချောမောလွန်းတဲ့မျက်နှာကို ပိုင်ရှင်းယွီအနားသို့ တဖြည်းဖြည်းတိုးကပ်လိုက်သည်။ "ငါ မင်းလို ငကြောက်ကောင်တွေကိုမြင်ရင် အရမ်းဒေါသထွက်တာပဲ။ မင်းရဲ့ဘယ်နားကများ ယောက်ျားနဲ့တူလဲ။"

ပိုင်ရှင်းယွီ သတ္တိများစုပြီး ပြန်ပြောလိုက်သည်။ "မင်းနဲ့ဘာဆိုင်လဲ။"

ယွီဖုန်းချန်မျက်နှာက သူ့အနား နီးလာလေ ပိုင်ရှင်းယွီ တစ်ခုခုမှားနေသလို ခံစားရလေဆိုပေမယ့် အဖြောင့်စစ်စစ်တစ်ယောက်အနေနှင့် ထိုခဏအတွင်း ဘယ်နားကမှားနေလဲ မပြောပြတတ်။ ထိုအခြေအနေက ယွီဖုန်းချန်ဘက်မှ စကားစပြောလာတဲ့အချိန်အထိပင်။ "ဒါပေမဲ့ မင်းက ကောင်းတာတစ်ခုမှမရှိတာမျိုးတော့ မဟုတ်ဘူး၊ အနည်းဆုံး ရုပ်ချောသားပဲ။"

မျက်စိရှေ့ရှိ ပျော့ပျော့အိအိကြက်ပေါက်လေးက ပန်းနုရောင်သမ်းတဲ့နှုတ်ခမ်း၊ ဖြူဖွေးပြီး နူးညံ့နေသည့်အသားအရည်များကို ပိုင်ဆိုင်ထားပြီး တကယ့်ကိုဟင်းကောင်းတစ်ခွက်ပင်။

ပိုင်ရှင်းယွီ မျက်မှောင်ကြုတ်လျက် ထိုစာကြောင်းကို အသေအချာပြန်စဉ်းစားကြည့်ပေမယ့် အခုထိ သဘောမပေါက်နိုင်သေး။

ယွီဖုန်းချန် သူ့နားရွက်အနား တိုးကပ်သွားပြီး တိုးဖွဖွပြောလိုက်သည်။ "မင်း ငါစောင့်ရှောက်ပေးတာခံချင်တယ်ဆို မဖြစ်နိုင်ဘူးလည်း မဟုတ်ပါဘူး။ တစ်ခုပဲ၊ မင်းက ငါ့ရဲ့လူဖြစ်လာရမယ်။"

ပိုင်ရှင်းယွီ မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။ သူ အခုမှသာ ဒီအခြေအနေကြားရှိ လေထုအသွားအလာကို နားလည်သွားတော့သည်။ ဆိုတော့ အဲ့ဒီမျိုးရိုး'ယွီ'က နောက်ပေါက်ကြိုက်တဲ့သူပေါ့! ပိုင်ရှင်းယွီ သူ့စိတ်ထဲ၌ ဘိုးဘေးဘီဘင်များအထိ ဆဲဆိုမိနေသည်။ သူ ဘယ်လောက်ပဲ ပျော့ညံ့တယ်ဟုဆိုပါစေ ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့အတွက် သူ့တင်ပါးများက ပံ့ပိုးကူညီပေးဖို့မဖြစ်နိုင်။ ဒါမိုက်ရူးရဲဆန်လွန်တယ်မလား!

သူ ယွီဖုန်းချန်ကို တွန်းထုတ်ပြီး ပြောလိုက်သည်။ "လစ်စမ်း၊ သောက်ဂေးကောင်! ငါနဲ့ဝေးဝေးမှာနေစမ်း!"

ယွီဖုန်းချန် စိတ်မတိုသွား။ ထိုအစား သူ့ကို တုန်တုန်ယင်ယင်ဖြစ်သွားစေသည့်အပြုံးတစ်ခု တပ်ဆင်လာသည်။ "မင်းမှာ ငါ့ကို စိတ်ဝင်တစားဖြစ်သွားစေမယ့်ကိုယ်လုံးလေးရှိရုံပါပဲ။ မင်း သဘောမတူချင်ဘူးလား။ ဒါဆိုလည်း မင်း ကောင်းကောင်းပြင်ဆင်ထားပေါ့။ ငါ မင်း ငိုယိုပြီး တောင်းဆိုလာမယ့်နေ့ကိုစောင့်နေမယ်။"

ပြောပြီးတာနှင့် သူ ပိုင်ရှင်းယွီရဲ့ပါးနုနုလေးကို တစ်ချက်ဆွဲညှစ်ပြီး လေတချွန်ချွန်နှင့်ထွက်သွားတော့သည်။

ပိုင်ရှင်းယွီ သူ့တစ်ကိုယ်လုံး ကြက်သီးများ ထလာတာကိုခံစားလိုက်ရသည်။ ငိုချင်တာတောင် မျက်ရည်မထွက်လာတော့။ လူသူမရှိ မှောင်မိုက်နေသည့်စင်္ကြံလမ်းက စစ်တပ်အတွင်း သူရှေ့ဆက်ရမယ့်ဘဝကို ရည်ညွှန်းနေသည့်အလား။

ယွီဖုန်းချန်၊ မင်းစောင့်ကြည့်နေ။ ဒီသခင်လေးက မင်းလက်ထဲ ဘယ်တော့မှအကျမခံဘူး!!

ပိုင်ရှင်းယွီ အတော်ကြာအောင် သူ့စိတ်သူပြင်ဆင်နေရတာမို့ တော်တော်နောက်ကျပြီးမှ အဆောင်ခန်းထဲသို့ ပြန်ဝင်လာသည်။ သူ အခန်းထဲဝင်လာတာနှင့် ယွီဖုန်းချန်က ခေါင်းမော့၍ သူ့ကို ဖြည်းဖြည်းချင်းစိုက်ကြည့်လာတာမို့ ထိုအကြည့်များက ပိုင်ရှင်းယွီကို ကြက်သီးတဖြင်းဖြင်းထသွားစေတော့သည်။ ပိုင်ရှင်းယွီမှာ မမြင်သလိုဟန်ဆောင်ထားရင်း သူ့အိပ်ရာရှိရာသို့ အင်တင်တင်နှင့်သွားလျက် ခရီးဆောင်အိတ်မှ အထုတ်များ စတင်ထုတ်လိုက်သည်။

ရုတ်တရက် သူ့အနောက်မှ ကတ်ကြေးညှပ်သံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံများမှာ သူ တမင်ကြားအောင် ညှပ်ပြနေသည်နှင့်တူလှပြီး နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ခေါင်းပေါ်ရှိဦးထုပ်က ဆွဲချွတ်ခြင်းခံလိုက်ရလေသည်။ သူ ဆက်ကနဲ အနောက်သို့လှည့်ကြည့်လိုက်ရာ ယွီဖုန်းချန်က သံချေးတက်နေသည့်ကတ်ကြေးကို ကိုင်ထားလျက် သူ့ကိုကြည့်နေတာကို မြင်လိုက်ရတော့သည်။

သူ ထိတ်လန့်တကြီးပြောလိုက်သည်။ "မင်း ဘာထပ်လုပ်ချင်ပြန်တာလဲ။"

ယွီဖုန်းချန် သူ့ဦးထုပ်သူချွတ်လျက် ဆံပင်ကေတိုလေးနှင့် တောက်တောက်ပြောင်ပြောင်နဖူးကို ပြသလာသည်။ ခေါင်းပေါ်တွင် ဆံပင်လုံးဝမရှိသလောက်နီးပါး ပါးလွှာနေသည့်ဆံပင်ပုံစံက သူ့မျက်နှာထက်တွင်တော့ အချိုးကျလိုက်ဖက်နေသည်။ စူးရှတဲ့မျက်ဝန်း၊ ခပ်မြင့်မြင့်နှာခေါင်းတို့ကလည်း နှိုင်းယှဉ်ဖွယ်မရှိအောင် ကြည့်ကောင်းလွန်းပြီး လူတစ်ယောက်လုံးအနေနှင့် ချောမောသေသပ်ပုံပေါ်လှသည်။

ယွီဖုန်းချန် သူ့ခေါင်းသူ ထိုးပြရင်းပြောလာသည်။ "မြင်လား၊ လူတိုင်း ထားရမယ့်ဆံပင်ပုံစံ။ မင်း မနက်ဖြန်အထိ ဒီဆံပင်ပုံစံအတိုင်းရှိနေမယ်ဆို နည်းပြခေါင်းဆောင်ရွှီက မင်းမျက်နှာကို မြေကြီးထဲထိုးသွင်းပြီး ကတုံးတုံးပစ်လိမ့်မယ်။" ထို့နောက်မှာတော့ သူက ကတ်ကြေးကို ဝှေ့ယမ်းပြလျက် ခပ်ညစ်ညစ်ပြုံးသွားသည်။ "ငါ မင်းကို မစောင့်ရှောက်ပေးဘူးလို့မပြောနဲ့တော့။ ငါ အခုပဲ မင်းရဲ့ပြဿနာကြီးကို ဖြေရှင်းပေးတော့မှာ။"

ပိုင်ရှင်းယွီ ချက်ချင်းဆိုသလို သူ့ဆံပင်ကို လက်ဖြင့်ကာထားပြီး မျက်ဝန်းပြူးကျယ်လျက်ပြောတော့သည်။ "ငါလူး .. မင်း! အနားမကပ်လာနဲ့!!"

ကြောက်ရွံ့နေတဲ့ဟမ်းစကားတစ်ကောင်လို ပြူးကျယ်နေသည့် ပိုင်ရှင်းယွီရဲ့မျက်ဝန်းများကိုကြည့်ရင်း ယွီဖုန်းချန် ရယ်ချင်သွားသည်။

ဘယ်အချိန်ကတည်းက အနားရောက်နေမှန်းမသိသည့် ချန်းလျန့်ကလည်း ဝင်ပြောလာသည်။ "သားကြီး၊ သူများပြောတာ သဘာဝကျတယ်။ မင်းရဲ့ဒီဆံပင်က အဆင်ပြေတာလဲ မဟုတ်ဘူး။ ညှပ်လိုက်စမ်းပါ။ တစ်ပင်နှစ်ပင်လောက် ညှပ်လိုက်ရတာပဲ၊ ဘာဖြစ်လဲ။"

"ဟင့်အင်း၊ ဟင့်အင်း။ ငါ မညှပ်ဘူး။"

ပိုင်ရှင်းယွီတစ်ယောက် ယွီဖုန်းချန် အနားတိုးကပ်လာတာကို မြင်သည်နှင့် ကုတင်ရဲ့အခြားတစ်ဖက်မှ ထွက်ပြေးဖို့လုပ်လိုက်သည်။ သို့ပေမယ့် သူ ကုတင်တစ်ခုနှင့်တစ်ခုကြား အကွာအဝေးက ကျဉ်းမြောင်းလွန်းတာကို မေ့သွားခဲ့သည်။ ရလဒ်အနေဖြင့် ကုတင်တစ်ဖက်သို့ခြေချပြီး မတ်တပ်ထရပ်ဖို့လုပ်တာနှင့် တစ်ဖက်ကုတင်စောင်းနှင့် ဒုန်းကနဲတိုက်မိသွားလေသည်။ နာကျင်မှုက သူ့ကို အားကနဲအော်သွားစေပြီး သူ ခြေထောက်ကို ကိုင်ထားလျက် ကုတင်ပေါ်သို့ ပြန်ထိုင်ချမိသွားသည်။

ယွီဖုန်းချန်ရဲ့လက်သည်းကြီးများက သူ့ကော်လံကို ဆုပ်ကိုင်လျက် အနောက်သို့ဆွဲခေါ်၍ တစ်ခါတည်း အိပ်ရာပေါ်သို့တွန်းချလို့ သူ့ရင်ဘတ်ကိုပါ ဒူးခေါင်းဖြင့် တက်ဖိထားလိုက်သည်။

ပိုင်ရှင်းယွီ သူ့ဆံပင်တွေကို ကာထားရင်း ကျယ်ကျယ်လောင်လောင်အော်လာသည်။ "ငါ မညှပ်ဘူး! မင်း ငါ့ကိုလွှတ်! ဒါကိုယ်ထိလက်ရောက်စော်ကား .. မဟုတ်၊ မာမား!! ကယ်ပါဦး!!!"

အဆောင်အတွင်းရှိ တပ်သားသစ်များ အားလုံး ဝိုင်းရယ်ကြတော့သည်။

ယွီဖုန်းချန် ပိုင်ရှင်းယွီပါးစပ်ကို အုပ်ထားရင်း ငုံ့ကိုင်းလျက် ပိုင်ရှင်းယွီတစ်ကိုယ်လုံး တုန်သွားစေသည့်အပြုံးတစ်ခုပြုံးပြလာသည်။ "မင်း ထပ်လှုပ်ရဲမယ်ဆို ငါ တကယ်ကိုယ်ထိလက်ရောက်စော်ကားပစ်မှာ။"

လူတိုင်းက ယွီဖုန်းချန် ဟာသပြောနေသည်ဟုထင်ကြပေမယ့် ပိုင်ရှင်းယွီတစ်ယောက်တည်းကသာ ဒီအရိုင်းအစိုင်းကောင် အတည်ပေါက်ပြောနေမှန်း သိထားသည်။ သူ ယွီဖုန်းချန်ကို မျက်ရည်ဝဲနေသည့်မျက်ဝန်းများဖြင့် မော့ကြည့်ရင်း ကတုံးဖြစ်ခြင်းနှင့် သိက္ခာရှိခြင်းအကြား ကွာခြားချက်ကို တစ်ချက်စဉ်းစားပြီးနောက် အသံဖျော့၍ပြောလိုက်သည်။ "တာ့ကော၊ ငါ့ဘာသာညှပ်လို့မရဘူးလား။"

ယွီဖုန်းချန် သူ့နဖူးကို လက်ညှိုးဖြင့် တစ်ချက်လှမ်းတောက်လိုက်သည်။ "မရဘူး။ မင်း အခု ငြိမ်ငြိမ်လေးအညှပ်ခံမလား။ ငါ မင်းကို ကြိုးနဲ့ချည်ပြီးညှပ်ပေးရမလား။ ကိုယ့်ဘာသာရွေးလိုက်။"

ပိုင်ရှင်းယွီမျက်ဝန်းထဲ မကျေမချမ်းဖြစ်မှုများဖြင့် လောင်ကျွမ်းနေသည်။ သူ ဆံပင်များကို ကိုင်ထားရင်း အချိန်တစ်ခုထိတုန့်ဆိုင်းနေပြီးမှ နောက်ဆုံးတွင် နှာရှုံ့လျက် သူ့လက်ကို အောက်ပြန်ချလိုက်သည်။ ယွီဖုန်းချန်ဒူးခေါင်းများက သူ့ရင်ဘတ်ကို ဖိထားတာမို့ သူ အသက်ရှူရခက်နေပြီး ယွီဖုန်းချန်ဘောင်းဘီကို ဆုပ်ကိုင်လျက်ပြောလာသည်။ "မင်း မြန်မြန်ထတော့။"

ယွီဖုန်းချန် ရယ်လျက် ပြန်ပြောလာသည်။ "မင်းက ဆွဲချွတ်ချင်နေတာလား။ တစ်ခွန်းပဲပြောလိုက်လေ။ မင်းပြောလိုက်တာနဲ့ ငါက မင်းကြည့်ရအောင် တန်းချွတ်ပြပေးမှာ။"

ပိုင်ရှင်းယွီ ဒေါသတကြီးဆဲချလိုက်သည်။ "မင်းရူးနေတာပဲ။"

ယွီဖုန်းချန် ထရပ်ကာ ပိုင်ရှင်းယွီကိုလည်း အိပ်ရာပေါ်မှ ဆွဲထူပြီးပြောလာသည်။ "ငြိမ်ငြိမ်ထိုင်။ မင်းလှုပ်နေလို့ မင်းနားရွက်တွေ၊ နှာခေါင်းတွေ ထိမိသွားရင် ငါ့ကိစ္စမဟုတ်ဘူး။"

ပိုင်ရှင်းယွီ ဝမ်းနည်းသလို ဒေါသလည်းထွက်နေရသည်။ "အဲ့ကတ်ကြေးက ညစ်ပတ်တယ်။"

ယွီဖုန်းချန် ရယ်သွားသည်။ "ငါ သိတယ်။"

ပြောနေရင်း သူ ပိုင်ရှင်းယွီရဲ့ဆံပင်ကို မယူလျက် ညှာတာမှုမရှိ ညှပ်ချလိုက်တော့သည်။ "

"အားးး!!" ပိုင်ရှင်းယွီ အော်သွားသည်။ "မှန်! မှန်! ငါ့ဆံပင်ကို ဘယ်လိုညှပ်ချလိုက်တာလဲ။ ချန်းလျန့်၊ ငါ့ကိုမှန်ပေး!"

ချန်းလျန့် အချိန်အတော်ကြာအောင် ရှာကြည့်လိုက်သေးသည်။ "အိုက်ယား၊ အဆောင်ထဲမှာ ဘာလို့မှန်မရှိရတာလဲ။" ပြောပြီးတာနှင့် သူ ပိုင်ရှင်းယွီရဲ့ရူးကြောင်ကြောင်ဆံပင်ပုံစံကိုကြည့်ပြီး ရယ်တော့သည်။

ယွီဖုန်းချန် သူ့ပုခုံးကို ဖိချရင်းပြောလာသည်။ "မင်း ငြိမ်ငြိမ်ထိုင်"

ပိုင်ရှင်းယွီ အိပ်ရာပေါ်ကျနေသည့် ဆံပင်အထွေးများကိုကြည့်ရင်း သူ့ဆံပင်တွေကို အရင်လိုပြန်မရနိုင်တော့မှန်း သိနေသည်။ သူ သံပတ်ကြိုးပြတ်သွားသလို ရုတ်တရက် ညှိုးခွေသွားတော့သည်။ သူ သေသေချာချာ ဂရုတစိုက်စောင့်ရှောက်ခဲ့ရတဲ့ဆံပင်လေး မရှိတော့။ သူက အရှေ့တွင် ဆံပင်မကျနေတာမျိုးကို အရမ်းမုန်းလှသည်။ အကြောင်းကား သူ့နဖူးက နည်းနည်းကြီးလှတာမို့ အရှေ့ဆံပင်မရှိပါက သူ လုံလုံလောက်လောက် ချောနိုင်မှာ မဟုတ်။ သို့ပေမယ့် တစ်ဖန်ပြန်တွေးကြည့်တော့လည်း ဒီလိုနေရာတွင် အမဆိုလို့ ဝက်မများသာရှိပြီး သူက ဘယ်သူကြည့်ဖို့ ချောနေပေးရမှာပါလိမ့်။ အကယ်၍ သူသာ နည်းနည်းလောက်ရုပ်ဆိုးသွားပါက သူ့အနောက်က ဂြိုဟ်ဆိုးကောင်ရဲ့ပစ်မှတ်ထားခြင်းလည်း ခံရတော့မှာ မဟုတ်။

ဆိုတော့ ဒါတွေအကုန်လုံးက သူ အရမ်းချောလွန်းလို့ကိုး ... သခင်လေးပိုင်တစ်ယောက် သူ့ကိုယ်သူမြှောက်ပင့်အတွေးမျိုးတွေးရင်း စိတ်ညစ်နေသည့်ကြားမှ အတော်လေးဘဝင်ခိုက်သွားတော့သည်။

ယွီဖုန်းချန်က နည်းနည်းလေးတောင် တွန့်ဆုတ်မနေ။ ကပ်ကြေးနှင့် တစ်ချက်နှစ်ချက်မျှညှပ်ပြီးတာနှင့် သူ လောလောလတ်လတ် အရောင်ဆိုးထားသည့်ကြက်သွေးရင့်ဆံပင်များ ကုတင်ပေါ်သို့ ကျလာသည်ကိုတွေ့လိုက်ရသည်။ ဒီဆံပင်များက သူ့နှလုံးသားလေးအတိုင်း မြေပေါ်သို့ပြန့်ကျဲကျနေသည်။

ညှပ်ပြီးနောက် ယွီဖုန်းချန် သူ့ခေါင်းပေါ်ရှိဆံပင်စများကို သပ်ပေးရင်း ကျေနပ်မှုအပြည့်ဖြင့် ပြောလာသည်။ "မဆိုးပါဘူး။"

ချန်းလျန့် ရယ်လွန်းနေတာမို့ သူ့ပခုံးများပါ တသိမ့်သိမ့်တုန်နေတော့သည်။

ပိုင်ရှင်းယွီ သူ့ဆံပင် တိုစိစိလေးများကို ထိကြည့်ရင်း ရင်ထဲ ခံစားချက်မကောင်းတော့။ သူ အိပ်ယာပေါ်မှထကာ အိပ်သာခန်းဘက်သို့ အပြေးသွားရင်း မှန်ကိုကြည့်လျက် နာကျင်မှုများဖြင့်အော်လိုက်မိသည်။

မှန်ထဲက ခွေးကိုက်ထားတဲ့ ဆံပင်ကေနဲ့ အရူးကောင်က ဘယ်ကောင်လဲ!!

ယွီဖုန်းချန် တံခါးဘောင်ကိုမှီလျက် ရိုးသားလှတဲ့အပြုံးလေးဖြင့်ပြောလာသည်။ "ဘယ်လိုလဲ။ ပေါ့ပါးသွားတယ်မလား။"

ပိုင်ရှင်းယွီ သူ့ကို တုန်ယင်နေသည့်လက်ညှိုးများဖြင့် တထိုးထိုးလုပ်ရင်းပြောလိုက်သည်။ "မင်း .. မင်း"

ချန်းလျန့်နှင့် အဆောင်တူတပ်သားသစ်လေးတွေအကုန် အဆောင်တံခါးပေါက်ရှေ့ စုပြုံခုန်ပေါက်လျက် ပျော်စရာပွဲတစ်ခုကို ကြည့်နေရသလိုကြည့်နေကြသည်။ လူကောင်ကြီးနေပြီဖြစ်သည့် ၁၈၊ ၁၉ နှစ်သားများကတော့ တစ်ဖက်သို့လှည့်လို့ ခိုးရယ်နေကြ၏။

ပိုင်ရှင်းယွီ ဒေါသထွက်လွန်းတာမို့ ယွီဖုန်းချန်ရှိရာသို့ ပြေးသွားပြီး လက်သီးဖြင့်ထိုးချဖို့လုပ်လိုက်သည်။

ချန်းလျန် အလန့်တကြားအော်ချလာသည်။ "ပိုင်ရှင်းယွီ!"

ယွီဖုန်းချန်က သူ့လက်ကောက်ဝတ်ကို ဖမ်းကိုင်၍ ရထားပေါ်မှာသုံးခဲ့သည့်လှည့်ကွက်အတိုင်း သူ့လက်ကို နောက်ပြန်လှန်ချိုးချလိုက်ပြန်သည်။ ပိုင်ရှင်းယွီ နာကျင်တကြီးအော်မိသွားသည်။ သူ့လက်မောင်းက နောက်ပြန်လိမ်ချိုးခံထားရတာမို့ သူ့ခန္ဓာကိုယ်ကလည်း တစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။ ထိုအချိန် သူ ကျန်သည့်လက်တစ်ဖက်ဖြင့် ယွီဖုန်းချန်မျက်နှာကို လှမ်းထိုးဖို့လုပ်ပေမယ့် ထိုလက်ကိုလည်း ယွီဖုန်းချန်က အသာလေးဖမ်းလိုက်နိုင်လေသည်။

"အားးး .. နာတယ်။ ငါ့ကို လွှတ်စမ်း!!"

ယွီဖုန်းချန် လှောင်ရယ် ရယ်လိုက်သည်။ "နာမယ်မှန်း သိရက်နဲ့ ငါ့ကိုရန်လာစရဲတယ်?"

"ဘယ်သူက မင်းကို ရန်စနေလဲ။ မင်း အရင်ရန်လာစတာလေ။ ရူးနေတာလား။"

ယွီဖုန်းချန် ပိုင်ရှင်းယွီကို ရေချိုးခန်းထဲတွန်းထည့်ပြီး တံခါးကို ခြေကန်ပိတ်လို့ အပြင်ဘက်ရှိ ချန်းလျန့်နှင့် အခြားသူများရဲ့ပွဲကြည့်ခွင့်အား ပိတ်ဆီးချလိုက်သည်။

တပ်ထဲတွင် ရန်ဖြစ်ခွင့်မရှိ။ တစ်ခုခုမှားနေပြီမှန်း သတိထားမိတာနှင့် ချန်းလျန့် ရေချိုးခန်းအရှေ့ အမြန်သွား၍ တံခါးကို ခပ်သွက်သွက်ထုရိုက်တော့သည်။ "မင်းတို့နှစ်ယောက် ပြဿနာမရှာနဲ့တော့။ ယွီဖုန်းချန်၊ မင်းလည်း သူ့ကို လွှတ်ပေးလိုက်တော့။ မင်းအတွက်မင်း ပြဿနာမဖန်တီးချင်စမ်းနဲ့။"

ယွီဖုန်းချန် တံခါးကို သူ့ကျောဖြင့် ပိတ်ဖိထားပြီး ဘယ်သူ့ကိုမှ ဝင်လာခွင့်မပြု။ သူ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။ "မင်းတို့ စိတ်ပူမနေနဲ့။ ငါ သူနဲ့ စကားနည်းနည်းပြောချင်ရုံပဲ။"

ပိုင်ရှင်းယွီ ပါးစပ်ဖွင့်ဟလို့ အော်မလို့လုပ်ချိန်မှာပဲ ယွီဖုန်းချန်က သူ့ခါးကို လက်တစ်ဖက်ဖြင့်ဆွဲဖက်လျက် သူ့ခန္ဓာကိုယ်နှင့်ပူးကပ်ထားလိုက်တာကို ခံစားလိုက်ရသည်။ သူ ခဏတာမျှတောင့်တင်းသွားပြီးနောက် လှုပ်ပါမလှုပ်ရဲတော့။ အကြောင်းကား သူ့တင်ပါးက ယွီဖုန်းချန်ရဲ့အောက်ပိုင်းတစ်နေရာနှင့် ထိတွေ့နေပြီး ထိုအရာလေးက ဖောင်းကြွလှုပ်ရှားတော့မည်ကိုခံစားနေရတာမို့ပင်။

ယွီဖုန်းချန် သူ့နားရွက်အနား နှုတ်ခမ်းတိုးကပ်သွားပြီး ခပ်တိုးတိုးရေရွတ်လာသည်။ "မင်း ထပ်လှုပ်နေရင် ဒါက ထိန်းဖို့လွယ်တော့မှာမဟုတ်ဘူး။"

ပိုင်ရှင်းယွီ တစ်ကိုယ်လုံး ကြက်သီးများ ထလာတော့သည်။ သူ့အနေနှင့် ယောက်ျားတစ်ယောက်ထံမှ လိင်ပိုင်းဆိုင်ရာစော်ကားခံရမည့်နေ့ရက်တစ်ခု ရောက်လာလိမ့်မည်ဟု တစ်ခါမှ အိပ်မက်တောင်မမက်ထားဖူး။ ထို့အပြင် သူ့ကိုယ်သူ အရှက်မရှိဆုံး၊ မျက်နှာပြောင်အတိုက်နိုင်ဆုံးဟု ထင်ခဲ့သမျှ 'ယွီ'မျိုးရိုးနှင့်တစ်ယောက်က သူ့ထက်တောင် ပိုလို့အရှက်မရှိနေ။

သူ အသံတုန်တုန်ယင်ယင်နှင့်မေးလိုက်သည်။ "မင်း .. မင်း ဘာလုပ်ချင်နေတာလဲ။"

ယွီဖုန်းချန် ဟက်ကနဲရယ်သွားသည်။ "မင်းကို တက်လုပ်ချင်နေတာလေ။ မြင်တာနဲ့ မသိဘူးလား။"

ပိုင်ရှင်းယွီ တုန်တုန်ယင်ယင်နှင့် ခြိမ်းခြောက်ခြင်းဟုခေါ်မရသည့် ခြိမ်းခြောက်စကားတစ်ခုကိုပြောလိုက်သည်။ "မင်းလုပ်ရဲတယ်?"

"ငါ လုပ်ရဲလားမလုပ်ရဲဘူးလား၊ မင်းစမ်းကြည့်ရင် သိမှာပဲမလား။"

ပိုင်ရှင်းယွီ ငိုသံပါပါနှင့်ပြောလိုက်သည်။ "ငါ ဂေးမဟုတ်ဘူး။ ငါ့ကို လာကြောင်မနေနဲ့။ ငါ .. ငါ့အစ်ကိုက အရမ်းတော်တာ။ သူ မင်းကို သေအောင်ရိုက်လိမ့်မယ်။"

ယွီဖုန်းချန် 'အိုး' ဟု အသံပြုလိုက်သည်။ "မင်းအစ်ကိုကပဲ မင်းကို တပ်ထဲ ပစ်ထည့်လိုက်တာမလား။ မင်းအစ်ကို လာအကယ်ကို စောင့်နေရင်တော့ အဲ့ကြားထဲ ငါ မင်းကို အကြိမ်ကြိမ် သတိမေ့အောင်လုပ်ပြီးနေလောက်ပြီ။"

ပိုင်ရှင်းယွီ ဒေါသထွက်လွန်းတာမို့ တစ်ယောက်ယောက်ကို ကုန်းကိုက်ချင်လာတော့သည်။

ယွီဖုန်းချန် ခပ်တိုးတိုးရယ်လျက်ပြောလာသည်။ "မင်းစိတ်ထဲ အဲ့လောက်ကြီးထိ အပူအပန်ထားနေစရာမလိုပါဘူး။ သုံးလလောက် ဒီမှာနေပြီးရင် မိန်းကလေးဆိုတာ ဘယ်လိုပုံစံရှိလဲတောင် မင်းမှတ်မိတော့မှာမဟုတ်ဘူး။ အဲ့ခါကျ မင်းအနေနဲ့ ငါလည်း သိပ်မဆိုးတာကို တွေ့လာမှာပါ။"

"သောက်ရေးမပါတာ"

"စောင့်ကြည့်ကြတာပေါ့။" ယွီဖုန်းချန် သူ့နားရွက်အောက်ပိုင်းနားကို ငုံ့နမ်း၍ ပြန်လွှတ်ပေးလိုက်သည်။

ပိုင်ရှင်းယွီမှာ ခြေလှမ်းပေါင်းများစွာ အနောက်ဆုတ်သွားပြီး ယွီဖုန်းချန်ကို ထိတ်လန့်တကြီးကြည့်လာပုံမှာ မိသားစုကောင်းကောင်းတစ်ခုက ကောင်မလေးတစ်ယောက် လူဆိုးကြီးများ ဝိုင်းအနိုင်ကျင့်လိုက်တာနှင့်တောင် တူလှသည်။

ယွီဖုန်းချန် ပျော်ပျော်ရွှင်ရွှင်ရယ်ရင်း ခေါင်းတခါခါဖြစ်သွားသည်။ "မဆိုးဘူး။ အကြာကြီး ကစားလို့ရတယ်။" ပြောပြီးသည်နှင့် သူ တံခါးဆွဲဖွင့်လို့ လေတချွန်ချွန်နှင့် ထွက်သွားတော့သည်။

ချန်းလျန့် အပြေးဝင်လာပြီး သူ့ကို အလောစလိုကြည့်၍မေးလာသည်။ "ဟေး .. မင်း ဘာမှမဖြစ်ဘူးမလား။"

မျက်ဝန်းထဲ မျက်ရည်များဝဲနေသည့်ပိုင်ရှင်းယွီတစ်ယောက် စိတ်ထဲမှာတော့ 'ဒုက္ခလှလှတွေ့ပြီ' ဟု တွေးနေမိတော့သည်။

KittyKitling

Modified date : Oct 07,2022

_____///_____

[Zawgyi]

'တူညီသည့္အေဆာင္သို႔'

သူ နည္းျပအခန္းထဲသို႔ ေျပးဝင္သြားၿပီး မေန႔တစ္ေန႔က ေအာက္ဆီဂ်င္မရလို႔ ေသာင္းက်န္းမိ၍ အိမ္သာထဲပိတ္ခံထားရျခင္းက နည္းျပဆရာအေပၚ ဘယ္ေလာက္ထိ အထင္အျမင္မေကာင္းမွုျဖစ္ေနေစသလဲဆိုတာေတာင္ ဂ႐ုမစိုက္ဘဲ မ်က္ႏွာေျပာင္ေျပာင္ႏွင့္ေမးလိုက္သည္။ "နည္းျပ၊ ကၽြန္ေတာ့္ကို အေဆာင္ေျပာင္းေပးပါ။"

ဝမ္ရႊန႔္ေဝး မ်က္ခုံးပင့္သြားသည္။ "ဘာအဓိပၸါယ္လဲ။"

ပိုင္ရွင္းယြီမွာ ထငိုမိေတာ့မတတ္။ "အျခားအေဆာင္ေျပာင္းေပးလို႔!"

ဝမ္ရႊန္းေဝ မ်က္ႏွာတည္ျဖင့္ေျပာလိုက္သည္။ "လူသစ္စခန္းရဲ့ ေနထိုင္ေရးအေျခအေနေတြက နည္းနည္းေတာ့ခက္ခဲတယ္ဆိုေပမယ့္ အခ်ိန္တစ္ခုက် အဆင္ေျပသြားမွာပါ။ ေလ့က်င့္ေရးေတြၿပီးသြားရင္လည္း မင္းတို႔အကုန္လုံးကို အေျခအေနပိုေကာင္းတဲ့တပ္ခြဲေတြဆီ ေျပာင္းပို႔ေပးမွာပဲ။ မင္း အရင္က ဒီ့ထက္ေကာင္းတဲ့အေျခအေနတစ္ခုမွာ ေနခဲ့ရတာကို ငါသိတယ္။ ဒါေပမယ့္ တပ္ထဲေရာက္လာတဲ့အခ်ိန္ လူတိုင္းက ညီတူညီမၽွဆက္ဆံခံရမယ္။ ဘယ္သူကမွ အခြင့္ထူးခံခြင့္ရမွာမဟုတ္ဘူး။ ဆိုေတာ့ ငါ့မွာ မင္းကို အေဆာင္ေျပာင္းေပးသင့္တယ္ဆိုတဲ့ အေၾကာင္းအရင္းမရွိဘူး။"

"နည္းၿပ .. ကၽြန္ေတာ္ ေတာင္းပန္ပါတယ္။ အျခားအေဆာင္တစ္ခု ေျပာင္းေပးပါ။ အေဆာင္ရဲ့ေနထိုင္ေရးအေျခအေနက ဆိုးတယ္လို႔ ကၽြန္ေတာ္မထင္ပါဘူး။ မဟုတ္ .. အေျခအေနက ေတာ္ေတာ္ေလးဆိုးတယ္ဆိုေပမယ့္ အဲ့အေၾကာင္းျပခ်က္က အဓိက မဟုတ္ပါဘူး .."

ဝမ္ရႊန႔္ေဝး မ်က္ေမွာင္ၾကဳတ္ၿပီးေျပာလိုက္သည္။ "ဒီရဲေဘာ္ေလး မင္း ဘာျဖစ္ေနတာလဲ။ ငါ တပ္သားသစ္ေတြကို ဦးေဆာင္လာတာ ႏွစ္ခ်ီေနၿပီ .. အေဆာင္ေျပာင္းခ်င္တဲ့ တပ္သားသစ္ဆိုၿပီး တစ္ခါမွမၾကားဖူးပါဘူး။"

ပိုင္ရွင္းယြီတစ္ေယာက္ အေဆာင္ေျပာင္းနိုင္ဖို႔ ေမၽွာ္လင့္ခ်က္မရွိေတာ့မွန္းေတြ႕လိုက္တာႏွင့္ ႐ုတ္တရက္ ဒီကိုမလာခင္ သူ႔အေမေျပာခဲ့တာမ်ားကို အမွတ္ရလာေတာ့သည္။

သူ႔အစ္ကိုက သူ႔ကို ေစာင့္ေရွာက္ေပးဖို႔ တစ္ေယာက္ေယာက္ကို အကူအညီေတာင္းေပးထားတယ္ဆိုပဲ။ နာမည္က ဘာပါလိမ့္။ သူ တုန႔္တုန႔္ဆိုင္းဆိုင္းႏွင့္ေျပာလိုက္သည္။ "နည္းျပ၊ ခင္ဗ်ား ယြီ ..ယြီဖုန္းခ်န္ဆိုတဲ့လူကို သိလား။ သူက ဘယ္အေဆာင္မွာေနတာလဲ။ သူက ကၽြန္ေတာ့္ .. ကၽြန္ေတာ့္ဇာတိကပဲ။ ကၽြန္ေတာ္ သူ႔ကို သြားရွာခ်င္လို႔။"

ဝမ္ရႊန႔္ေဝး ထူးဆန္းလွတဲ့အျပဳံးတစ္ခုႏွင့္ျပဳံးလာသည္။ "မင္း သူ႔ကိုရွာခ်င္လို႔လား။"

ပိုင္ရွင္းယြီ ထပ္တလဲလဲေခါင္းညိတ္ျပရင္း အေလာတႀကီးရွာေနေၾကာင္း ပိုသိသာေစသည္။

ဝမ္ရႊန႔္ေဝး ႐ုတ္တရက္တက္ႂကြလာၿပီး သူ႔လက္ႏွစ္ဖက္ကိုပြတ္လ်က္ ထရပ္လိုက္သည္။ "လာ၊ လာ၊ ငါ မင္းကို သူ႔ဆီေခၚသြားေပးမယ္။"

ပိုင္ရွင္းယြီ သူ႔ေနာက္မွ မေရရာျခင္းေပါင္းမ်ားစြာႏွင့္လိုက္သြားၿပီး ဟိုဝင္ဒီထြက္ႏွင့္ ေနာက္ဆုံး သူ႔အေဆာင္ရွိရာသို႔ျပန္ေရာက္လာသည္။ သူ အံဩသြားေတာ့သည္။ "သူက ကၽြန္ေတာ္နဲ႔ အေဆာင္တူတူပဲလား။"

သူ႔မွာ ေပ်ာ္သြား႐ုံတင္မဟုတ္။ ထိုယြီဖုန္းခ်န္ဆိုသူက ဟိုၿဂိဳဟ္ဆိုးေကာင္ကို ထိန္းနိုင္ေလာက္တဲ့အထိ မိမိုက္ေနဖို႔ေမၽွာ္လင့္မိေနသည္။

ဝမ္ရႊန႔္ေဝး ပြဲေကာင္းတစ္ခုကို ၾကည့္ရေတာ့မလိုမ်က္ႏွာထားႏွင့္ အေဆာင္တံခါးေရွ႕မွ လွမ္းေအာ္ေခၚလိုက္သည္။ "ရဲေဘာ္ယြီဖုန္းခ်န္"

ပိုင္ရွင္းယြီ သူ႔ကယ္တင္ရွင္ျဖစ္လာမည့္လူကို မ်က္လုံးျပဴးက်ယ္ထားရင္း လိုက္ရွာေတာ့သည္။

သို႔ေသာ္ သူ ေၾကာက္ရြံ႕ရၿပီး မုန္းလည္းမုန္းရတဲ့ၿဂိဳဟ္ဆိုးေကာင္က ေခါင္းလွည့္ၾကည့္လ်က္ ခါးမတ္မတ္ထားရင္း ခပ္က်ယ္က်ယ္ျပန္ေျဖလာသည္။ "ေရာက္ရွိ!

ပိုင္ရွင္းယြီ ခဏေလးအတြင္း သူ႔ကမၻာတစ္ခုလုံး ၿပိဳလဲက်သြားသလိုပင္။

စေနာက္ခ်င္ေနသည့္မ်က္ဝန္းမ်ားျဖင့္ ဝမ္ရႊန႔္ေဝးက ပိုင္ရွင္းယြီကို အေရွ႕သို႔တြန္းပို႔၍ေျပာလာသည္။ "သူက မင္းကိုရွာေနတာ။"

ယြီဖုန္းခ်န္ 'အို' ဟု သံရွည္ဆြဲေျပာလ်က္ အျပဳံးမမည္သည့္အျပဳံးတစ္ခုျဖင့္ သူ႔အနားသို႔ေလၽွာက္သြားလိုက္သည္။ "ဘာကိစၥရွိလို႔ ငါ့ကိုလာရွာတာလဲ။"

ပိုင္ရွင္းယြီမ်က္ႏွာတစ္ခုလုံး ျဖဴေလ်ာ့ေနၿပီး ေၾကာက္ရြံ႕ထိတ္လန႔္မွုမ်ားျဖင့္ တစ္ဖက္သူကိုၾကည့္လ်က္ ငိုေတာင္မငိုနိုင္ေတာ့။

ယြီဖုန္းခ်န္ ေက်ာက္႐ုပ္တစ္႐ုပ္လို ရပ္ေနတဲ့သူ႔ကိုၾကည့္ရင္း လက္ေမာင္းမွ ဆြဲကိုင္လို႔ အေဆာင္အျပင္သို႔ေခၚထုတ္လ်က္ လူသူကင္းရွင္းသည့္ေထာင့္တစ္ခုကို ဆြဲေခၚသြားလိုက္ေတာ့သည္။ "ေျပာေလ။ ငါ့ကိုရွာၿပီး ဘာလုပ္ခ်င္တာလဲ။ အထိုးခံခ်င္တာလား။"

ပိုင္ရွင္းယြီရဲ့ႏွုတ္ခမ္းေတြ တဆတ္ဆတ္တုန္ေနေပမယ့္ ဘာစကားမွ ေျပာမထြက္လာ။

ယြီဖုန္းခ်န္ သူ႔လက္ႏွစ္ဖက္ကို ပိုင္ရွင္းယြီရဲ့ေဘးတစ္ဖက္တစ္ခ်က္ဆီတြင္ ေထာက္ထားၿပီး ငုံ႔ၾကည့္လိုက္သည္။ "မင္းက ပိုင္ရွင္းယြီမလား။"

အံ့ဩရိပ္မ်ားက ပိုင္ရွင္းယြီမ်က္ဝန္းထဲ ျဖတ္ေျပးသြားေတာ့သည္။

"မင္းရဲ့ေပ်ာ့တိေပ်ာ့ညံ့ပုံစံကို ျမင္ကတည္းက ငါ ခန႔္မွန္းမိတယ္။"

ပိုင္ရွင္းယြီ ေဒါသတႀကီးေျပာလိုက္သည္။ "ဒါဆိုလည္း မင္း ဘာလို႔.."

ယြီဖုန္းခ်န္ ခပ္ညစ္ညစ္ျပဳံးသြားသည္။ "မင္းရဲ့ဒီလိုအက်င့္စရိုက္မ်ိဳးနဲ႔ တပ္ထဲဝင္လာရဲတယ္? ဂ႐ုစိုက္ေပးဖို႔လူပါ ရွာလိုက္ေသးတယ္ေပါ့။ မင္းစိတ္ထဲ ဒီေနရာက ကေလးထိန္းဌာနမ်ားမွတ္ေနလား။"

ပိုင္ရွင္းယြီ ႏွာေခါင္းရွုံ႔လိုက္သည္။ "ငါလည္း မင္းအကူအညီလိုေနတာမဟုတ္ဘူး။ ဘယ္သူက မင္းကို ကူညီေပးဖို႔ေတာင္းဆိုေနလဲ။ မင္း ငါ့ကို ျပႆနာလာမရွာရင္ အဆင္ေျပၿပီ။ ေျပာရရင္ ငါ့အစ္ကိုနဲ႔ မင္းဦးေလးနဲ႔ကလည္း သူငယ္ခ်င္းေကာင္းေတြပဲ။ မင္းမ်က္ႏွာရတာေပါ့။"

ယြီဖုန္းခ်န္ ရယ္သြားသည္။ "ငါက အဲ့မ်က္ႏွာမလိုခ်င္ဘူးဆိုရင္ေရာ"

"မင္း!!"

ယြီဖုန္းခ်န္ ေခါင္းငုံ႔လ်က္ သူ႔ရဲ့ေခ်ာေမာလြန္းတဲ့မ်က္ႏွာကို ပိုင္ရွင္းယြီအနားသို႔ တျဖည္းျဖည္းတိုးကပ္လိုက္သည္။ "ငါ မင္းလို ငေၾကာက္ေကာင္ေတြကိုျမင္ရင္ အရမ္းေဒါသထြက္တာပဲ။ မင္းရဲ့ဘယ္နားကမ်ား ေယာက္်ားနဲ႔တူလဲ။"

ပိုင္ရွင္းယြီ သတၱိမ်ားစုၿပီး ျပန္ေျပာလိုက္သည္။ "မင္းနဲ႔ဘာဆိုင္လဲ။"

ယြီဖုန္းခ်န္မ်က္ႏွာက သူ႔အနား နီးလာေလ ပိုင္ရွင္းယြီ တစ္ခုခုမွားေနသလို ခံစားရေလဆိုေပမယ့္ အေျဖာင့္စစ္စစ္တစ္ေယာက္အေနႏွင့္ ထိုခဏအတြင္း ဘယ္နားကမွားေနလဲ မေျပာျပတတ္။ ထိုအေျခအေနက ယြီဖုန္းခ်န္ဘက္မွ စကားစေျပာလာတဲ့အခ်ိန္အထိပင္။ "ဒါေပမဲ့ မင္းက ေကာင္းတာတစ္ခုမွမရွိတာမ်ိဳးေတာ့ မဟုတ္ဘူး၊ အနည္းဆုံး ႐ုပ္ေခ်ာသားပဲ။"

မ်က္စိေရွ႕ရွိ ေပ်ာ့ေပ်ာ့အိအိၾကက္ေပါက္ေလးက ပန္းႏုေရာင္သမ္းတဲ့ႏွုတ္ခမ္း၊ ျဖဴေဖြးၿပီး ႏူးညံ့ေနသည့္အသားအရည္မ်ားကို ပိုင္ဆိုင္ထားၿပီး တကယ့္ကိုဟင္းေကာင္းတစ္ခြက္ပင္။

ပိုင္ရွင္းယြီ မ်က္ေမွာင္ၾကဳတ္လ်က္ ထိုစာေၾကာင္းကို အေသအခ်ာျပန္စဥ္းစားၾကည့္ေပမယ့္ အခုထိ သေဘာမေပါက္နိုင္ေသး။

ယြီဖုန္းခ်န္ သူ႔နားရြက္အနား တိုးကပ္သြားၿပီး တိုးဖြဖြေျပာလိုက္သည္။ "မင္း ငါေစာင့္ေရွာက္ေပးတာခံခ်င္တယ္ဆို မျဖစ္နိုင္ဘူးလည္း မဟုတ္ပါဘူး။ တစ္ခုပဲ၊ မင္းက ငါ့ရဲ့လူျဖစ္လာရမယ္။"

ပိုင္ရွင္းယြီ မိုးႀကိဳးပစ္ခ်ခံလိုက္ရသလိုပင္။ သူ အခုမွသာ ဒီအေျခအေနၾကားရွိ ေလထုအသြားအလာကို နားလည္သြားေတာ့သည္။ ဆိုေတာ့ အဲ့ဒီမ်ိဳးရိုး'ယြီ'က ေနာက္ေပါက္ႀကိဳက္တဲ့သူေပါ့! ပိုင္ရွင္းယြီ သူ႔စိတ္ထဲ၌ ဘိုးေဘးဘီဘင္မ်ားအထိ ဆဲဆိုမိေနသည္။ သူ ဘယ္ေလာက္ပဲ ေပ်ာ့ညံ့တယ္ဟုဆိုပါေစ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနရဖို႔အတြက္ သူ႔တင္ပါးမ်ားက ပံ့ပိုးကူညီေပးဖို႔မျဖစ္နိုင္။ ဒါမိုက္႐ူးရဲဆန္လြန္တယ္မလား!

သူ ယြီဖုန္းခ်န္ကို တြန္းထုတ္ၿပီး ေျပာလိုက္သည္။ "လစ္စမ္း၊ ေသာက္ေဂးေကာင္! ငါနဲ႔ေဝးေဝးမွာေနစမ္း!"

ယြီဖုန္းခ်န္ စိတ္မတိုသြား။ ထိုအစား သူ႔ကို တုန္တုန္ယင္ယင္ျဖစ္သြားေစသည့္အျပဳံးတစ္ခု တပ္ဆင္လာသည္။ "မင္းမွာ ငါ့ကို စိတ္ဝင္တစားျဖစ္သြားေစမယ့္ကိုယ္လုံးေလးရွိ႐ုံပါပဲ။ မင္း သေဘာမတူခ်င္ဘူးလား။ ဒါဆိုလည္း မင္း ေကာင္းေကာင္းျပင္ဆင္ထားေပါ့။ ငါ မင္း ငိုယိုၿပီး ေတာင္းဆိုလာမယ့္ေန႔ကိုေစာင့္ေနမယ္။"

ေျပာၿပီးတာႏွင့္ သူ ပိုင္ရွင္းယြီရဲ့ပါးႏုႏုေလးကို တစ္ခ်က္ဆြဲညႇစ္ၿပီး ေလတခၽြန္ခၽြန္ႏွင့္ထြက္သြားေတာ့သည္။

ပိုင္ရွင္းယြီ သူ႔တစ္ကိုယ္လုံး ၾကက္သီးမ်ား ထလာတာကိုခံစားလိုက္ရသည္။ ငိုခ်င္တာေတာင္ မ်က္ရည္မထြက္လာေတာ့။ လူသူမရွိ ေမွာင္မိုက္ေနသည့္စႀကႍလမ္းက စစ္တပ္အတြင္း သူေရွ႕ဆက္ရမယ့္ဘဝကို ရည္ညႊန္းေနသည့္အလား။

ယြီဖုန္းခ်န္၊ မင္းေစာင့္ၾကည့္ေန။ ဒီသခင္ေလးက မင္းလက္ထဲ ဘယ္ေတာ့မွအက်မခံဘူး!!

ပိုင္ရွင္းယြီ အေတာ္ၾကာေအာင္ သူ႔စိတ္သူျပင္ဆင္ေနရတာမို႔ ေတာ္ေတာ္ေနာက္က်ၿပီးမွ အေဆာင္ခန္းထဲသို႔ ျပန္ဝင္လာသည္။ သူ အခန္းထဲဝင္လာတာႏွင့္ ယြီဖုန္းခ်န္က ေခါင္းေမာ့၍ သူ႔ကို ျဖည္းျဖည္းခ်င္းစိုက္ၾကည့္လာတာမို႔ ထိုအၾကည့္မ်ားက ပိုင္ရွင္းယြီကို ၾကက္သီးတျဖင္းျဖင္းထသြားေစေတာ့သည္။ ပိုင္ရွင္းယြီမွာ မျမင္သလိုဟန္ေဆာင္ထားရင္း သူ႔အိပ္ရာရွိရာသို႔ အင္တင္တင္ႏွင့္သြားလ်က္ ခရီးေဆာင္အိတ္မွ အထုတ္မ်ား စတင္ထုတ္လိုက္သည္။

႐ုတ္တရက္ သူ႔အေနာက္မွ ကတ္ေၾကးညႇပ္သံတစ္ခုကို ၾကားလိုက္ရသည္။ ထိုအသံမ်ားမွာ သူ တမင္ၾကားေအာင္ ညႇပ္ျပေနသည္ႏွင့္တူလွၿပီး ေနာက္စကၠန႔္ပိုင္းအတြင္းမွာပဲ သူ႔ေခါင္းေပၚရွိဦးထုပ္က ဆြဲခၽြတ္ျခင္းခံလိုက္ရေလသည္။ သူ ဆက္ကနဲ အေနာက္သို႔လွည့္ၾကည့္လိုက္ရာ ယြီဖုန္းခ်န္က သံေခ်းတက္ေနသည့္ကတ္ေၾကးကို ကိုင္ထားလ်က္ သူ႔ကိုၾကည့္ေနတာကို ျမင္လိုက္ရေတာ့သည္။

သူ ထိတ္လန႔္တႀကီးေျပာလိုက္သည္။ "မင္း ဘာထပ္လုပ္ခ်င္ျပန္တာလဲ။"

ယြီဖုန္းခ်န္ သူ႔ဦးထုပ္သူခၽြတ္လ်က္ ဆံပင္ေကတိုေလးႏွင့္ ေတာက္ေတာက္ေျပာင္ေျပာင္နဖူးကို ျပသလာသည္။ ေခါင္းေပၚတြင္ ဆံပင္လုံးဝမရွိသေလာက္နီးပါး ပါးလႊာေနသည့္ဆံပင္ပုံစံက သူ႔မ်က္ႏွာထက္တြင္ေတာ့ အခ်ိဳးက်လိုက္ဖက္ေနသည္။ စူးရွတဲ့မ်က္ဝန္း၊ ခပ္ျမင့္ျမင့္ႏွာေခါင္းတို႔ကလည္း ႏွိုင္းယွဥ္ဖြယ္မရွိေအာင္ ၾကည့္ေကာင္းလြန္းၿပီး လူတစ္ေယာက္လုံးအေနႏွင့္ ေခ်ာေမာေသသပ္ပုံေပၚလွသည္။

ယြီဖုန္းခ်န္ သူ႔ေခါင္းသူ ထိုးျပရင္းေျပာလာသည္။ "ျမင္လား၊ လူတိုင္း ထားရမယ့္ဆံပင္ပုံစံ။ မင္း မနက္ျဖန္အထိ ဒီဆံပင္ပုံစံအတိုင္းရွိေနမယ္ဆို နည္းျပေခါင္းေဆာင္ရႊီက မင္းမ်က္ႏွာကို ေျမႀကီးထဲထိုးသြင္းၿပီး ကတုံးတုံးပစ္လိမ့္မယ္။" ထို႔ေနာက္မွာေတာ့ သူက ကတ္ေၾကးကို ေဝွ႕ယမ္းျပလ်က္ ခပ္ညစ္ညစ္ျပဳံးသြားသည္။ "ငါ မင္းကို မေစာင့္ေရွာက္ေပးဘူးလို႔မေျပာနဲ႔ေတာ့။ ငါ အခုပဲ မင္းရဲ့ျပႆနာႀကီးကို ေျဖရွင္းေပးေတာ့မွာ။"

ပိုင္ရွင္းယြီ ခ်က္ခ်င္းဆိုသလို သူ႔ဆံပင္ကို လက္ျဖင့္ကာထားၿပီး မ်က္ဝန္းျပဴးက်ယ္လ်က္ေျပာေတာ့သည္။ "ငါလူး .. မင္း! အနားမကပ္လာနဲ႔!!"

ေၾကာက္ရြံ႕ေနတဲ့ဟမ္းစကားတစ္ေကာင္လို ျပဴးက်ယ္ေနသည့္ ပိုင္ရွင္းယြီရဲ့မ်က္ဝန္းမ်ားကိုၾကည့္ရင္း ယြီဖုန္းခ်န္ ရယ္ခ်င္သြားသည္။

ဘယ္အခ်ိန္ကတည္းက အနားေရာက္ေနမွန္းမသိသည့္ ခ်န္းလ်န႔္ကလည္း ဝင္ေျပာလာသည္။ "သားႀကီး၊ သူမ်ားေျပာတာ သဘာဝက်တယ္။ မင္းရဲ့ဒီဆံပင္က အဆင္ေျပတာလဲ မဟုတ္ဘူး။ ညႇပ္လိုက္စမ္းပါ။ တစ္ပင္ႏွစ္ပင္ေလာက္ ညႇပ္လိုက္ရတာပဲ၊ ဘာျဖစ္လဲ။"

"ဟင့္အင္း၊ ဟင့္အင္း။ ငါ မညႇပ္ဘူး။"

ပိုင္ရွင္းယြီတစ္ေယာက္ ယြီဖုန္းခ်န္ အနားတိုးကပ္လာတာကို ျမင္သည္ႏွင့္ ကုတင္ရဲ့အျခားတစ္ဖက္မွ ထြက္ေျပးဖို႔လုပ္လိုက္သည္။ သို႔ေပမယ့္ သူ ကုတင္တစ္ခုႏွင့္တစ္ခုၾကား အကြာအေဝးက က်ဥ္းေျမာင္းလြန္းတာကို ေမ့သြားခဲ့သည္။ ရလဒ္အေနျဖင့္ ကုတင္တစ္ဖက္သို႔ေျခခ်ၿပီး မတ္တပ္ထရပ္ဖို႔လုပ္တာႏွင့္ တစ္ဖက္ကုတင္ေစာင္းႏွင့္ ဒုန္းကနဲတိုက္မိသြားေလသည္။ နာက်င္မွုက သူ႔ကို အားကနဲေအာ္သြားေစၿပီး သူ ေျခေထာက္ကို ကိုင္ထားလ်က္ ကုတင္ေပၚသို႔ ျပန္ထိုင္ခ်မိသြားသည္။

ယြီဖုန္းခ်န္ရဲ့လက္သည္းႀကီးမ်ားက သူ႔ေကာ္လံကို ဆုပ္ကိုင္လ်က္ အေနာက္သို႔ဆြဲေခၚ၍ တစ္ခါတည္း အိပ္ရာေပၚသို႔တြန္းခ်လို႔ သူ႔ရင္ဘတ္ကိုပါ ဒူးေခါင္းျဖင့္ တက္ဖိထားလိုက္သည္။

ပိုင္ရွင္းယြီ သူ႔ဆံပင္ေတြကို ကာထားရင္း က်ယ္က်ယ္ေလာင္ေလာင္ေအာ္လာသည္။ "ငါ မညႇပ္ဘူး! မင္း ငါ့ကိုလႊတ္! ဒါကိုယ္ထိလက္ေရာက္ေစာ္ကား .. မဟုတ္၊ မာမား!! ကယ္ပါဦး!!!"

အေဆာင္အတြင္းရွိ တပ္သားသစ္မ်ား အားလုံး ဝိုင္းရယ္ၾကေတာ့သည္။

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီပါးစပ္ကို အုပ္ထားရင္း ငုံ႔ကိုင္းလ်က္ ပိုင္ရွင္းယြီတစ္ကိုယ္လုံး တုန္သြားေစသည့္အျပဳံးတစ္ခုျပဳံးျပလာသည္။ "မင္း ထပ္လွုပ္ရဲမယ္ဆို ငါ တကယ္ကိုယ္ထိလက္ေရာက္ေစာ္ကားပစ္မွာ။"

လူတိုင္းက ယြီဖုန္းခ်န္ ဟာသေျပာေနသည္ဟုထင္ၾကေပမယ့္ ပိုင္ရွင္းယြီတစ္ေယာက္တည္းကသာ ဒီအရိုင္းအစိုင္းေကာင္ အတည္ေပါက္ေျပာေနမွန္း သိထားသည္။ သူ ယြီဖုန္းခ်န္ကို မ်က္ရည္ဝဲေနသည့္မ်က္ဝန္းမ်ားျဖင့္ ေမာ့ၾကည့္ရင္း ကတုံးျဖစ္ျခင္းႏွင့္ သိကၡာရွိျခင္းအၾကား ကြာျခားခ်က္ကို တစ္ခ်က္စဥ္းစားၿပီးေနာက္ အသံေဖ်ာ့၍ေျပာလိုက္သည္။ "တာ့ေကာ၊ ငါ့ဘာသာညႇပ္လို႔မရဘူးလား။"

ယြီဖုန္းခ်န္ သူ႔နဖူးကို လက္ညႇိုးျဖင့္ တစ္ခ်က္လွမ္းေတာက္လိုက္သည္။ "မရဘူး။ မင္း အခု ၿငိမ္ၿငိမ္ေလးအညႇပ္ခံမလား။ ငါ မင္းကို ႀကိဳးနဲ႔ခ်ည္ၿပီးညႇပ္ေပးရမလား။ ကိုယ့္ဘာသာေရြးလိုက္။"

ပိုင္ရွင္းယြီမ်က္ဝန္းထဲ မေက်မခ်မ္းျဖစ္မွုမ်ားျဖင့္ ေလာင္ကၽြမ္းေနသည္။ သူ ဆံပင္မ်ားကို ကိုင္ထားရင္း အခ်ိန္တစ္ခုထိတုန႔္ဆိုင္းေနၿပီးမွ ေနာက္ဆုံးတြင္ ႏွာရွုံ႔လ်က္ သူ႔လက္ကို ေအာက္ျပန္ခ်လိုက္သည္။ ယြီဖုန္းခ်န္ဒူးေခါင္းမ်ားက သူ႔ရင္ဘတ္ကို ဖိထားတာမို႔ သူ အသက္ရွူရခက္ေနၿပီး ယြီဖုန္းခ်န္ေဘာင္းဘီကို ဆုပ္ကိုင္လ်က္ေျပာလာသည္။ "မင္း ျမန္ျမန္ထေတာ့။"

ယြီဖုန္းခ်န္ ရယ္လ်က္ ျပန္ေျပာလာသည္။ "မင္းက ဆြဲခၽြတ္ခ်င္ေနတာလား။ တစ္ခြန္းပဲေျပာလိုက္ေလ။ မင္းေျပာလိုက္တာနဲ႔ ငါက မင္းၾကည့္ရေအာင္ တန္းခၽြတ္ျပေပးမွာ။"

ပိုင္ရွင္းယြီ ေဒါသတႀကီးဆဲခ်လိုက္သည္။ "မင္း႐ူးေနတာပဲ။"

ယြီဖုန္းခ်န္ ထရပ္ကာ ပိုင္ရွင္းယြီကိုလည္း အိပ္ရာေပၚမွ ဆြဲထူၿပီးေျပာလာသည္။ "ၿငိမ္ၿငိမ္ထိုင္။ မင္းလွုပ္ေနလို႔ မင္းနားရြက္ေတြ၊ ႏွာေခါင္းေတြ ထိမိသြားရင္ ငါ့ကိစၥမဟုတ္ဘူး။"

ပိုင္ရွင္းယြီ ဝမ္းနည္းသလို ေဒါသလည္းထြက္ေနရသည္။ "အဲ့ကတ္ေၾကးက ညစ္ပတ္တယ္။"

ယြီဖုန္းခ်န္ ရယ္သြားသည္။ "ငါ သိတယ္။"

ေျပာေနရင္း သူ ပိုင္ရွင္းယြီရဲ့ဆံပင္ကို မယူလ်က္ ညႇာတာမွုမရွိ ညႇပ္ခ်လိုက္ေတာ့သည္။ "

"အားးး!!" ပိုင္ရွင္းယြီ ေအာ္သြားသည္။ "မွန္! မွန္! ငါ့ဆံပင္ကို ဘယ္လိုညႇပ္ခ်လိုက္တာလဲ။ ခ်န္းလ်န႔္၊ ငါ့ကိုမွန္ေပး!"

ခ်န္းလ်န႔္ အခ်ိန္အေတာ္ၾကာေအာင္ ရွာၾကည့္လိုက္ေသးသည္။ "အိုက္ယား၊ အေဆာင္ထဲမွာ ဘာလို႔မွန္မရွိရတာလဲ။" ေျပာၿပီးတာႏွင့္ သူ ပိုင္ရွင္းယြီရဲ့႐ူးေၾကာင္ေၾကာင္ဆံပင္ပုံစံကိုၾကည့္ၿပီး ရယ္ေတာ့သည္။

ယြီဖုန္းခ်န္ သူ႔ပုခုံးကို ဖိခ်ရင္းေျပာလာသည္။ "မင္း ၿငိမ္ၿငိမ္ထိုင္"

ပိုင္ရွင္းယြီ အိပ္ရာေပၚက်ေနသည့္ ဆံပင္အေထြးမ်ားကိုၾကည့္ရင္း သူ႔ဆံပင္ေတြကို အရင္လိုျပန္မရနိုင္ေတာ့မွန္း သိေနသည္။ သူ သံပတ္ႀကိဳးျပတ္သြားသလို ႐ုတ္တရက္ ညႇိုးေခြသြားေတာ့သည္။ သူ ေသေသခ်ာခ်ာ ဂ႐ုတစိုက္ေစာင့္ေရွာက္ခဲ့ရတဲ့ဆံပင္ေလး မရွိေတာ့။ သူက အေရွ႕တြင္ ဆံပင္မက်ေနတာမ်ိဳးကို အရမ္းမုန္းလွသည္။ အေၾကာင္းကား သူ႔နဖူးက နည္းနည္းႀကီးလွတာမို႔ အေရွ႕ဆံပင္မရွိပါက သူ လုံလုံေလာက္ေလာက္ ေခ်ာနိုင္မွာ မဟုတ္။ သို႔ေပမယ့္ တစ္ဖန္ျပန္ေတြးၾကည့္ေတာ့လည္း ဒီလိုေနရာတြင္ အမဆိုလို႔ ဝက္မမ်ားသာရွိၿပီး သူက ဘယ္သူၾကည့္ဖို႔ ေခ်ာေနေပးရမွာပါလိမ့္။ အကယ္၍ သူသာ နည္းနည္းေလာက္႐ုပ္ဆိုးသြားပါက သူ႔အေနာက္က ၿဂိဳဟ္ဆိုးေကာင္ရဲ့ပစ္မွတ္ထားျခင္းလည္း ခံရေတာ့မွာ မဟုတ္။

ဆိုေတာ့ ဒါေတြအကုန္လုံးက သူ အရမ္းေခ်ာလြန္းလို႔ကိုး ... သခင္ေလးပိုင္တစ္ေယာက္ သူ႔ကိုယ္သူေျမႇာက္ပင့္အေတြးမ်ိဳးေတြးရင္း စိတ္ညစ္ေနသည့္ၾကားမွ အေတာ္ေလးဘဝင္ခိုက္သြားေတာ့သည္။

ယြီဖုန္းခ်န္က နည္းနည္းေလးေတာင္ တြန့္ဆုတ္မေန။ ကပ္ေၾကးႏွင့္ တစ္ခ်က္ႏွစ္ခ်က္မၽွညႇပ္ၿပီးတာႏွင့္ သူ ေလာေလာလတ္လတ္ အေရာင္ဆိုးထားသည့္ၾကက္ေသြးရင့္ဆံပင္မ်ား ကုတင္ေပၚသို႔ က်လာသည္ကိုေတြ႕လိုက္ရသည္။ ဒီဆံပင္မ်ားက သူ႔ႏွလုံးသားေလးအတိုင္း ေျမေပၚသို႔ျပန႔္က်ဲက်ေနသည္။

ညႇပ္ၿပီးေနာက္ ယြီဖုန္းခ်န္ သူ႔ေခါင္းေပၚရွိဆံပင္စမ်ားကို သပ္ေပးရင္း ေက်နပ္မွုအျပည့္ျဖင့္ ေျပာလာသည္။ "မဆိုးပါဘူး။"

ခ်န္းလ်န႔္ ရယ္လြန္းေနတာမို႔ သူ႔ပခုံးမ်ားပါ တသိမ့္သိမ့္တုန္ေနေတာ့သည္။

ပိုင္ရွင္းယြီ သူ႔ဆံပင္ တိုစိစိေလးမ်ားကို ထိၾကည့္ရင္း ရင္ထဲ ခံစားခ်က္မေကာင္းေတာ့။ သူ အိပ္ယာေပၚမွထကာ အိပ္သာခန္းဘက္သို႔ အေျပးသြားရင္း မွန္ကိုၾကည့္လ်က္ နာက်င္မွုမ်ားျဖင့္ေအာ္လိုက္မိသည္။

မွန္ထဲက ေခြးကိုက္ထားတဲ့ ဆံပင္ေကနဲ႔ အ႐ူးေကာင္က ဘယ္ေကာင္လဲ!!

ယြီဖုန္းခ်န္ တံခါးေဘာင္ကိုမွီလ်က္ ရိုးသားလွတဲ့အျပဳံးေလးျဖင့္ေျပာလာသည္။ "ဘယ္လိုလဲ။ ေပါ့ပါးသြားတယ္မလား။"

ပိုင္ရွင္းယြီ သူ႔ကို တုန္ယင္ေနသည့္လက္ညႇိုးမ်ားျဖင့္ တထိုးထိုးလုပ္ရင္းေျပာလိုက္သည္။ "မင္း .. မင္း"

ခ်န္းလ်န႔္ႏွင့္ အေဆာင္တူတပ္သားသစ္ေလးေတြအကုန္ အေဆာင္တံခါးေပါက္ေရွ႕ စုျပဳံခုန္ေပါက္လ်က္ ေပ်ာ္စရာပြဲတစ္ခုကို ၾကည့္ေနရသလိုၾကည့္ေနၾကသည္။ လူေကာင္ႀကီးေနၿပီျဖစ္သည့္ ၁၈၊ ၁၉ ႏွစ္သားမ်ားကေတာ့ တစ္ဖက္သို႔လွည့္လို႔ ခိုးရယ္ေနၾက၏။

ပိုင္ရွင္းယြီ ေဒါသထြက္လြန္းတာမို႔ ယြီဖုန္းခ်န္ရွိရာသို႔ ေျပးသြားၿပီး လက္သီးျဖင့္ထိုးခ်ဖို႔လုပ္လိုက္သည္။

ခ်န္းလ်န္ အလန႔္တၾကားေအာ္ခ်လာသည္။ "ပိုင္ရွင္းယြီ!"

ယြီဖုန္းခ်န္က သူ႔လက္ေကာက္ဝတ္ကို ဖမ္းကိုင္၍ ရထားေပၚမွာသုံးခဲ့သည့္လွည့္ကြက္အတိုင္း သူ႔လက္ကို ေနာက္ျပန္လွန္ခ်ိဳးခ်လိုက္ျပန္သည္။ ပိုင္ရွင္းယြီ နာက်င္တႀကီးေအာ္မိသြားသည္။ သူ႔လက္ေမာင္းက ေနာက္ျပန္လိမ္ခ်ိဳးခံထားရတာမို႔ သူ႔ခႏၶာကိုယ္ကလည္း တစ္ဖက္သို႔ လွည့္ထြက္သြားေတာ့သည္။ ထိုအခ်ိန္ သူ က်န္သည့္လက္တစ္ဖက္ျဖင့္ ယြီဖုန္းခ်န္မ်က္ႏွာကို လွမ္းထိုးဖို႔လုပ္ေပမယ့္ ထိုလက္ကိုလည္း ယြီဖုန္းခ်န္က အသာေလးဖမ္းလိုက္နိုင္ေလသည္။

"အားးး .. နာတယ္။ ငါ့ကို လႊတ္စမ္း!!"

ယြီဖုန္းခ်န္ ေလွာင္ရယ္ ရယ္လိုက္သည္။ "နာမယ္မွန္း သိရက္နဲ႔ ငါ့ကိုရန္လာစရဲတယ္?"

"ဘယ္သူက မင္းကို ရန္စေနလဲ။ မင္း အရင္ရန္လာစတာေလ။ ႐ူးေနတာလား။"

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီကို ေရခ်ိဳးခန္းထဲတြန္းထည့္ၿပီး တံခါးကို ေျခကန္ပိတ္လို႔ အျပင္ဘက္ရွိ ခ်န္းလ်န႔္ႏွင့္ အျခားသူမ်ားရဲ့ပြဲၾကည့္ခြင့္အား ပိတ္ဆီးခ်လိုက္သည္။

တပ္ထဲတြင္ ရန္ျဖစ္ခြင့္မရွိ။ တစ္ခုခုမွားေနၿပီမွန္း သတိထားမိတာႏွင့္ ခ်န္းလ်န႔္ ေရခ်ိဳးခန္းအေရွ႕ အျမန္သြား၍ တံခါးကို ခပ္သြက္သြက္ထုရိုက္ေတာ့သည္။ "မင္းတို႔ႏွစ္ေယာက္ ျပႆနာမရွာနဲ႔ေတာ့။ ယြီဖုန္းခ်န္၊ မင္းလည္း သူ႔ကို လႊတ္ေပးလိုက္ေတာ့။ မင္းအတြက္မင္း ျပႆနာမဖန္တီးခ်င္စမ္းနဲ႔။"

ယြီဖုန္းခ်န္ တံခါးကို သူ႔ေက်ာျဖင့္ ပိတ္ဖိထားၿပီး ဘယ္သူ႔ကိုမွ ဝင္လာခြင့္မျပဳ။ သူ ေပါ့ေပါ့ပါးပါးျပန္ေျဖလိုက္သည္။ "မင္းတို႔ စိတ္ပူမေနနဲ႔။ ငါ သူနဲ႔ စကားနည္းနည္းေျပာခ်င္႐ုံပဲ။"

ပိုင္ရွင္းယြီ ပါးစပ္ဖြင့္ဟလို႔ ေအာ္မလို႔လုပ္ခ်ိန္မွာပဲ ယြီဖုန္းခ်န္က သူ႔ခါးကို လက္တစ္ဖက္ျဖင့္ဆြဲဖက္လ်က္ သူ႔ခႏၶာကိုယ္ႏွင့္ပူးကပ္ထားလိုက္တာကို ခံစားလိုက္ရသည္။ သူ ခဏတာမၽွေတာင့္တင္းသြားၿပီးေနာက္ လွုပ္ပါမလွုပ္ရဲေတာ့။ အေၾကာင္းကား သူ႔တင္ပါးက ယြီဖုန္းခ်န္ရဲ့ေအာက္ပိုင္းတစ္ေနရာႏွင့္ ထိေတြ႕ေနၿပီး ထိုအရာေလးက ေဖာင္းႂကြလွုပ္ရွားေတာ့မည္ကိုခံစားေနရတာမို႔ပင္။

ယြီဖုန္းခ်န္ သူ႔နားရြက္အနား ႏွုတ္ခမ္းတိုးကပ္သြားၿပီး ခပ္တိုးတိုးေရရြတ္လာသည္။ "မင္း ထပ္လွုပ္ေနရင္ ဒါက ထိန္းဖို႔လြယ္ေတာ့မွာမဟုတ္ဘူး။"

ပိုင္ရွင္းယြီ တစ္ကိုယ္လုံး ၾကက္သီးမ်ား ထလာေတာ့သည္။ သူ႔အေနႏွင့္ ေယာက္်ားတစ္ေယာက္ထံမွ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရမည့္ေန႔ရက္တစ္ခု ေရာက္လာလိမ့္မည္ဟု တစ္ခါမွ အိပ္မက္ေတာင္မမက္ထားဖူး။ ထို႔အျပင္ သူ႔ကိုယ္သူ အရွက္မရွိဆုံး၊ မ်က္ႏွာေျပာင္အတိုက္နိုင္ဆုံးဟု ထင္ခဲ့သမၽွ 'ယြီ'မ်ိဳးရိုးႏွင့္တစ္ေယာက္က သူ႔ထက္ေတာင္ ပိုလို႔အရွက္မရွိေန။

သူ အသံတုန္တုန္ယင္ယင္ႏွင့္ေမးလိုက္သည္။ "မင္း .. မင္း ဘာလုပ္ခ်င္ေနတာလဲ။"

ယြီဖုန္းခ်န္ ဟက္ကနဲရယ္သြားသည္။ "မင္းကို တက္လုပ္ခ်င္ေနတာေလ။ ျမင္တာနဲ႔ မသိဘူးလား။"

ပိုင္ရွင္းယြီ တုန္တုန္ယင္ယင္ႏွင့္ ၿခိမ္းေျခာက္ျခင္းဟုေခၚမရသည့္ ၿခိမ္းေျခာက္စကားတစ္ခုကိုေျပာလိုက္သည္။ "မင္းလုပ္ရဲတယ္?"

"ငါ လုပ္ရဲလားမလုပ္ရဲဘူးလား၊ မင္းစမ္းၾကည့္ရင္ သိမွာပဲမလား။"

ပိုင္ရွင္းယြီ ငိုသံပါပါႏွင့္ေျပာလိုက္သည္။ "ငါ ေဂးမဟုတ္ဘူး။ ငါ့ကို လာေၾကာင္မေနနဲ႔။ ငါ .. ငါ့အစ္ကိုက အရမ္းေတာ္တာ။ သူ မင္းကို ေသေအာင္ရိုက္လိမ့္မယ္။"

ယြီဖုန္းခ်န္ 'အိုး' ဟု အသံျပဳလိုက္သည္။ "မင္းအစ္ကိုကပဲ မင္းကို တပ္ထဲ ပစ္ထည့္လိုက္တာမလား။ မင္းအစ္ကို လာအကယ္ကို ေစာင့္ေနရင္ေတာ့ အဲ့ၾကားထဲ ငါ မင္းကို အႀကိမ္ႀကိမ္ သတိေမ့ေအာင္လုပ္ၿပီးေနေလာက္ၿပီ။"

ပိုင္ရွင္းယြီ ေဒါသထြက္လြန္းတာမို႔ တစ္ေယာက္ေယာက္ကို ကုန္းကိုက္ခ်င္လာေတာ့သည္။

ယြီဖုန္းခ်န္ ခပ္တိုးတိုးရယ္လ်က္ေျပာလာသည္။ "မင္းစိတ္ထဲ အဲ့ေလာက္ႀကီးထိ အပူအပန္ထားေနစရာမလိုပါဘူး။ သုံးလေလာက္ ဒီမွာေနၿပီးရင္ မိန္းကေလးဆိုတာ ဘယ္လိုပုံစံရွိလဲေတာင္ မင္းမွတ္မိေတာ့မွာမဟုတ္ဘူး။ အဲ့ခါက် မင္းအေနနဲ႔ ငါလည္း သိပ္မဆိုးတာကို ေတြ႕လာမွာပါ။"

"ေသာက္ေရးမပါတာ"

"ေစာင့္ၾကည့္ၾကတာေပါ့။" ယြီဖုန္းခ်န္ သူ႔နားရြက္ေအာက္ပိုင္းနားကို ငုံ႔နမ္း၍ ျပန္လႊတ္ေပးလိုက္သည္။

ပိုင္ရွင္းယြီမွာ ေျခလွမ္းေပါင္းမ်ားစြာ အေနာက္ဆုတ္သြားၿပီး ယြီဖုန္းခ်န္ကို ထိတ္လန႔္တႀကီးၾကည့္လာပုံမွာ မိသားစုေကာင္းေကာင္းတစ္ခုက ေကာင္မေလးတစ္ေယာက္ လူဆိုးႀကီးမ်ား ဝိုင္းအနိုင္က်င့္လိုက္တာႏွင့္ေတာင္ တူလွသည္။

ယြီဖုန္းခ်န္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရယ္ရင္း ေခါင္းတခါခါျဖစ္သြားသည္။ "မဆိုးဘူး။ အၾကာႀကီး ကစားလို႔ရတယ္။" ေျပာၿပီးသည္ႏွင့္ သူ တံခါးဆြဲဖြင့္လို႔ ေလတခၽြန္ခၽြန္ႏွင့္ ထြက္သြားေတာ့သည္။

ခ်န္းလ်န႔္ အေျပးဝင္လာၿပီး သူ႔ကို အေလာစလိုၾကည့္၍ေမးလာသည္။ "ေဟး .. မင္း ဘာမွမျဖစ္ဘူးမလား။"

မ်က္ဝန္းထဲ မ်က္ရည္မ်ားဝဲေနသည့္ပိုင္ရွင္းယြီတစ္ေယာက္ စိတ္ထဲမွာေတာ့ 'ဒုကၡလွလွေတြ႕ၿပီ' ဟု ေတြးေနမိေတာ့သည္။

KittyKitling

Modified date : Oct 07,2022

___///___

Continue lendo

Você também vai gostar

344K 6.2K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...
42.6K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
852K 96.8K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...
532K 29.6K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)