Return of Magic Murderer 13- The Magic

Start from the beginning
                                    

Bai Yutang က ကားရပ်လိုက်တော့ တောင်ကုန်းသဏ္ဍာန် ကုန်းမို့မို့လေးများ ဝန်းရံနေသော ကြီးမားကျယ်ပြန်လှသည့် အပန်းဖြေအိမ်ရာ ။ အရှေ့ဘက်မှကြည့်လျှင် S မြို့တော်ကြီးကို အပေါ်စီးမှ မြင်နေရသည်။ Bai Yutang က ကားထဲမှ ထွက်၍ ကားတံခါးကို မှီကာ တောင်ကုန်းလေးပေါ်မှ နေ၍ ပင့်ကူမျှင်ကဲ့သို့ ရှုပ်ထွေးနေသော လမ်းမီးအောက်တွင် သွားလာနေကြသော ကားများကို ငေးကြည့်နေသည်။

"ငါ့မှာတော့ ဘာအကြံဥာဏ်မှ မရှိပါဘူး၊ ဒါပေမဲ့ မင်းရဲ့အကြံဥာဏ်ကို ငါနားထောင်ချင်တယ်လေ"
Zhan Zhao က ကလေးတစ်ယောက်လို ပြုံးလိုက်ပြီး Bai Yutang နားကို လျှောက်လာသည်။
"ဟုတ်တယ် ငါ့မှာ အကြံရှိတယ်"

Bai Yutang ကပါ လိုက်ပြုံးလေသည်။
" ကြောင်လေး မင်းရဲ့ပုံစံက စိတ်လှုပ်ရှားနေတဲ့ပုံပဲ"
Bai Yutanh က သူ့မျက်နှာကို Zhan Zhao လေးဘက်သို့ လှည့်လိုက်သည်။
"ငါ့ကိုပြောပြလေ၊ ငါနားထောင်မယ်"

"မင်း Zhao Jue အကြောင်း စဉ်းစားကြည့်၊ သူ ဘာလို့ ငါတို့ရှေ့မှာ တမင်ပေါ်လာတာလဲ"
Zhan Zhao စကားကို ကြားတော့ Bai Yutang ခေါင်းယမ်းလိုက်သည်။
"ငါ မသိဘူးလေ"

Zhan Zhao က ခဏလေး တွေးလိုက်ပြီးမှ Bai Yutang နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"သူ့ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ မသိပေမဲ့ ဒီ အမှုနဲ့ ပတ်သက်လို့တော့ ငါ တချို့ကို သိလိုက်ရတယ်"

"ဘာတွေလဲ"
"ကစားပွဲနဲ့ အရုပ်လေ"
Zhan Zhao က ဖြေးညင်းစွာ ပြောလိုက်သည်။

"အဲဒါဆို မင်းပြောတာက ဒီအမှုတစ်ခုလုံးက Zhao Jue ဖန်တီးထားတဲ့ ကစားပွဲလား၊ အဲဒီမှာပါတဲ့သူတွေကလဲ သူ့အရုပ်တွေပဲပေါ့"
Bai Yutang က ရုတ်တရက် ပြုံးလိုက်သည်။

"ဟုတ်တယ်..ဒီလောက် ဖုန်တက်နေတဲ့အမှုက Zhao Jue သေချာရှာတွေ့ထားတဲ့ ကစားပွဲပဲ... လွန်ခဲ့တဲ့ ဆယ်နှစ်ကရော အခုရော ပါဝင်တဲ့လူတွေကို သူက ကစားစရာအဖြစ် သတ်မှတ်ထားတာ သေဆုံးသူတွေ၊ အတွင်းလူတွေနဲ့၊ တကယ့်လူသတ်သမားအထိပေါ့"

"တကယ့်လူသတ်သမားကလဲ သူ့ထိန်းချုပ်မှု အောက်မှာပဲလား"
Bai Yutang က အနည်းငယ်တော့ အံ့သြသွားသည်။

"ဟုတ်တယ်"
Zhan Zhao ခေါင်းညိတ်ပြသည်။.
"Kong Liping ရဲ့ အမှုမှာဆိုရင် Zhao Jue ကလွဲပြီး ဘယ်သူမှ မလုပ်နိုင်ဘူး၊"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now