Training Camp Murderer 12- Destiny

Start from the beginning
                                    

Bai Yutang က အရှေ့မှ အရာအားလုံးကို ခုန်ပျံကျော်လွှားကာ Laura ရဲ့ လက်ကောက်ဝတ်ကို ဖမ်းချုပ်ဖို့ ကြိုးစားနေသည်။ သို့သော် ယခုအချိန်မှာ Laura ရဲ့ အားက အသက်ငါးဆယ်အရွယ် မိန်းမကြီးတစ်ယောက်မဟုတ်ပဲ အသက်၂၀ကျော် လူငယ်ငယ်တစ်ယောက်ရဲ့ အားလို သန်မာကာ အသိစိတ်ပျောက်နေသည်။ ဘေးနားမှာ ရှိတဲ့ လုံခြုံရေးအစောင့်တွေကလဲ ကြောင်ကြည့်နေကြလေတော့ Bai Yutang က မော့ကြည့်ကာ အော်လိုက်သည်။
"ဘာလုပ်နေကြတာလဲ၊ လာမကူပဲနဲ့"

Bai Yutang ရဲ့ အော်သံကြားမှ လုံခြုံရေးများက အသိဝင်လာကာ Bai Yutang ကို အသဲအသန်တွန်းနေသော Laura ကို ဝိုင်းကာ ချုပ်ထားလိုက်ကြသည်။

Zhan Zhao က ဆေးရုံကားကို ဖုန်းဆက်ခေါ်ပြီး နီးစပ်ရာ ရဲစခန်းကို သတင်းလှမ်းပို့ကာ အကူအညီခေါ်လိုက်သည်။

Dr. Wilson က မြေပြင်ပေါ်ကို မှောက်လျက်လဲကျသွားပေမဲ့ သတိလစ်မသွားပဲ အသိစိတ် လွတ်နေသော သူ့မိန်းမအား မယုံနိုင်သလို ကြည့်ပြီး သူ့မိန်းမကို  ချုပ်ထားသော လုံခြုံရေးများကို ကြည့်ကာ လေသံလေးနှင့် ပြောနေသည်။
"သူ့ကို နာကျင်အောင် မလုပ်ကြပါနဲ့...."
.............

ဆေးရုံကားနှင့် ရဲကားတို့ ရှေ့ဆင့်နောက်ဆင့်လိုပင် ရောက်လာကြပြီး Dr. Wilson ကို ဆေးရုံကားဆီသို့ တွန်းလှည်းနှင့် ခေါ်သွားကြပြီး Laurw ကိုတော့ ရဲလေးယောက်က ဝိုင်းချုပ်ကာ ခေါ်သွားကြလေသည်။

Bai Yutang ကတော့ ပခုံးပေါ်မှာ တင်နေတဲ့ ဖုန်တွေကို လက်နဲ့ ပုတ်ကာ ခါလိုက်ပြီး သူ့ရှေ့မှာ အတူတူလမ်းလျှောက်နေတဲ့Zhan Zhao ကို ကြည့်လိုက်သည်။

"ကြောင်လေး၊  ဘာတွေ စဉ်းစားနေတာလဲ"

Zhan Zhao ကတော့ ခေါင်းကိုသာ တင်းတင်းငုံ့ထားသည်။
"အရမ်း ထူးဆန်းတယ်.."

"ဟုတ်တယ်.."
Bai Yutang က ခေါင်းညိတ်သည်။
"မသိရင် သရဲ ဝင်ပူးနေသလိုပဲ၊ ငါ့တစ်သက်လုံး ဒီလောက် အားကြီးတဲ့ အဘွားအိုကို တစ်ခါမှ မတွေ့ဖူးဘူး"

"သရဲများ တကယ် ဝင်စီးတာလား"
Zhan Zhao က တိုးတိုးလေး ရေရွတ်သည်။

"တခြားသူတစ်ယောက်လိုပဲ"
Bai Yutang က အင်္ကျီကို သေချာ ပြင်လိုက်ကာ ရုတ်တရက် ရပ်လိုက်သည်။
"လူပြောင်းသွားတာ.."

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now