Murderer 27- Accident

Start from the beginning
                                    

Bai Yutang နဲ့ Zhan Zhao တို့က အသက်ကို ဝဝရှူ လိုက်ပြီး အခန်းထဲကို ဝင်သွားသည်။ ဝင်ဝင်ချင်းပဲ အထဲမှာက ဖြူဖြူဖွေးဖွေး ဆပ်ပြာပူဖောင်းတွေက နေရာအနှံ့၊ ကြည့်နေတုန်းမှာပဲ ပစ္စည်းတစ်ခု ပျံထွက်လာတော့ Bai Yutang က တံခါးနားမှာ ရောက်နေသည်။

"ဖြန်း..."
လက်ဝါးနှင့် အရာဝတ္ထုတစ်ခုတို့ ရိုက်ခတ်သံ။
နောက်ဆုံးတော့ Bai Yutang က Bai Yutang ပါပဲ။
သူ့မျက်လုံးက အရမ်းလျင်ပြီး လေကလဲ မသင့်သည့်အတွက် ထိုပစ္စည်းကို သူရှောင်ရင် လွတ်သည်။ သို့သော် သူ့နောက်မှာ ရပ်နေသည့် Zhan Zhao ကို ထိမိမည်စိုး၍ မရှောင်ပဲ Zhan Zhao ရှေ့က နေပြီး ကာလိုက်သည်။

သူ့လက်နဲ့ ထိသွားတဲ့ မာကျောကျောအရာက.... ၊ ငုံ့ကြည့်တော့ ဟင်းချက်တဲ့အိုး။ Zhan Zhao ရော Bai Yutang ပါ အံ့သြ သွားကြသည်။ အခန်းထဲကို ကြည့်လိုက်တော့ Gongsun က အဝတ်တွေ ဖရိုဖရဲနဲ့ ယိုင်နဲ့နဲ့ မတ်တပ်ရပ်နေသည်။ တစ်ကိုယ်လုံးမှာ ဆပ်ပြာမြှုပ်တွေနှင့် ပြည့်နေပြီး ဘယ်ဘက်လက်က ရေစိုခံပတ်တီးနဲ့ ညာဘက်လက်ကတော့ ဂေါ်ပြားတစ်လက်ကို ကိုင်ထားပြီး အသက်ကို ပြင်းပြင်းရှူ ကာ Bai Jintang လက်ထဲကို သူ့ခေါင်းမရောက်အောင် ရုန်းကန်နေလေသည်။

"ခဏလေး နေကြပါဦး၊"
Bai Yutang က အခန်းရှေ့သွားပြီး အော်လိုက်သည်။
"အပြစ်မရှိတဲ့သူတွေကိုတော့ မထိခိုက်ပါစေနဲ့နော်"

Gongsun က Zhan Zhao နဲ့ Bai Yutang တို့နှစ်ယောက်ကို တံခါးအဝမှာတွေ့တော့ သူ့လက်ထဲက "လူသတ်လက်နက်" ကို ကြမ်းပြင်ပေါ် ပြန်ပစ်ချပြီး အသက်ပြင်းပြင်းရှူ ကာ ဆိုဖာပေါ်သို့ ပြန်ထိုင်သည်။

Bai Yutang နဲ့ Zhan Zhao တို့ကတော့ အခန်းထဲကို အလျင်အမြန်ဝင်လိုက်ရင်း Gongsun ကိုမေးလေသည်။
"Gongsun အဆင်ပြေရဲ့လား"

Gongsun ကတော့ တံခါးဝမှာ ရပ်နေသည့် Bai Jintang ကို ကြည့်ကာ ပြောလေသည်။
"ခင်ဗျား ကျွန်တော့်အနားကို လာရဲလာကြည့်၊ ဘုရားပဲ တ နေရမယ်"

Gongsun ကို အဝတ်အစားကူလဲပေးပြီး အိပ်ရာပေါ်တင်ပြီးသည်နှင့် Bai Yutang နှင့် Zhan Zhao က Bai Jintang ကို အပြင်ဆွဲခေါ်လာပြီး သုတေသနစင်တာမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြသည်။

"..."
Bai Jintang က တစ်လျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေရင်းမှ Zhao Jue က သူ့ကို စိတ်ပညာနဲ့ အမိန့်တစ်ခုပေးခဲ့တယ်ဆိုတာလဲ ကြားရော မျက်မှောင်နဲနဲ ကြုံ့သွားသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now