Murder 21- Zhao Jue

Start from the beginning
                                    

"အော်"
Bai Yutang က အံ့သြ သွားသည်။
"အဲ့ဒါ ဘာလို့ မသွားတာလဲ"

Zhan Zhao က မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
"စိတ်ပညာဆိုတာ လူတွေကို လေ့လာဖို့ပဲ"

"..သူတို့ကရော လူတွေကို လေ့လာနေတာပဲ မဟုတ်လား.."
ခဏလောက် တိတ်ဆိတ်သွားပြီးမှ Zhan Zhao တိုးတိုးဖွဖွ ပြောသည်။
"...အရာဝတ္ထု သက်သက်ပဲ..."

Bao Zheng က ထိုနေရာကို မကြာခဏလာသောကြောင့် ကုတ်အဖြူ များဝတ်ထားသော သုတေသန စင်တာရဲ့ ဝန်ထမ်းများက သူ့ကို နှုတ်ဆက်သွားကြသည်။

ထိုလူသုံးယောက်ကတော့ လမ်းတစ်လျှောက် ဆက်သွားပြီး အဆုံးမရှိသော ကော်ရစ်ဒါများပေါ် လျှောက်လာကြသည်။

သံတိုင်တွေကြားမှ လူတွေက တံခါးပိတ်လိုက်ဖွင့်လိုက်နှင့် သူတို့ကို မကောင်းဆိုးဝါးတွေကို စိုက်ကြည့်နေကြသည်မှာ ကျောချမ်းစရာပင်။ ထိုနေရာက အေးစက်နေပြီး သရဲတွေ ရှိနေသလားဟုပင် ထင်ရသည်။

နောက်ဆုံးမှာတော့ Bao Zheng က သံထူထူနှင့် လုပ်ထားတဲ့ တံခါးတစ်ခုရှေ့မှာ ရပ်လိုက်ပြီး လက်ညိုးမှ လက်ဗွေရာနှင့် scan ဖတ်လိုက်သည်။ တံခါးမှ အသံတစ်သံထွက်လာပြီး ပွင့်သွားသည်။

သံတံခါးကို တွန်းဖွင့်လိုက်တော့ အထဲမှာ မှန်အကြီးကြီး တစ်ချပ်ခံထားသေးသည်။ ထို့နောက်မှာတော့ အမဲရောင် သံတိုင်တွေနှင့် အချုပ်ခန်းငယ်တစ်ခု။ ပရိဘောဂတွေကတော့ ရိုးရှင်းပြီး သန့်နေသည်။ နံရံတွေကို အဖြူရောင်ချည်းသုတ်ထားပြီး နေရောင်ဝင်စေရန် ပြတင်းပေါက်တစ်ခုက နံရံမှာ ရှိနေသည်။ နေရောင်ရော မှန်ရောင်ကြောင့်ပါ တစ်ခန်းလုံးက လင်းထိန်နေသည်။

ထောင့်လေးထောင့်လုံးမှာ အစိမ်းရောင် အပင်ငယ်လေးတွေ တန်းစီ စိုက်ထားပြီး ကျောက်ခတ်အဖြူနှင့် ပိန်းပန်း အဖြူ ကိုတော့ ကြိုကြားကြိုကြား စိုက်ထားလေသည်။(dramaထဲမှာတော့ ဒေလီယာပန်ပါ ဒီမှာကတော့ african calla lilyလို့ ရေးထားလို့ပါ)

အချုပ်ခန်းရဲ့ အလယ်တည့်တည့်မှာတော့ လူတစ်ယောက်ထိုင်နေတဲ့ အနီရောင် ထိုင်ခုံလေးတစ်လုံး ရှိနေသည်။ သူက မှန်တံခါးကို ကျောပေးထားပြီး ပိန်းပန်းအဖြူးလေးကို စိုက်ကြည့်နေသည်။ လက်ထဲမှာလဲ စာရွက်နှင့် ဘောပင်ကို ကိုင်ကာ တစ်စုံတစ်ခုကို အေးအေးဆေးဆေး ဆွဲနေလေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now