Murder 08- Doctor

Start from the beginning
                                    

"ကြောင်လေး ငါအကြံပေးချင်တာက ဒီလိုလူတွေနဲ့ ဆက်ဆံပြီး သူတို့ဆီက အဖြေရဖို့ မင်းအတွက် လွယ်ကူမှာမဟုတ်ဘူးနော်"

Zhan Zhao က စာဖတ်နေရင်း တစ်ချက် မော့ကြည့်လိုက်သည်။
" လူတွေက စိတ်ရောဂါသည်တွကို အဲလိုခွဲခြားပြီး ဆက်ဆံတတ်ကြတယ်။ ဒါပေမဲ့ မင်းသိထားဖို့က သူတို့က အအေးမိတဲ့ရောဂါလိုပဲ ကုသလို့ ပျောက်ကင်းနိုင်တယ်"

စကားပြောနေရင်းနဲ့ အခန်းတံခါး ရုတ်တရက်ပွင့်လာပြီး အလွန်ကြီးမားလှတဲ့ ခန္ဓာကိုယ်နဲ့ ကတုံးကြီးတစ်ယောက် ဝင်လာသည်။ သူ့ခန္ဓာကိုယ်ကို ကြည့်ရတာနှင့်ပင် သူဘယ်လောက်ဆိုးလဲဆိုတာ ခန့်မှန်းမိစေသည်။

သံကြိုးတွေကို ဖြည်းဖြည်းချင်းဆွဲလာကာ Bai Yutang နဲ့ Zhan Zhao ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။
အကြည့်တွေက ဖြူစင်မှုလုံးဝမရှိ။ တဟီးဟီးနှင့် ရယ်နေသည်။
" မင်းတို့က ငါတွေ့နေကြ ငတုံးရဲတွေထက်တော့ သာမဲ့ပုံပဲ"

Bai Yutang ကတော့ ထိုလူကို Wu Haoထက်သာသည်ဟု တွေးလိုက်ပြီး စမေးသည်။
"ခင်ဗျားက Liu Weiလား။ "

Liu Wei က ခေါင်းညိတ်ရင်း နောက်ထပ်မေးခွန်းတွေကို စောင့်နေသည်။ ပြီးတော့သူက စပြောသည်။
" မင်းတို့က အချုပ်ခန်း၃က သေသွားတဲ့သူအကြောင်းမေးမလို့ မဟုတ်လား"

Zhan Zhaoနဲ့ Bai Yutang ကတော့ အံ့သြသွားလေသည်။ Liu Wei ကတော့ သူတို့ကို ကြည့်ပြီး ထပ်ခါထပ်ခါ ရယ်နေသည်။ သူက ဆက်၍ ပြောလိုက်သည်။
" ဒီနေ့ ဆရာဝန်တစ်ယောက် လျှောက်လာတာ တွေ့လိုက်တယ်"

"ဆရာဝန်?? "
Bai Yutang က အခုမှ အသိဝင်လာသလို ချက်ချင်း မေးလိုက်သည်။
" သူက ဘယ်လိုပုံစံရှိလဲ၊ အရင်က မြင်ဖူးလား"

"မမြင်ဖူးဘူး "
Liu Wei က ခေါင်းခါလိုက်သည်။ သူက ခန္ဓာကိုယ်ကို အရှေ့ဘက်ကို အနည်းငယ်စောင်းလိုက်ပြီး အသံကိုနှိမ့်ကာပြောလိုက်သည်။

" သူက ဒီက ဆရာဝန်လုံးဝ မဖြစ်နိုင်ဘူး။ ငါက ဒီမှာ နေတာရှစ်နှစ်ရှိပြီ။ ဒီမှာ ရှိတဲ့ ဆရာဝန်တွေအကုန် ငါမြင်ဖူးတယ်။ ဒါက ငါ့နယ်မြေပဲ ငါမသိတာ ဘာမှမရှိဘူး။"

"သူက အခုမှရောက်တာလဲ ဖြစ်နိုင်တာပဲ"
Zhan Zhao က ဝင်မေးလိုက်တော့

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now