"ငါတို့မှာ နာမည်တွေ မရှိကြဘူး။ နံပါတ်တွေနဲ့ပဲ အလုပ်လုပ်တာ"
"နံပါတ်တွေ"
Zhan Zhao နဲ့ Bai Yutang က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ပြီး Bai Yutang က Wu Hao ဆီသို့သွားကာ နားရွက်နောက်ကို စစ်ဆေးကြည့်လိုက်သည်။ ဘာနံပါတ်မှ ရှိမနေပေ၊" ခင်ဗျားကို ဘယ်ကနေ အမိန့်ပေးတာလဲ"
Zhan Zhao က မေးလိုက်သည်။"နတ်သားတစ်ပါးက တာဝန်နဲ့အတူ သတ်ရမဲ့ သူ အကြောင်းယူလာပြီး ငါတို့ကို လာရှာတာ"
"အဲဒါဆို သတ်ရမယ့်လူရဲ့ အချက်အလက်ကရော"
Bai Yutang က ဝင်မေးသည်။" ကြည့်ပြီးတာနဲ့ ဖျက်ဆီးပစ်လိုက်ရတယ်"
" ခင်ဗျားကတော့ ဖျက်ဆီးမှာ မဟုတ်ပါဘူး။ တစ်နေရာရာမှာ သိမ်းထားမှာပါ"
Zhan Zhao က Wu Hao တုန်လှုပ်နေပုံကို ကြည့်နေသည်။" ဟုတ်တယ် ငါ စာအုပ်စင်နောက်မှာ ဖွက်ထားတယ် ငါ့အိမ်မှာ "
Wu Hao က သက်ပြင်းချကာ ဝန်ခံသည်။" နောက်ဆုံးမေးခွန်းပဲ ခင်ဗျားရဲ့နံပါတ်က ဘာလဲ"
".....114...."ရဲအရာရှိနှစ်ယောက်က မေးခွန်းစစ်မေးခြင်းကို အဆုံးသတ်လိုက်ပြီး အကျဉ်းထောင်ထဲက ထွက်လာတော့ မှောင်တောင်မှောင်နေပြီ။
Bai Yutang က Bao Zheng ဆီကို ဖုန်းခေါ်လိုက်ပြီး အမှုအကြောင်း အသေးစိတ်ကို အစီရင်ခံနေသည်။ Bao Zheng က ချက်ချင်းပင် ရှာဖွေဝရမ်းထုတ်ပေးလိုက်သည်။ စခန်းမှ လူလွှတ်ပြီး ချက်ချင်းပင် Wu Hao အိမ်သို့ သွားရှာကြသည်။ Bai Yutang က ရသမျှစာရွက်စာတမ်းအကုန် S.C.I ကို ပို့ထားဖို့ အမိန့်ပေးလိုက်သည်။
" ကြောင်လေး ညစာသွားစားကြမလား"
Bai Yutang က ကားထဲဝင်လာပြီးမေးသည်။" အင်း... သွားလေ"
Zhan Zhao ပုံစံက စိတ်ပါသလိုလို မပါသလိုလိုနှင့်။"Hey"
Bai Yutang က Zhan Zhao မျက်လုံးရှေ့တည့်တည့်မှာ လက်ယမ်းပြလိုက်သည်။
"စိတ်နဲ့ကိုယ်နဲ့ ကပ်ထားလေ။ ဘာတွေတွေးနေတာလဲ"Zhan Zhao က မျက်မှောင်ကြုံ့လိုက်သည်။
"Wu Hao ရဲ့ပုံစံက ယုံကြည်မှုကို လွန်ကဲနေလို့ ပြစ်မှုကျူးလွန်တာ။ ဒါ သာမန် မဟုတ်ဘူး"
YOU ARE READING
S.C.I Special Crime Investigation Journal Of Mystery Myanmar translation
General Fictionထူးခြားတဲ့ ကွင်းဆက်လူသတ်မှုတွေကို မှုခင်းပညာနဲ့ စိတ်ပညာပေါင်းပြီး ဖြေရှင်းကြတဲ့ S C I အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ တရုတ်ဝတ္ထုကို eng ကနေ မြန်မာပြန်လေးပါ
Murder 07 - Killer
Start from the beginning