Murder 06- Prison

Mulai dari awal
                                    

Wu Hao က နေရာမှမရွှေ့ပဲ Bai Yutang ကို ကြည့်လိုက်သည်။
" မင်းမှာ အသားစားသတ္တဝါရဲ့ အနံ့ကို ရနေတယ်"

Bai Yutang က Wu Hao ရဲ့ ထိုင်ခုံကို လက်ညိုးထိုးပြသည်။
" အခုချက်ချင်း ပြန်ထိုင်လိုက်ပြီး နေရာကနေ လုံးဝမရွေ့နဲ့။ ဒါမှမဟုတ်ရင်တော့ တကယ့် အသားစားသတ္တဝါဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ သိသွားစေရမယ်"

Wu Hao က ဖြည်းဖြည်းချင်း ပါးစပ်ပိတ်ကာ နောက်ရွှေ့ထိုင်လိုက်သည်။

Bai Yutang က စားပွဲပေါ်က ဖိုင်ကို ဖွင့်လိုက်ရင်း အထဲကဓာတ်ပုံကို ထုတ်ကာ Wu Hao ရဲ့ရှေ့ကို ချပေးသည်။
" ဒီပုံတွေကို ကြည့်လိုက်"

Wu Hao က မတ်မတ်ထိုင်နေရာမှ မရွှေ့။ မျက်လုံးလေးနှင့်ပဲ ငုံ့ကာ တစ်ချက်ကြည့်လိုက်ရင်း သူကိုယ်တိုင်ပင် မသိလိုက်ပဲ ပြုံးလိုက်သည်။

"ခင်ဗျား နဲနဲလေးမှ အံ့သြမနေဘူး"
Zhan Zhao က ရုတ်တရက် ထပြောသည်။ Wu Hao က မျက်ခုံးတစ်ဖက်ပင့်ရင်း ပြုံးပြသည်။
" ဘာလို့ အံ့သြရမှာလဲ။ သာမန်တက်တူးတစ်ခုပဲကို "

"ခင်ဗျားကို ဘယ်သူက တက်တူးလို့ပြောလို့လဲ"
Bai Yutang က လှောင်ပြုံးပြုံးရင်းမေးသည်။
"ဘာလို့ ဆေးနဲ့ပဲ ဆွဲထားတာလို့မထင်ရတာလဲ"

Wu Hao မျက်နှာပေါ်မှ အပြုံးက နဲနဲတည်သွားပြီး နားမလည်ဟန်နှင့်မေးသည်။
"ဘာကွာလို့လဲ"

"ကွာတာပေါ့"
Zhan Zhao က စားပွဲခုံကို လက်ချောင်းလေးနှင့် ခေါက်လိုက်သည်။
" တက်တူးက ရေနဲ့ဖျက်လို့မရဘူး။ ဆေးနဲ့ဆွဲတာက ဖျက်လို့ရတယ်။ ပြီးတော့ ဒီနံပါတ်တွေက အရမ်းထူးခြားတဲ့နေရာမှာပဲဆွဲထားတာ ၊ ဒီဇိုင်းပုံစံက အစအတူတူပဲ။ တကယ်လို့ ဒီပုံတွေကို ပထမဆုံးမြင်တဲ့ လူတစ်ယောက်က တက်တူးပါလို့ အရင်တွေးမှာ မဟုတ်ဘူး"

Wu Hao က ခဏတာ တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း စကားဆက်သည်။
" ဆောရီးပါ ၊ကျွန်တော်စတွေ့တော့ ဒီပုံစံ (pattern) က အပြာရောင်ဆိုတော့ တက်တူးလို့ထင်သွား... "

"ပုံစံ? "
Bai Yutang က Wu Hao ရဲ့မျက်လုံးများကို စိုက်ကြည့်နေသည်။
" ဘာလို့နံပါတ်လို့မပြောပဲ ပုံစံလို့ပြောတာလဲ"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Tempat cerita menjadi hidup. Temukan sekarang