Murder 03 - Mysterious Numbers

Start from the beginning
                                    

"လွန်ခဲ့တဲ့ သုံးရက်??"
အကုန်လုံးအံ့သြသွားကြသည်။

" ကားမောင်းသမားတရားခံကို လွန်ခဲ့တဲ့ တစ်လထဲက ဖမ်းမိထားပြီးသား မဟုတ်ဘူးလား"
Zhao Hu က လန့်သွားပြီး အော်ပြောလိုက်သည်။

Zhan Zhao ကတော့ တွေးတွေးဆဆပြောလိုက်သည်။
"တရားခံအစစ်က ကားမောင်းသမား မဟုတ်ဘူးဆိုတဲ့သဘောလား"

"ဟုတ်ပါတယ်"
Gongsun က ခေါင်းညိတ်၏။
"ဒီအလောင်းတွေအကုန်လုံးက ဆေးရုံကနေ ငါတို့ရဲ့ ဆေးရည်စိမ်အခန်းထဲကို တိုက်ရိုက်ရောက်တာ။ အလောင်းနှစ်လောင်းကတော့ ဆေးရုံထဲတောင် မရောက်လိုက်ဘူးကျွန်ငါတို့ဆီပဲ တန်းလာတာ။ အကုန်လုံးကို စစ်ဆေးကြည့်ပြီးပြီ။ နံပါတ်တွေအကုန်လုံးက တက်တူးနဲ့တော့ တူတယ်။ ပြီးတော့ ​ ​အခုမှ လုပ်ထားတာတွေ မဟုတ်ဘူး။"

Bai Yutang က ဓာတ်ပုံတွေကို နံပါတ်စဉ်အတိုင်းစီလိုက်သည်။
"တကယ်လို့ ဒီနံပါတ်တွေသာ ဆက်စပ်နေမယ်ဆိုရင် သေဆုံးသူတွေ အယောက်နှစ်ဆယ်လောက် ထပ်ရှိသေးတာပေါ့"

Gongsun က ဓာတ်ပုံတစ်ပုံကို ဆွဲယူလိုက်သည်။
" ဒီလူကို သေချာကြည့်"

Gongsun စကားကြောင့် သူတို့အားလုံး Gongsun လက်ထဲရှိ ဓာတ်ပုံကို အကြည့်ရောက်သွား၏။  အသုဘအခမ်းအနားတစ်ခုမှာ ရိုက်ထားသော လူသေအလောင်းတစ်ခု၊ နံပါတ်က ၂၃။

Gongsunလက်ထဲက ဖိုင်ကို လှန်ပြီး ဖတ်ပြသည်။
"အမည် Chen Siliang။ သူက ကားမတော်တဆ နှစ်ခါဖြစ်ပြီး တစ်ပတ်အကြာက သေသွားခဲ့တာ"

Jiang Pingက စာရွက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မယုံသင်္ကာနှင့် မေးလိုက်သည်။
" သူက ဟို စိတ်မနှံ့တဲ့ ကားမောင်းသမားကြောင့် သေတာလား"

"အဲဒီကားမောင်းသမားကြောင့်သေတာတော့ မဟုတ်ဘူး။ မျှော်လင့်မထားတဲ့ ကားတိုက်မှုကြောင့် သေတာပဲ။ ဒါပေမဲ့ သူ့နားရွက်နောက်မှာလဲ နံပါတ်စဉ်ရှိတယ်"
Ma Han တစ်ယောက်ကလည်း ထပ်ဖြည့်စွက်ပြောရင်း ကြက်သီးများထလာသည်။

"မင်းရော ဘယ်လိုမြင်လဲ"
တစ်ခဏတိတ်ဆိတ်နေပြီးမှ သူ့လိုပဲ ဘာမှဝင်မပြောသော Zhan Zhao ကို Bai Yutang က လှမ်းမေးသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now