အပိုင်း၁၆ ။ ​ကျန်းယွီ​မော့ဘဝ

Start from the beginning
                                    

သူက ​ဘောက်​ဆတ်​ဆတ်​​ပြောတတ်​​ပေမဲ့ အပြုအမူ​တွေက​တော့တကယ်​စိတ်​ရှည်​လွန်းတယ်

ရှန့်​ခယ်​သာ မိန်းက​လေးဖြစ်​ပြီး ဒီလို​​ရည်းစား​ကောင်​​လေးပိုင်​ဆိုင်​ထားရရင်​ ဘ၀ကြီးက​ပျော်​စရာ​တွေနဲ့ပဲ
ပြည့်​​နေပြီးဘာမှစိုးရိမ်​စရာမရှိ​တော့မှာက သာမန်​ဖြစ်​ရပ်​ဖြစ်​လာလိမ့်​မယ်​လို့​တောင်​​တွေးမိတယ်

အဆုံးမှာ​တော့ သူလည်းကိုယ့်​ကိုကို​ယ်​နှိပ်​စက်​​နေတာ ရပ်​တန့်​လိုက်​​တော့တယ်​..သူ​သေတာက ​သေတာပဲ...သူ့​ဘေးနားကလူကိုနှိပ်​စက်​ဖို့မလိုဘူး
သူဒီလိုအလုပ်​မျိုးမလုပ်​နိုင်​ဘူး

သူ​သေသွားနိုင်​တယ်​..ဒါ​ပေမဲ့သူ့ကိုဂရုစိုက်​​ပေးတဲ့လူ​တွေအားလုံးသူ့​ကြောင့်​နဲ့ခံစားရလိမ့်​မယ်​ missionက​တော့missionပဲ...ဒါ​ပေမဲ့ ဒီအတွက်​​ကြောင့်​နဲ့​တော့..​သေဖို့ချည်းပဲ​ရွေးချယ်​​နေတဲ့ နှလုံးသားမရှိတဲ့လူတစ်​​ယောက်​အဖြစ်​မ​ပြောင်းလဲသွားချင်​ဘူး

ခွဲစိတ်​ခန်းဝင်​တဲ့​နေ့မှာ​တော့ကျန်းမိသားစုတစ်​စုလုံးရယ်​ ကျန့်​ချန်​ဖုန်း နဲ့ ကျန့်​ရှင်းတို့ပါ အတူတူလိုက်​လာတယ်

"ပါး..မား..ကျွန်​​တော်​ကျန့်​ချန်​ဖုန်းနဲ့နှစ်​​ယောက်​တည်း​ပြောစရာရှိတယ်​"

ကျန်းပါပါးနဲ့မာမားက ကျန့်​ချန်​ဖုန်းကို ကြည့်​ပြီး​တော့ အခန်းထဲက​နေစိုးရိမ်​တဲ့မျက်​နှာ​တွေနဲထွက်​သွားတယ်

သူတို့အခန်းထဲက​နေထွက်​သွား​တော့မှပဲ ရှန့်​ခယ်​ စပြီးစကား​ပြော​တော့တယ်
"ကျန့်​ချန်​ဖုန်း တကယ်​လို့
ကျွန်​​တော်​တစ်​ခုခုဖြစ်​ခဲ့ရင်​...."

"ဘာမှဖြစ်​မှာမဟုတ်​ပါဘူး! "
ကျန့်​ချန်​ဖုန်းက ကုတင်​​ဘေးမှာ တစ်​၀က်​ထိုင်​လိုက်​ကာ သူ့လက်​ကိုတင်းတင်းဆုပ်​ရင်း စိုးရိမ်​တကြီး​ပြောတယ်
"မင်းသာ...ခွဲစိတ်​​နေရင်း​ဒေါက်​တာရဲ့ခွဲစိတ်​ဓားကို ယူပြီးကိုယ့်​လည်​ပင်းကိုယ်​မစိုက်​ရင်​ ရပြီ..."

ရှန့်​ခယ်​ ​စွံ့အသွားတယ်
"ခွဲစိတ်​​နေတုန်း​မေ့​ဆေးသုံးတယ်​​လေ..ဘယ်​က အင်​အားနဲ့​ဒေါက်​တာရဲ့ခွဲစိတ်​ဓားကိုလုယူရမှာလဲ"

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now