အပိုင်း၇။ ​ကေ့(ခ်ျ​)ဘဝ

Start from the beginning
                                    

သူနာပြုလည်း သူဘာမှမဖြစ်​တာ​သေချာ​တော့မှ
အသက်​ရှူထုတ်​ပြီး​ပြောလိုက်​တယ်​..
"အရှင်​မင်းကြီးက သခင်​​လေးအ​ခြေအ​နေကို​သေချာ
ဂရုစိုက်​ဖို့မှာသွားတာ သခင်​​လေး အခမ်းအနားကြည့်​​နေုတုန်း မထင်မှတ်တာ​​တစ်​ခုခုဖြစ်​မှာစိုးလို့တဲ့"

ဘာမထင်​မှတ်​တာဖြစ်​မှာမို့လို့လဲ ရာဗယ်​(လ်​) က သူ စိတ်​အလှုပ်​ရှားလွန်​ပြီး​သေသွားမှာ​ကြောက်​​တာလား အင်း...မစိုးရိမ်​ပါနဲ့ သူ ရှင်​သန်​ဖို့ ​နောက်​ထပ်​၃ရက်​ကျန်​​သေးတယ်

အခမ်းအနားမှာ သုံးနာရီ​တောင်​ကြာမြင့်​ခဲ့တယ်​ ရာဗယ်​(လ်​)ပြန်​တဲ့အချိန်​မှာ​တောင်​ လူအုပ်​ကြီးက မကွဲ​သေးဘူး..

ရှန့်​ခယ်​ တီဗွီလိုင်း​ပြောင်းခါနီးအချိန်​မှာပဲ
ရာဗယ်​(လ်​)ဆီက ဖုန်းဝင်​လာတယ်​ အချိန်​ကိုကြည့်​ရင်​ သူ​တော်​​တော်​​လေးအလုပ်​ရှုပ်​​နေမဲ့အချိန်​ ဒါ​တောင်​ ဖုန်းဆက်​ဖို့မ​မေ့ဘူး သူကအ​တော်​​လေး
စဉ်းစား​ပေးတတ်​တဲ့သူငယ်​ချင်းပဲ[၂]

"မင်း အခမ်းအနားကိုကြည့်​ခဲ့လား"

ရှန့်​ခယ်​ ​ခေါင်းညိတ်​ပြလိုက်​တယ်

"မင်း​ပျော်​တယ်​မလား"

ဒါ​ပေါ့ ရှန့်​ခယ်​ ဆက်​​ခေါင်းညိတ်​ပြတယ်

"ဒီ​နေ့ ​နေ့လည်​ကျရင်​ ဧည့်​ခံပွဲတစ်​ပွဲရှိ​သေးတယ်​ အဲသွားဖို့ ကိုယ်​မင်းကို​ခေါ်ချင်​​ပေမဲ့ မင်းခန္ဓာကိုယ်​အတွက်​ ကိုယ်​စိုးရိမ်​တယ်​..."

ရာဗယ်​(လ်​)က စခရင်​ထဲကရှန့်​ခယ်​ကို​ ​သေချာစစ်​​ဆေးကြည့်​ပြီး အဆင်​​ပြေတာ​သေချာ​တော့မှ စိတ်​သက်​သာသွားတယ်

အမှန်​​တော့ ရှန့်​ခယ်​ အဲ ဧည့်​ခံပွဲကိုသွားပြီး ​လောကကြီးကိုကြည့်​ချင်​တယ်​ ဒါက ဒီကမ္ဘာရဲ့ဧည့်​ခံပွဲ​လေ! သူက ​နောက်​ဆုံးမှာ အာဏာရှိတစ်​​ယောက်​နဲ့ရင်းနှီးတဲ့သူငယ်​ချင်း​တွေဖြစ်​လာပြီ ပြီး​တော့ ဒီလိုအခွင့်​အ​ရေးမျိုး​နောက်​တစ်​ကြိမ်​ရ​လောက်​မှာမဟုတ်​ဘူး...

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now