အပိုင်း၇။ ​ကေ့(ခ်ျ​)ဘဝ

Start from the beginning
                                    

သူ ခရူး(စ်​)ရဲ့အုပ်​ချုပ်​မှုကိုဖျက်​သိမ်း​ကြောင်းနဲ့ အင်​ပါယာ အသစ်​ကြီးတည်​​ထောင်​မှုကို ကျယ်​ကျယ်​​လောင်​​လောင်​ ​ကြေညာ​လောက်​​တော့ လူ​တွေအကုန်​လုံးအား​ပေးကြ​တော့တယ်​ ငိုကြရီကြဖက်​ကြနဲ့ ခံစားချက်​​တွေ​ရော​ထွေး​နေခဲ့တယ်

ရှန့်​ခယ်​က ဒီကမ္ဘာက လူမဟုတ်​ဘူး ဒါ​ကြောင့်​ ခရူး(စ်​)အုပ်​ချုပ်​မှုအ​မှောင်​​​လောကရဲ့ရက်​စက်​မှုကို မကြုံဖူးဘူး ဒါ​ပေမဲ့ သူတို့​တွေလှိုက်​လှိုက်​လှဲလှဲ​ပြော​နေတာမြင်​ရ​တော့ သူလည်း စိတ်​ထဲခံစားသွားရတယ်

အမှန်​​တော့ သူရဲ​ကောင်းတစ်​​ယောက်​လိုဆက်​ဆံခံရတာက ​တော်​​တော်​​လေး​ကောင်းတယ်
သူရဲ​ကောင်း'အတုအ​ယောင်​'လို့သူ့ကိုသတ်​မှတ်​နိုင်​​ပေမဲ့ တကယ်​​တော့သူလည်း နှိပ်​စက်​တာ​တွေခံခဲ့ရတာပဲ​လေ ဒါ​ကြောင့်​ 
ကောင်း​ကောင်းဆိုးဆိုး သူဘာမှ အကျိုးမပြုခဲ့ရင်​​တောင်​ အားသွန်​ခွန်​စိုက်​ ကြိုးစားခဲ့တယ်
ရှန့်​ခယ်​ သူလည်း 'တခြားသူ​တွေနဲ့အ​တူ​ပျော်​ရွှင်​ ​အောင်​ပွဲခံသင့်​တယ်'​​လို့ ​တွေးမိတယ်

ဒီအခိုက်​အတန့်​မှာ ရာဗယ်​(လ်​)က ရုတ်​တရက်​​ 
ခေါင်း​မော့ပြီး မီး​တောက်​အကြည့်​နဲ့ကြည့်​လိုက်​တယ်​ စခရင်​​ပေါ်ကိုဖြတ်​သွားကာ တစ်​​နေရာရာကိုစိုက်​ကြည့်​​နေဟန်​...။

"အိုး..!" သူနာပြုအမက တိုးတိုး​လေးထ​အော်​တယ်​ ပြီး​တော့ သူ့နားကပ်​ပြီး​ပြော​တော့တယ်
"သခင်​​လေး​ကေ့(ခ်ျ​) အရှင်​မင်းကြီးက သခင်​​လေးကိုကြည့်​​နေတာဖြစ်​မယ်​!"

မစပဲ​နေလို့မရဘူးလား..သူ့ဟာသူတစ်​​လောကလုံးကိုအုပ်​စိုးမယ်​ဆိုတဲ့သ​ဘောနဲ့ကြည့်​တာ​လေ...

သူနာပြုအမက သူဘာမှပြန်​မ​ပြော​တာ​တွေ့​တော့ ချက်​ချင်းစိုးရိမ်​သွားပြီး သူ့နား​ရောက်​လာကာ စက်​ကိရိယာကိုစစ်​​ဆေးပြီး​မေးလိုက်​တယ်
"သခင်​​လေး​ကေ့(ခ်ျ​) ​ဘယ်​လို​နေလဲ တစ်​​နေရာရာ ​နေမ​ကောင်းလို့လား"

ရှန့်​ခယ်​က သူမဘာ​ကြောင့်​ဒီ​လောက်​စိတ်​လှုပ်​ရှား​နေလဲ နားမလည်​လို့စိတ်​ရှုပ်​​ထွေးစွာကြည့်​လိုက်​တယ်​ သူ ​နေ​ကောင်းတယ်​မဟုတ်​ဘူးလား..
သူပြဿနာတစ်​ခုခုရှိရင်​ ရုပ်​ကပို​တောင်​​ချောလာဦးမယ်​(ရုပ်​ရည်​မြှင့်​တင်​နိုင်​စွမ်းကမင်း​ကိုပိုပိုပြီး​ချောလာ​စေတယ်​)[၁]

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now