၀၉၀

1K 135 28
                                    

 အပိုင်း၉၀

စုန့်ချီသည် ဆယ့်ခြောက်နှစ်အရွယ်တွင် လျန်ပင်းနှင့်အတူ ရွှေမြို့တော်သို့ ရောက်လာခဲ့သည်။ ဆယ်နှစ်ကျော်ခန့်စာလေ့လာလိုက်စားခဲ့မှုက သူ့အတွက် အချည်းနှီးမဖြစ်ခဲ့ပါချေ။ သူ့အသက်ဆယ့်ရှစ်နှစ်တွင် နန်းတွင်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုခဲ့ရာ ဒုတိယရရှိခဲ့သည်။ လျန်မျိုးနွယ်သည် ခေတ်အဆက်ဆက် အရှိန်အဝါကြီးသောအရာရှိအမတ်တို့ကို မွေးထုတ်ပေးသည့်မျိုးရိုးဖြစ်သဖြင့် ဇကရာဇ်သည် သူ့အတွက် တရားရေးရာဌာနတွင် တတိယတန်းစားအမတ်ရာထူးကို ပေးအပ်တော်မူခဲ့သည်။

ထိုတရားရေးရာဌာနအတွက် ဇကရာဇ်ကိုတောင်းဆိုခဲ့သူမှာလည်း လျန်ပင်းသာလျှင်ဖြစ်သည်။ အစကနဦးတွင် ဇကရာဇ်သည် စုန့်ချီဟာ မည်မျှဖြူစင်သန့်ရှင်းသည်ကိုမြင်မိပြီးသကာလ ဘာသာရေးဌာန၌ အမှုထမ်းစေလိုခဲ့ခြင်းဖြစ်၏။ သို့သော် လျန်ပင်းကမူ သူ့သားသည် ဓားတစ်ချောင်းကိုတောင် လက်နှစ်ဖက်နှင့်အနိုင်နိုင်ကိုင်နေရသဖြင့် အနည်းငယ်ပို၍ မာရေကျောရေရှိသင့်သည်ဟု ယူဆလေသည်။ ထို့ကြောင့် တရားရေးရာဌာနတွင် ရာထူးတစ်ခုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၎င်းမှာ လျန်ပင်း၏ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့ချေ။ စုန့်ချီသည် နန်းတွင်းစာမေးပွဲ၌ လောလောလတ်လတ် ဒုတိယရထားသူဖြစ်သည့်အပြင် လျန်မိသားစုကပါဖြစ်ကြောင်း တရားရေးရာဌာနမှလူများက သိထားကြသည်။ ထို့ကြောင့် အားလုံးက သူ့ကို မြှောက်ပင့်ဖားယား၍ မျက်နှာလိုမျက်နှာရလုပ်ကြသည်။ သူထမ်းဆောင်ရသမျှ အလုပ်တာဝန်တိုင်းမှာလည်း အင်အားမသုံးရသည့် လွယ်ကူသောအလုပ်များသာဖြစ်သည်။ သူသည် နေ့တိုင်းလိုလို အခွင့်အရေးရတိုင်း ရေသာခိုနေပြီး ရွှံ့ဗွက်အိုင်ထဲတွင် ပျော်ပါးနေရသည့်ကိုပင် အပျော်ကြီးပျော်နေခဲ့ပေသည်။

ဘဝကိုဤကဲ့သို့ ဖြတ်သန်းနေရသည်မှာလည်း မဆိုးလှဟု စုန့်ချီခံစားမိသည်။ ရွှေမြို့တော်ထဲတွင် သူနှင့်အဆင့်အတန်းတူပြီး ညင်သာသိမ်မွေ့ကာ ဂရုစိုက်ပေးတတ်သည့် ဇနီးလေးတစ်ယောက်ရှာနိုင်လျှင်တော့ ပိုကောင်းလိမ့်မည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now