၀၅၅

1.6K 367 20
                                    

အခန်းတွင်း၌ တိတ်ဆိတ်မှုသာ ကြီးစိုးလာသည်။

စုန့်ချီ ချင်ယွိကို တစ်ချက်ကြည့်လိုက်သည်။ ချင်ယွိသည် သူမ၏မျက်နှာအမူအရာကို အတတ်နိုင်ဆုံး ချုပ်တည်းဖို့ကြိုးစားနေပါသော်လည်း စုန့်ချီကမူသူမ၏မျက်လုံးများ ပျော်ရွှင်ရိပ်သန်းသွားမှုကို မြင်ဖြစ်အောင်မြင်လိုက်သည်။ သူမ၏မျက်ဝန်းတောက်တောက်များက ရုန်ပိုင်အား လေးစားကြည်ညိုသဖွယ် ကြည့်နေ၏။

ရုန်ပိုင်က သဘောထားကြီးစွာနှင့် ခွင့်ပြုပေးလိုက်သဖြင့် စုန့်ချီသည် သုံးဦးကြားလေထုကို သက်တောင့်သက်သာဖြစ်သွားအောင် ဖာသိဖာသာဖြင့် ရှင်းပြချက်ထုတ်ပေးလိုက်သည်။

" သူကလည်း ကျွန်တော့်လိုပဲ မိစ္ဆာဘုရင်နဲ့တွေ့ချင်လို့တဲ့။ လူများများအတူသွားလေ၊ ကူညီဖော်များများရလေပဲပေါ့"

ရုန်ပိုင်ကမူ အနှီစကားခေါင်းစဉ်အောက်သို့ ဝင်မသွား။ ထို့အစား သူက စုန့်ချီကိုသာ ပြောလာ၏။

" စားစရာတွေက အကုန်အောက်ထပ်မှာ၊ မင်း ဗိုက်ဆာနေရင် သွားစားကြမယ်။ မဟုတ်ရင် ကိုယ်တစ်ယောက်ယောက်ကို ခေါ်ပြီး ရှင်းခိုင်းလိုက်တော့မှာ"

" ကျွန်တော်ဗိုက်ဆာပါတယ်၊ သေချာပေါက် ဆာတာပေါ့ "

စုန့်ချီက ပြုံးလျက် ရုန်ပိုင်ဆီသို့ လျှောက်သွားလိုက်၏။

" ကျွန်တော် သုံးရက်တောင် အိပ်ပျော်ထားတာ ဘယ်လိုလုပ် ဗိုက်မဆာဘဲ နေပါ့မလဲ၊ ကျွန်တော် ဗိုက်ဆာလွန်ပြီး ခေါင်းတွေမူးနေတာဖြစ်မယ် "

သူ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်လိုက်သည်။ သူ့ခြေလှမ်းများဟာ တုန်ရီနေဆဲ။ ရုန်ပိုင်က စုန့်ချီ၏ အပြုံးမျက်နှာလေးကို ငေးကြည့်လိုက်ပြီး သူ့မျက်ဝန်းများဟာလည်း ငွေကြယ်ပွင့်များ ပက်ဖြနထားသကဲ့သို့ အပြုံးရိပ်များသန်းလျက် အရည်လဲ့လာသည်။

စုန့်ချီက တံခါးပေါက်ဘက်သို့ ဦးတည်လျက် အပြင်သို့ထွက်လျှောက်သွားသည်။ ရုန်ပိုင်က သူ့နောက်မှ ထပ်ကြပ်မကွာလိုက်လာ၏။ ချင်ယွိတစ်ယောက်တည်းသာ အခန်းထဲတွင် ကြောင်တောင်တောင်နှင့်ကျန်ခဲ့ပြီး အဆုံးမှာတော့ သူမသည်လည်း ပြတင်းပေါက်မှ ခုန်ဆင်းကာ ထွက်ခွာသွားလေတော့သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now