၀၈၉

1.1K 160 21
                                    

အပိုင်း၈၉

အဘွားကြီးက စုန့်ချီနှင့်ခြေဆယ်လှမ်းခန့်အကွာ၌ ရပ်နေသည်။

သူမ၏ရင့်ရော်နေသော မျက်နှာပေါ်တွင် ပါးရေနားရေများတွန့်နေသည်။ သူမသည် တိမ်ဖုံးနေသည့်မျက်လုံးများကို ဖြည်းဖြည်းချင်းပင့်လာပြီး စုန့်ချီအား ခြေဆုံးခေါင်းဆုံးကြည့်လာသည်။

“ နင်အများကြီးပြောင်းလဲသွားတာပဲ ”

အဆုံးတွင် ထိုမျက်နှာပေါ်က ရင်းနှီးနေသည့်အရိပ်အယောင်တစ်စွန်းတစ်စကို စုန့်ချီဖမ်းမိလိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ သူမကို ပြန်မှတ်မိအောင် ကြိုးစား၍စဉ်းစားကြည့်လိုက်သည်။

နာမည်တစ်ခုက လျှာဖျားတွင်ဝေ့လည်လာသော်လည်း စုန့်ချီမှာ ယုံကြည်ဖို့ခဲယဉ်းနေသေး၏။

“ ဘွားဘွားကျိုးလန်၊ ဘာတွေပြောနေကြတာလဲဟင် ”

အနီရောင် အပေါ်ဝတ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ဝတ်ထားသည့် လူငယ်လေးတစ်ယောက်သည် ဘေးတစ်နေရာမှ ရုတ်တရက် ပြေးထွက်လာခဲ့၏။ သူ့လက်သေးသေးများနှင့် ခြေချင်းဝတ်တို့တွင် ပိုးစဖြူတို့ရစ်ပတ်ထားသည်။ လူငယ်သည် ခြေဗလာနှင့်ဖြစ်ပြီး လှုပ်ရှားမှုများက သွက်လက်ဖျတ်လတ်လှသည်။

သိမ်မွေ့နုနယ်ပုံရသောကောင်လေးက စုန့်ချီအား စပ်စုစွာကြည့်ရင်း အဘွား၏လက်ကို ချစ်ခင်စွာဖက်ကာ တီးတိုးပြောလေသည်။

“ ဟိုဒေါသအိုးမမလဲ လာနေပြီတဲ့ ”

စုန့်ချီသည် သုခေါ့အား ကိုင်ထားသည့်လက်ကို ခြေထောက်ဘေးသို့ ဖြည်းညင်းစွာပြန်ချလိုက်သည်။ သူ့အမူအရာမှာတော့ အနည်းငယ် ရှုပ်ထွေးလျက်သား။

" စစ်ထူကျိုးလန်လား။ တကယ်ပဲ မင်းလား "

သူမက ပြုံးတုံ့တုံ့နှင့် ခေါင်းယမ်းသည်။ “လျန်ရှုဟုန်၊ နင်နဲ့ငါက အနေမနီးပေမဲ့ ကျင်းလင်မှာ အတူတူကြီးပြင်လာခဲ့ကြပါ။ နင်ငါ့ကို မှတ်မိဖို့ အဲ့လောက်တောင် အချိန်ယူရတာလား”

စုန့်ချီ ဇဝေဇဝါဖြစ်သွား၏။ “ မင်းက သိပ်ကိုပြောင်းလဲသွားတာကိုး”

FOX DEMON CULTIVATION MANUALWhere stories live. Discover now