၀၄၂

1.8K 430 34
                                    

-Unicode-


ကျန်းလျန်သည် ယခင်ကထက်များစွာ
ပို၍အရပ်မြင့်လာသည်။ သူဟာ မိခင်ဆီမှ အလှတရားကို အမွေဆက်ခံ ရရှိထားခြင်းဖြစ်မည်။ သူဟာ မတ်တပ်ရပ်၍ ကြောင်အမ်းအမ်းလေးသာ ရပ်ကြည့်နေခဲ့သည်။

သူသည် မိန်းမကဲ့သို့မျက်နှာချေမှုန့်များကို လိမ်းခြယ်ထားပြီး သွယ်ပြောင်းသော မျက်ခုံးများ၊ အနီစွေးစွေးနှုတ်ခမ်းများဖြင့် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားရာ မိန်းကလေးသော၊ ယောကျ်ားလေးသော ခွဲခြားမရအောင်ကိုရှိ၏။

သူဟာ ရထားလုံးပေါ်မှ ဆင်းလာပြီး အခြားသူများနည်းတူ ရပ်လျက်နေသည်။ သူတို့အား ဦးဆောင်သူမှာ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ယောက်ဖြစ်၏။ သူမဟာ မြေပြင်ပေါ်သို့ခြေချလိုက်သည်နှင့် စွာကျယ်ကျယ်အော်သံက ထွက်လာတော့၏။

" အဲ့သတ္တဝါလေးက ဘယ်ကရောက်လာတာတုန်းဟဲ့
လမ်းမပေါ်မှာ ပြေးချင်တိုင်းလျှောက်ပြေးနေတော့တာပဲ
မြန်မြန်လိုက်ဖမ်းကြလေ ! "

အမျိုးသမီးကြီးမှာ ဒေါသခိုးများလျှံလျက်ရှိသည်။ သူမ၏ဆူဖြိုးဖြိုးမျက်နှာဟာ ဒေါသကြောင့်နီမြန်းလျက်ရှိပြီး ဆွေ့ဆွေ့ခုန်လျက် ခွေးနက်ကြီးအား စိန်းစိန်းဝါးဝါး လက်ညှိုးညွှန်နေသည်မှာ
ခွေးအား လမ်းဘေးတင် ဒယ်အိုးထဲထည့်ကြော်ပစ် တော့မည့်အလားပင်။

သူမ၏အစေခံများလည်း ခွေးကိုစုစုရုံးရုံးနှင့် လိုက်ဖမ်းကြလေတော့သည်။ ခွေးကအတော်လေးကြီးကာ သန်မာပြီး ဟောင်သံကလည်း ဟိန်းထွက်လျက်ရှိသည်။ ၎င်းက အလွန်ကြမ်းကြုတ်ပုံပေါ်သောကြောင့် တောင့်တောင့်ခိုင်ခိုင် လူသန်ကြီးများဖြစ်လင့်ကစား ၎င်းအနားကို ကပ်ဖို့မဝံ့ရဲကြပေ။ ရပ်ကြည့်နေသူများပင် ကြောက်ကြောက်လန့်လန့်နှင့် ဘေးသို့ရှဲသွားကြသည်။

"ရပ်လိုက်စမ်း! "

အော်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ငါ့ခွေးကို ဘယ်သူကထိခွင့်ပြုလို့လဲ ! "

စုန့်ချီနှင့် လူတစ်အုပ်တို့လည်း အသံလားရာဘက်သို့ကြည့်လိုက်သော် လမ်းကြားတစ်ခုမှ  အလျှိုလျှိုထွက်လာကြသော လူငယ်လေးတစ်စုကို တွေ့လိုက်ကြရသည်။ ထိုလူငယ်လေးများအားလုံးသည် သားသားနားနားဝတ်စုံများဝတ်ဆင်ထားကြပြီး ချမ်းသာသောမျိုးရိုးမြင့်အိမ်တော်များမှ ပေါက်ဖွားလာကြဟန်တူသည်။

FOX DEMON CULTIVATION MANUALUnde poveștirile trăiesc. Descoperă acum