၀၄၃

1.5K 352 8
                                    

-Unicode-

ဤရုန်ပိုင်မှာ စုန့်ချီနှင့် စိမ်းသက်နေသော ရုန်ပိုင်ဖြစ်သည်။
ကောင်းကင်ဘုံမှ သက်ဆင်းလာသကဲ့သို့  အမတနတ်တစ်ပါးအရှိန်အဝါနှင့် အနှီယောကျ်ားပျိုသည် ဤမျှလောက် သူ့အပေါ် သူစိမ်းဆန် မအေးစက်ဖူးပေ။ ပထမဆုံး ဆုံတွေ့စဉ်ကပင် လေးတွဲ့တွဲ့နှင့် ပြုံးပြခဲ့သေးသည်။

စုန့်ချီသည် ခဏတစ်ဖြုတ်ကြာ တွေဝေနေပြီးနောက်မှ ပြန်ဖြေလိုက်လေ၏။

"သခင်လေးက အရမ်းကြည့်ကောင်းနေလို့ပါ "

သူ့စကားကြောင့် ရုန်ပိုင်၏နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွှတ်သွားသည်။ မျက်လုံးများမှာတော့ အသက်မပါလှ။
သူက လှောင်ထေ့ထေ့ဆိုသည်။

" မင်းလောက်တော့ ကြည့်မကောင်းပါဘူး "

ရုန်ပိုင်ဟာ သူ့မျက်နှာပေါ်က မိန်းမကဲ့သို့လိမ်းကျံထားသော မျက်နှာချေမှုန့်များကြောင့် လှောင်ရယ်နေခြင်းဖြစ်ကြောင်း စုန့်ချီပြောနိုင်ပေသည်။ သို့နှင့် သူသည် ချောင်းဟန့်လိုက်ပြီး အကြည့်များကို သွေဖယ်လိုက်သည်။

သခင်ရုန်ကတော့ သခင်ရုန်ပါပဲဗျာ။ ယခုအခါ ဖုန်းကျော့ကျွင်းဖြစ်နေခဲ့ပေမယ့်လည်း ခန့်ညားချောမောမှုများက မျက်နှာလွှဲချင်စရာတောင်မကောင်း။

သခင်ငယ်လေးက အခြွေအရံများကို ခွေးအားထိန်းထားရန် အမိန့်ပေးလိုက်ပြီး ဝဝဖိုင့်ဖိုင့်အမျိုးသမီးကြီးအား အကြည့်စူးစူးတစ်ချက်ပစ်လွှတ်ကာ ရုန်ပိုင်အား လှမ်းပြောလိုက်လေ၏။

" အစ်ကို သွားကြစို့ ! "

သူဟာ တရားသူကြီးအိမ်တော်မှ သခင်လေးဖြစ်ကြောင်း စုန့်ချီထံမှကြားပြီးနောက်တွင် အမျိုးသမီးကြီးမှာ သူမပါးစပ်ကို ပိတ်ထားလိုက်ပြီး တောင်းပန်တိုးလျှိုးသော အပြုံးဖြင့် မျက်နှာကိုငယ်ချထားလေသည်။

စုန့်ချီ၏ ဝင်ရောက်စွပ်ဖက်လိုက်ခြင်းကြောင့်
သူတို့နှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် သံကုန်ဟစ် ရန်ဖြစ်ဆဲရေးခြင်းမလုပ်ကြတော့။ ဤသည်က မူလအခြေအနေနှင့် လုံးလုံးလျားလျား လမ်းလွဲသွားစေသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now