၀၅၀

1.7K 342 5
                                    

••••UNICODE••••

အပြင်းအထန်အရိုက်ခံရအပြီးတွင် စုန့်ချီ၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာမရသည့် နေရာဟူ၍ မရှိတော့ပါချေ။

အသံ ကျယ်ကျယ်စူးစူးနှင့် မိန်းမကြီးသည် သူသတိလစ်မေ့လဲသွားသည်ကို မြင်လိုက်ရမှ သူမ၏သင်ခန်းစာပေးခြင်းကို ရပ်လိုက်ဟန်ရှိပြီး သူ့အား ပိန်းပိတ်အောင်မှောင်မိုက်နေသော ထင်းတဲထဲသို့ ဖမ်းခေါ်သွားကာ ပိတ်ထားလိုက်ကြသည်။

အနီးအနားမှ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သည်ထက် တိတ်ဆိတ်လာသည်။ စုန့်ချီသည် မြေပြင်ပေါ်ထထိုင်လိုက်ရင်း အသက်ကိုပြင်းပြင်းရှူသည်။ ထိုစဉ် ရုတ်တရက် သူ့နှုတ်ခမ်းက အလိုအလျောက်ရွေ့လျားသွားသည်ကို ခံစားလိုက်ရပြီး အသံတစ်သံက ထွက်လာခဲ့၏။

" မင်းကို ပါဝင်ပက်သက်စေခဲ့ပြီး ဒဏ်ရာတွေရစေမိလို့ တောင်းပန်ပါတယ် "

စုန့်ချီ ကြောင်သေ သေသွားသည်။ သူ မျက်ခုံးတို့ ပင့်မြှောက်လိုက်၏။

" ခင်ဗျားက...ကျန်းလျန်လား "

" ဟုတ်ပါတယ်၊ ကျွန်တော်က မင်းရဲ့ခန္ဓာကိုယ်ထဲမှာလေ "

သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ခံနေရသည့်ခံစားချက်က အနည်းငယ် ကသီကလင်နိုင်စေသည်။ အပြင်ဘက်ကသာ ကြည့်လာလျှင် သူသည် တစ္ဆေသရဲအပူးခံနေရသကဲ့သို့ တစ်ကိုယ်တည်းစကားပြောနေသည်ဟုသာ ထင်ကြလိမ့်မည်။

" ဒါက ဘယ်နေရာလဲ "

စုန့်ချီ မေးလိုက်သည်။

" ဒါက အထိန်းအကွပ်မဲ့နေတဲ့ ကစားပွဲတစ်ခုပါ
မင်း ခုနလေးကတင် ကြုံခဲ့ပြီးပြီလေ.ဒါက နောက်ကျန်ရှိနေတဲ့ အပိုင်းတွေပေါ့..မင်းက ဒီကစားပွဲကို ကိုယ်တိုင် ကျော်ဖြတ်မှပဲရတော့မယ်.ကျွန်တော်ထင်မထားခဲ့ဘူး မင်းကျွန်တော့်ကို လာရှာပြီး ဝင်ပါခိုင်းလိမ့်မယ်လို့လေ "

နှုတ်တစ်ခုထဲက တူညီစွာထွက်လာခဲ့သော အသံပင်ဖြစ်သော်ငြား ကျန်းလျန်၏အသံအနေအသံထားက များစွာပို၍ နူးညံ့သိမ်မွေ့လေသည်။

စုန့်ချီ သူ့အား ဘာပြန်ပြောရမည်မှန်း မသိတော့ပါချေ။ ဤကဲ့သို့သော အခြေအနေတွင် သူသည် ကျန်းလျန်အား အနည်းငယ် စိတ်မချဖြစ်မိသည်။ဘာကြောင့်မှန်းတော့ သူမသိချေ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now