၀၅၂

1.4K 352 14
                                    

UNICODE

သေတ္တာပေါ်တွင် ဖုန်တင်ညစ်ပေနေခြင်း သိပ်မရှိ။ သိသာစွာပင် သေတ္တာက ဤနေရာတွင် ထားရှိခဲ့သည်မှာ သိပ်မကြာသေးကြောင်း ယူဆ၍ရသည်။ သေတ္တာကို ကုတင်ပျဉ်ချပ်များအောက်မှ ဆွဲထုတ်ဖို့ စုန့်ချီအတွက် အင်အားအများကြီးမသုံးလိုက်ရ။

စုန့်ချီ မျက်လွှာချကာ သေတ္တာကို ကြည့်နေရင်း ပြန်ပြောင်းတွေးတောနေမိသည်။

ဖုန်းကျော့ကျွင်း၏ ကတိဆိုသည့်အရာကို ဤအခန်းထဲတွင် ဝှက်ထားခဲ့ကြောင်း ဝမ်ချန်ချူးကပြောခဲ့သည်။

ကျန်းလျန်ပြောခဲ့သည့်စကားက ဖုန်းကျော့ကျွင်းသည် သွေးချည်မျှင်နှင့်ရက်လုပ်သော မင်္ဂလာဝတ်စုံတစ်စုံကို သူ့အတွက် ဖန်တီးပေးမည်ဟု ကတိပေးခဲ့သည်ဟူ၍။

သွေးချည်မျှင်ဟူသည် မည်သို့သောအရာမှန်း စုန့်ချီ မသိပါချေ။ သို့သည့်တိုင် သူပြောနိုင်သည်က ၎င်း၏အမည်အတိုင်း သွေးကဲ့သို့အရောင်အဆင်းနှင့် ချည်ထည်ပဲဖြစ်လိမ့်မည်။ ၎င်းက ကျိန်းသေပင် အဖိုးအနဂ္ဃထိုက်လိမ့်မည်။ သို့မဟုတ်ပါက ဖုန်းမျိုးနွယ်၏ အကြီးဆုံးသား၊ သခင်လေးဖုန်းဟာ သည်လိုအရာမျိုးနှင့် ပေါပေါပဲပဲ ကတိကဝတ်ပြုခဲ့လိမ့်မည်မဟုတ်ပေ။

အတွေးရေယာဉ်ကြောများ တစ်သီတစ်သန်းဖြင့် စုန့်ချီသည် ကြေးမှုံဘိုးဘိုး၏ ကြေးမှုံထဲတွင်မြင်ခဲ့ဖူးသည့် ဒုတိယမြောက်မြင်ကွင်းကို ပြန်လည်အမှတ်ရမိသွား၏။ ကြေးမှုံထဲတွင် သူဟာ သွေးကဲ့သို့ နီမြန်းသော မင်္ဂလာဝတ်ရုံနီကို ဝတ်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ လှပကြွရွသော အရောင်အဆင်းက စုန့်ချီ ဘယ်သောအခါမှ မမြင်ခဲ့ဖူးသော အရောင်အဆင်းပင်ဖြစ်သည်။ ဖြစ်တန်ရာသည်မှာ ယင်းသည် သွေးချည်မျှင်ဖြင့် ချုပ်လုပ်သော မင်္ဂလာဝတ်စုံဖြစ်မည်။

သွေးချည်မျှင်မင်္ဂလာဝတ်စုံရှိနေခြင်းသည် ဖုန်းကျော့ကျွင်းဟာ သူ့ကတိကို တည်ခဲ့သည်ဟု ဆိုလိုသည်။ ထိုသို့ဆိုလျှင် ဤသေတ္တာထဲတွင် တည်ရှိမည့် ပစ္စည်းက ဖြစ်နိုင်သည်မှာ........

စုန့်ချီ သေတ္တာ၏အဖုံးကိုလှန်ဖွင့်လိုက်သည်။ အနီရောင် မင်္ဂလာဝတ်ရုံသည် ရွှေရောင် ပြိုးပြိုးပြက်ပြက်လင်းလက်လျက် မြင်လွှာရှေ့ ပေါ်လာသည်။

FOX DEMON CULTIVATION MANUALOnde as histórias ganham vida. Descobre agora