၀၁၁

2K 434 7
                                    

စုန့်ချီ ခေါင်းငုံ့၍ ကျိုးနွံစွာ နောက်ဆုတ်လိုက်သည်

.......

မျက်ဝန်းလှလှတစ်စုံသည် အေးစက်မှုဖြင့်အတိပြီး၏။
ဒေါသကြီးနေသည့် မော့ယောင်ဂိုဏ်းသားမှာ ချက်ချင်းတွန့်ဆုတ်သွားပြီး ခြေနှစ်လှမ်းခန့်
နောက်ဆုတ်မိသွားသည်။

ယဉ်ကျေးသည့်ဂိုဏ်းသားက စုတ်တံကိုချကာ ထရပ်လိုက်ပြီး ပြောလေ၏။

" ရှစ်တိ, မင်းအရမ်းပင်ပန်းနေပြီထင်တယ်.
အနားသွားယူလိုက်တော့နော်.
အစ်ကိုမင်းနေရာမှာ တခြားတစ်ယောက်ကို
ခေါ်လိုက်မယ် "

ဂိုဏ်းသားအငယ်သည် ရုန်ပိုင်၏မျက်လုံးများထဲတွင် ခြေချုပ်ကျနေမိသလို ဖယ်ခွာ၍မရဘဲ စိုက်ကြည့်နေမိဆဲ။
ပို၍အချိန်ကြာကြာစိုက်ကြည့်လေ ကျောချမ်းဖွယ် အေးစက်မှုများက သူ့အားလွှမ်းမိုးထားလေဖြစ်သည်။
ဆရာတူအစ်ကိုက သူ့မျက်နှာရှေ့လက်ကိုဝှေ့ယမ်းလာမှ အသိစိတ်ပြန်ကပ်လာရသည်။

သူဟာ စိတ်ခြောက်ခြားစွာဖြင့် မုခ်တံခါးအတွင်းသို့ အသည်းအသန်ထွက်ပြေးသွားခဲ့သည်။

ယဉ်ကျေးသည့် ဂိုဏ်းသားက ယခင်ဂိုဏ်းသားနေရာတွင် အခြားတစ်ယောက်ကို အစားထိုးခေါ်လိုက်ပြီးနောက်
စုန့်ချီဘက်လှည့်၍ ပြုံးပြလာသည်။

" ငါ့ရဲ့ဆရာတူညီလေးက ဒေါသကြီးတတ်လို့ပါ.
မင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင်
တောင်းပန်ပါတယ် "

စုန့်ချီ သူ့ကိုချက်ချင်းမှတ်မိသွားသည်။ ဤယဉ်ကျေးသည့် ဂိုဏ်းသားလေးသည် ယမန်နေ့တွေကမှ သူနှင့်လဲ့ယွီမြို့တွင်
ဆုံခဲ့သည့် မော့ယောင်ဂိုဏ်းသားနှစ်ယောက်ထဲမှ တစ်ယောက်ပဲဖြစ်လေသည်။

ဘယ်လိုတောင် ကံဆိုးလိုက်တဲ့ ကောင်လေးပါလိမ့်ဟုသူတွေးမိသည်။ ဆရာတူအစ်ကိုကလည်း စိတ်ကလက်တစ်ဆစ်၊ ဒေါသကကြီးသေး အခုဆရာတူညီလေးကလည်း ဘာထူးသလဲ။ သနားစရာဂိုဏ်းသားလေးကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေရသည့်နေ့ဟူ၍ မရှိလောက်ပေ။

ရုန်ပိုင်က စားပွဲပေါ်တွင် ခပ်ခပ်ဖွဖွလေးသာ တင်ထားသည့် လက်ကိုပြန်ရုတ်လိုက်သည်။ သူက ချိုမြိန်စွာပြုံးပြလာပြီး ပြော၏။

FOX DEMON CULTIVATION MANUALWhere stories live. Discover now