၀၃၄

1.5K 426 24
                                    

ရုန်ပိုင်ဟာ စုန့်ချီ၏စိတ်အတွင်းပိုင်းထိပါ အနည်းနှင့်အများ သိရှိနားလည်နေခဲ့ပြီးသားဖြစ်၏။

စုန့်ချီစကားဟမလာခင်မှာပင် သူဟာ ကြေးမှုံအဘိုးအိုနှင့်ပက်သက်ပြီး ပြောလိုနေသည်ကို
ရုန်ပိုင်က ခန့်မှန်းနိုင်ခဲ့လေသည်။

စုန့်ချီဟာ သူ့အရှေ့မှ သေရည်ခွက်ကို မျက်လွှာချကာ ငုံ့ကြည့်လိုက်သည်။ နောက်တစ်ခွက်လောက် သောက်ရုံမျှဖြင့် ဣန္ဒြေပျက်လောက်အောင်ထိ မမူးလောက်ပါဟု ယူဆလျက် သေရည်ခွက်ကို တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။ သူဟာ အနည်းငယ် အလျင်စလိုသောက်လိုက်သည်ကြောင့် သီးပင် သီးသွားလေသည်။ သူသည် ချောင်းတစ်ဟွတ်ဟွတ် ဆိုးလိုက်သည်နှင့် နဂိုဖြူသောမျက်နှာချောချောဟာ နီမြန်းလာပြီး မျက်ဝန်းများတွင် မျက်ရည်များပါ ဝေ့သီလာသည်။

ချောင်းဆိုး၍ပြီးမှ သူ့ဝတ်ရုံလက်ဖြင့် ပါးစပ်ကိုသုတ်လိုက်ပြီး
ရုန်ပိုင်အား မေးလိုက်သည်။

" ကျွန်တော်တို့ ဖုန်းအိမ်တော်ကိုသွားကြည့်လို့ရမလား "

ရုန်ပိုင်က သူ၏နွမ်းနယ်ကာရစ်ထွေနေသော မျက်နှာကို ကြည့်လာပြီး ခေါင်းငြိမ့်ပြသည်။

"ရတာပေါ့.ဒါပေမယ့် မနက်ဖြန်မှ သွားရမယ် "

မှန်ပေ၏။ စုန့်ချီသည်လည်း ယခုချက်ချင်း အလျင်စလိုသွားလိုနေခြင်းမဟုတ်ပေ။ သူသည် ထရပ်လိုက်ပြီး အမူးသမားကြေးမှုံအဘိုးအိုကို ကူတွဲလိုက်သည်။

"ဒါဆိုကျွန်တော်တို့ တည်းခိုဆောင်အရင်ရှာကြရအောင်
ကျွန်တော်ထပ်ပြီး မသောက်နိုင်တော့ဘူး...."

သူဟာ အနည်းငယ်ရစ်ထွေနေခဲ့သော်ငြား သူ့လှုပ်ရှားမှုများက သွက်လက်နေဆဲဖြစ်သည်။ သူဟာ ကြေးမှုံဘိုးဘိုးကို ပုခုံးပေါ်တွင် တွဲ၍ ယိမ်းထိုးလျက် တံခါးဆီသို့လျှောက်သွားသည်။ ဆိုင်ထဲမှ မထွက်ခွာခင် ငွေအသပြာအနည်းငယ်ကို စားပွဲပေါ်တင်ထားခဲ့ဖို့လည်း သူမမေ့ပေ။

ရုန်ပိုင်သည် သူ၏ယိုင်တိယိုင်တိုင်ခြေလှမ်းများကို ဘယ်အချိန်လဲကျမလဲ ဟူသောအကြည့်ဖြင့် ကြည့်နေသည်။ သို့သော်လည်း စုန့်ချီဟာ ဆိုင်ပေါက်ဝရောက်သည်အထိ ကြေးမှုံဘိုးဘိုးကို မြဲမြံစွာတွဲကူနိုင်ခဲ့လေသည်။ ရုန်ပိုင်က သူတို့နောက်လိုက်မလာကြောင်း သိသွားချိန်တွင် သူကခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ရုန်ပိုင်အား လက်ယပ်ခေါ်လိုက်သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now