၀၂၇

1.5K 352 14
                                    

မိစ္ဆာအမှောင်ထုကြီး လျှပ်စီးမိုးကြိုးများကဲ့သို့ မြေပြင်ပေါ်သို့ပြိုဆင်းကျလာခြင်း

........

ဆံကျစ်လေးက စုန့်ချီ၏ခြေရင်းသို့ တလိမ့်လိမ့်ကျလာသည်မို့ သူငုံ့ကြည့်လိုက်မိ၏။

အချိန်တွေ အများကြီးကြာသွားခဲ့တာကြောင့် ချင်းယွမ်က ဖုချီအမြဲတပ်ဆင်လေ့ရှိသည့် ဤဆံကျစ်လေးကို မမှတ်မိတော့သည်လား။ သူကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးခဲ့သည့်အရာကို သူမှတ်မိသင့်သည်
မဟုတ်ပါလား ?

စုန့်ချီက ဆံကျစ်ကိုကုန်းကောက်ရန်ပြင်နေသည့် တိုက်ယန်ရှင်းကို မေးရန်ပြင်လိုက်သည်။ ကြည့်ရဆိုးလှသော သူ့လက်ဖျံပေါ်မှဒဏ်ရာက သွေးများတရစပ် ယိုစီးကျနေပြီး ဝတ်ရုံလက်ကို ချင်းချင်းနီသွားစေသည်။

သူက ဆံကျစ်လေးကို ပြန်လည်သိမ်းဆည်းထားလိုက်ပြီး
နောက်လက်တစ်ဖက်က မီးအိမ်ကိုကိုင်ထားသည်။

"ရှစ်တိက ဒီမီးအိမ်ထဲမှာ အချိန်တိုင်းရှိပါတယ် "

ချင်းယွမ် အလွန်အမင်းဒေါသထွက်သွား၏။

"နင် ငါ့ကို.လှည့်စားချင်တိုင်းလှည့်စားလို့ရတဲ့ အရူးတစ်ယောက်လို့မြင်နေတာလား ? အဲ့မီးအိမ်အစုတ်အပြတ်ထဲမှာ လီချီရှိတယ်ဆိုတာ ဖြစ်နိုင်ခြေရောရှိရဲ့လား ?! "

မီးအိမ်ထဲတွင် မိစ္ဆာချိပ်တံဆိပ်ပါရှိနေသည်ကို ချင်းယွမ်က သိပုံမရပေ။.

စုန့်ချီ တိုက်ယန်ရှင်း၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

"နေပါဦး.ကျွန်တော်ထင်တာ ခင်ဗျားပြန်စဉ်းစားသင့်တယ်ထင်တယ် "

တိုက်ယန်ရှင်းက သူ့အား နားမလည်သလိုကြည့်လာသည်။

စုန့်ချီ အလျင်အမြန်ပဲ ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြချက်တစ်ခု ဖန်တီးလိုက်သည်။

"သူက အခုအရမ်းဒေါသကြီးနေတာ..
ခင်ဗျား မစဉ်းစားမဆင်ခြင်နဲ့ပေးလိုက်ရင် သူမီးအိမ်ကို မဖျက်ဆီးပစ်ဘူးလို့ အာမမခံနိုင်ဘူး
သူသာ ဖုချီကိုထိခိုက်အောင်လုပ်မိရင် မကောင်းဘူးမလား "

FOX DEMON CULTIVATION MANUALWhere stories live. Discover now