၀၄၆

1.9K 365 41
                                    

-UNICODE-

စုန့်ချီသည် စိတ်အေးလက်အေးဖြစ်သည့်အချိန်ထိ အမှောင်ထဲတွင် အတန်ကြာအောင်ရပ်နေမိသည်။
ဘာကြောင့်များ နောက်ထပ်မြင်ကွင်းတစ်ခု ပေါ်မလာသေးပါသနည်းဟု စဉ်းစားနေချိန်တွင်
တဒေါက်ဒေါက် ခြေလှမ်းသံများကို ပြတ်ပြတ်သားသားကြားလိုက်ရသည်။

သူသည် အသံလားရာဘက်ကို လှည့်ကြည့်မိလိုက်ရာအမှောင်ထဲမှ လျှောက်လှမ်းလာသော လူတစ်ယောက်ကို မြင်လိုက်ရပြီး ထိုလူ၏မျက်နှာဟာလည်း တဖြည်းဖြည်းပြတ်သားရှင်းလင်းလာသည်။

"ကြေးမှုံဘိုးဘိုးလား"

စုန့်ချီ မသေချာစွာဖြင့် မေးကြည့်လိုက်သည်။

"အဘိုးကဘာလို့...."

အတိအကျပင် ကြေးမှုံဘိုးဘိုးဖြစ်လေသည်။
သူက စုန့်ချီရှိရာသို့ ဆက်လျှောက်လာပြီး သူ့အား စေ့စေ့စပ်စပ်ကြည့်ကာ အံ့အားသင့်သလိုမေးလိုက်သည်။

"မင့်မျက်ခုံးမွှေးတွေ ဘယ်ရောက်ကုန်တာတုန်း"

စုန့်ချီ သူ့မျက်ခုံးမွှေးများကို စမ်းကြည့်လိုက်သော်လည်း တည်ရှိမှုကိုမခံစားရ။ ပြောင်ရှင်းနေသည်။
ဝမ်းနည်းလွန်း၍ သူ မျက်ရည်များပါ
တတောက်တောက်ကျချင်လာသည်။

"ကျွန်တော့်ခေါင်းမွှေးတွေ ပြောင်အောင်ရိတ်ရ
မယ်ဆိုရင်တောင် ကျွန်တော်က ဘာလုပ်နိုင်မှာတဲ့လဲ "

သူ၏ဝမ်းနည်းပက်လက်ဖြစ်နေပုံကို မြင်လျှင် ကြေးမှုံဘိုးဘိုးက စကားလမ်းကြောင်းလွှဲလိုက်
သည်။

"ဘယ်နှခန်းလောက် ကျော်ခဲ့ပြီးပြီလဲ "

ဤစကားကိုဆိုလိုက်ခြင်းက စုန့်ချီ၏မှတ်ဉာဏ်များကို လှုပ်နိုးလိုက်သလိုဖြစ်သွားသည်။ သူပြန်ဖြေရမည့်အစား ပြန်မေးလိုက်သည်။

"အဘိုးနဲ့ကျန်းလျန်နဲ့ကြားမှာ ပက်သက်မှုရှိနေတာလား။ မိတ်ဆွေဟောင်းတွေလား "

မတိုင်ခင်က ကြေးမှုံဘိုးဘိုးသည် ဖုန်းရင်ချိုးကို ကာကွယ်ခဲ့ကတည်းက သူတစ်ခုခုကို ခံစားမိနေသည်။ ဘယ်လိုပဲစဉ်းစားကြည့်ကြည့် ကြေးမှုံဘိုးဘိုးက အသက်ကြီးလှပြီဖြစ်သည်။ မိန်းမငယ်လေးတစ်ယောက်နှင့် ပက်သက်မှုရှိဖို့ဆိုရာသည် ဘယ်လိုမှမဖြစ်နိုင်ပေ။ ဖြစ်တန်ရာသည်မှာ ဖုန်းရင်ချိုး၏ကိုယ်ပေါ်တွင် ပူးကပ်နေသော ကျန်းလျန်နှင့်သာလျှင် ဖြစ်နိုင်ပေသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now