၀၀၃

3K 540 11
                                    

ဒီကောင်ကတော့ ဘာလို့ရန်သွားစနေရတာလဲ

အော်သံက တစ်ညလုံးစာလေ့လာနေသော ကျောင်းသား၏အခန်းမှ လာခြင်းဖြစ်သည်။

ထိုအခြင်းအရာကိုသိသွားသည့်စုန့်ချီမှာ ပြေးနေသည့်အရှိန်ကို တမင်သိသိသာသာ လျော့ချလိုက်သည်။ အနောက်မှလိုက်လာသော မော့ယောင်ဂိုဏ်းသားနှစ်ယောက်မှာတော့ စုန့်ချီကိုကျော်သွား၍ တံခါးကိုဖျက်ကာ အခန်းထဲသို့ဝင်သွားကြသည်။

စုန့်ချီသည် အခန်းထဲသို့မရောက်ခင်ကပင် အနံ့အသက်ပြင်းထန်လှသည့် သွေးညှီနံ့ကိုရလိုက်ရသည်။ မကောင်းတာတစ်ခုခုဖြစ်တော့မည့် အနံ့အသက်မျိုးပင်။

သူသည် မုတ်ဆိတ်ရှည်နှင့်အတူ အခန်းတွင်းသို့ ခြေချလိုက်သည့်အခါ ကြမ်းပြင်ပေါ်၌ ခြေလက်အင်္ဂါများဖြတ်တောက်ခံထားရပြီး ဆိုးဆိုးဝါးဝါးအသတ်ခံထားရသော လူသေအလောင်းတစ်လောင်းကိုတွေ့လိုက်ရ၏။

ထိုအလောင်းကောင်၏ ဝတ်ရုံမှာသွေးများဖြင့်စိုရွှဲနေပြီး ကြက်သွေးရောင်ပင်ပြောင်းနေလေပြီ။ အလောင်းကောင်မှာ မသေခင်က အရေခွံဆုတ်ခွာခံထားရဟန်တူသည်---ဤသည်က သိပ်ကို ရွံရှာကြက်သီးထစရာကောင်းသည်ပင်။

စုန့်ချီ တစ်ချက်သာကြည့်လိုက်ပြီး မျက်နှာမြန်မြန်လွှဲလိုက်သည်။ ထိုစဉ် မုတ်ဆိတ်ရှည်ထံမှ တထိတ်တလန့်အော်သံ ခပ်တိုးတိုးထွက်လာသည်။

မော့ယောင်ဂိုဏ်းသားနှစ်ယောက်၏မျက်နှာများမှာ ဒေါသကြောင့် ပုပ်သိုးမည်းမှောင်နေ၏။ ဂိုဏ်းသားနှစ်ယောက်ထဲမှတစ်ယောက်က ကြမ်းပြင်ပေါ်မှ အလောင်းကောင်၏ ဝတ်ရုံစကို ကောက်ယူကာအနံ့ခံကြည့်လိုက်သည်။ ထို့နောက်သူ၏ ဆရာတူအစ်ကိုထံပြောလေ၏။

"အနံ့မရှိဘူး၊ အလောင်းကောင် မိစ္ဆာပြောင်းသွားမှာကိုပဲ ကျွန်တော်စိုးရိမ်တယ်"

စုန့်ချီ အလောင်းကောင်၏ဝတ်ရုံကို ရှင်းရှင်းလင်းလင်းမြင်ရချိန်တွင် ကနဦးသူထင်ခဲ့သလို သွေးများဖြင့် စိုရွှဲနေခြင်းမဟုတ်ဘဲ ဝတ်ရုံစက နဂိုထဲကအနီရောင်ပဲဖြစ်ကြောင်း သိလိုက်ရလေသည်။ သေချာစေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည့်အခါမှ ဤဝတ်ရုံစဟာ မတိုင်မီက စုန့်ချီ၏ အခန်းတံခါးကိုလာခေါက်သော မိန်းကလေး၏ဝတ်ရုံနှင့်တူကြောင်း သတိပြန်ရမိသွား၏။ အနှီမိန်းကလေးသည် ဤကျောင်းသား၏တံခါးကိုလည်းခေါက်ခဲ့ဟန်တူ၏၊ ကျောင်းသားကတံခါးဖွင့်ပေးလိုက်သည့်အခါ ထိုကဲ့သို့ ကံကြမ္မာဆိုးနှင့်ကြုံတွေ့ရခြင်းဖြစ်မည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now