၀၁၄

1.6K 391 10
                                    

သူ့အသက်မငယ်တော့ဘူးဆိုပေမဲ့  မိန်းကလေးတစ်ယောက်ရဲ့လက်လေးတောင်
မကိုင်ဖူးသေးဘူးလေ
.......

မြေခွေးနှင့်ဝံပုလွေတို့၏ အကြားအာရုံတုန့်ပြန်နိုင်စွမ်းမှာ
အတော်လေးကိုမြင့်မားကြ၏။

ဒါပေမယ့် ကြားရသည့်အသံအရတော့ ကျိန်းသေပေါက် ကောင်းတဲ့ကိစ္စမဟုတ်လောက်။ စုန့်ချီ၏ခြေထောက်များမှာ မြေပြင်ပေါ်မှမရွေ့နိုင်ဖြစ်နေကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။

"ထားလိုက်ပါတော့, ဒုက္ခမရှာပဲနေရအောင်ပါ"

ဝမ်ချန်ချူးကတော့ သေချာပေါက်ကို ကွဲလွဲစွာတွေးတောနေတာဖြစ်သည်။
သူက ကျစ်ခနဲ စုတ်သတ်လိုက်ပြီး---

" ဘာတွေကြောက်နေတာလဲ ?
ငါတောင်မကြောက်ဘူး..
ဒီလိုမျိုး နန်းဆောင်အကြီးကြီးတွေမှာက လျှို့ဝှက်ကြံစည်တာတွေဘာတွေ အလုပ်နိုင်ဆုံးပဲ
ရောက်လာပြီးမှတော့ တစ်ခါလောက် သွားကြည့်ကြရအောင်ပါ "

"မင်းက မော့ယောင်ဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေဖော်ဖို့ ရောက်လာတာလား ? "

စုန့်ချီကဆို၏။

" ခိုးကြောင်ခိုးဝှက်ချောင်းကြည့်တာတွေဆိုတာ သေးသိမ်တဲ့လူတွေပဲ လုပ်တဲ့အလုပ်..
ငါကတော့ ပြန်မယ် "

ဝမ်ချန်ချူးက သူ့အားနားလည်ရခက်သော အကြည့်များဖြင့်ကြည့်လာသည်။

" ဘယ်သူကမင်းကိုဆုံးဖြတ်ခိုင်းလို့လဲ ? "

ဝမ်ချန်ချူးက သူ့ပုခုံးကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး
တရွတ်တိုက်ဆွဲခေါ်သွားသည်။ သူမသိလိုက်ခင်မှာပဲ
ဝမ်ချန်ချူးခေါ်ဆောင်ရာနောက် ကြောင်ကြောင်အအ ဖြင့်သာလိုက်ပါလာရသည်။ မောမောဟိုက်ဟိုက်
ပက်သက်ရှိုက်သံများက ပို၍ပို၍ကျယ်လောင်လာသည်။

ထိုအသံများကြောင့် ဝမ်ချန်ချူးက ညစ်ကျယ်ကျယ် ရယ်ချလိုက်ပြီး ဇဝေဇဝါ ကြောင်တောင်တောင်ဖြစ်နေသည့် စုန့်ချီကိုတစ်ချက်ကြည့်လိုက်သည်။ သူက စုန့်ချီပုခုံးပေါ်က လက်ကိုပြန်ရုတ်လိုက်ကာ နန်းဆောင်ထဲသို့ ဦးဆောင်ဝင်သွားသည်။

FOX DEMON CULTIVATION MANUALNơi câu chuyện tồn tại. Hãy khám phá bây giờ