၀၃၃

1.6K 379 5
                                    

ချင်ချွမ်းက လူတိုင်း ဖုန်းအိမ်တော်၏ အထွေးဆုံးသမီးအကြောင်းကို သိကြသည်။

" လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲ
သူဘာလို့ပြောင်းလဲသွားမှန်း ဘယ်သူမှမသိကြဘူး..
သူအိမ်ကို ပြန်ရောက်လာပြီးကတည်းက
အခန်းထဲမှာပဲ သော့ပိတ်ပြီး တခြားလူတွေနဲ့ တသီးတခြားနေတယ်..သူအရူးတစ်ယောက်လို ဖြစ်သွားတုန်းကဆို ပိုပြီးတော့တောင် ကြောက်စရာကောင်းသေးတယ်.ကျွန်မကြားတာတော့ သူ့အဖေကိုတောင် ဓားနဲ့ထိုးသတ်လုနီးပါးဆိုပဲ "

မိန်းကလေးက သူမအသံကို နှိမ့်ချလိုက်ပြီး တိုးတိုးတိမ်တိမ်ဆိုသည်။

"အခုချိန်မှာ ဘယ်သူကမှ ဖုန်းမျိုးနွယ်နဲ့ မပက်သက်ချင်ကြဘူး "

"သူက မကောင်းဆိုးဝါဝိညာဉ်ပူးကပ်နေတယ်ဆိုတာ အသိသာကြီးပဲ..ဒီအချိန်မှာ ဘာလို့ခင်ပွန်းတစ်ယောက် ရှာရတာလဲ ? "

စုန့်ချီ အံ့အားသင့်မိသည်။

" ဒီလိုမျိုး လူသိရှင်ကြားတောင် လုပ်လိုက်သေးတယ် "

" မတိုင်ခင်က တောက်ဓမ္မရဟန်းတစ်ပါး လာသွားပြီးတော့
ဖုန်းအိမ်တော်ရဲ့အထွေးဆုံးသမီးက မကောင်းဆိုးဝါးဝိညာဉ်ပူးကပ်နေတယ်လို့ ပြောသွားတယ်
မိစ္ဆာကိုနှင်နိုင်ဖို့အတွက် ထိန်းမြားမင်္ဂလာပွဲ လုပ်ပေးရမယ်လို့ ဆိုတယ်လေ..အဲ့ဒါကြောင့်မို့ပဲ ဖုန်းအိမ်တော်က ခင်ပွန်းလောင်းရှာဖို့အတွက် ချည်လုံးပစ်ကြတာပေါ့..
ဖုန်းအိမ်တော်က သူတို့ရဲ့ ဩဇာအာဏာကို သုံးပြီးတော့
ခုနက လူငယ်လေးတွေကို ဒီမှာလာစုဝေးခိုင်းတာလေ "

မိန်းကလေးက သက်ပြင်းချသည်။

"တကယ်ဆို ဘယ်ကခင်ပွန်းလောင်းရှာတယ်ဖြစ်ရမှာလဲ ?
ခင်ပွန်းလောင်းရဲ့အသက်ကို နုတ်ယူချင်နေတာ အသိသာကြီးပဲကို "

ချည်လုံးထိမိသွားသည့် ကောင်လေးဟာ ဤမျှနင့်နင့်သည်းသည်း ငိုကြွေးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ လက်စသတ်တော့ ဤသည်က ပျော်ရွှင်စရာကြည့်ပွဲတစ်ခု ဟုတ်မနေခဲ့ပါချေ။

" ပြောရရင် ဖုန်းအိမ်တော်က အတော်လေးကို ဩဇာညောင်းတာကြောင့် လူငယ်လေးတွေကို ချည်လုံးပစ်မယ့်အောက်မှာ စုဝေးခိုင်းထားကြတယ်ပေါ့ "

FOX DEMON CULTIVATION MANUALWhere stories live. Discover now